Friday, March 13, 2015

ရုံတင်ရက်မရ၍ လော်မင်္ဂလာဇာတ်ကား လေးနှစ်ခန့်ကြာမှ ပြသရ

ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးမှ ၂ဝ၁၁ ခုနှစ်တွင် ရိုက်ကူးပုံဖော်ခဲ့သည့် လော်မင်္ဂလာရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်)တွင် ရန်ကုန်၊ မန္တလေးမြို့များ၌ စတင်ရုံတင်ပြသတော့မည် ဖြစ်သည်။


လော်မင်္ဂလာရုပ်ရှင်ကား ပိုစတာ။

လော်မင်္ဂလာရုပ်ရှင် ဇာတ်ကားသည် ၂ဝ၁၁ခုနှစ်ကတည်းက ရိုက်ကူး ထားသည့် ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ၂ဝ၁၅ခုနှစ်မှ ရုံတင်ပြသ ခွင့်ရခြင်းဖြစ် သည်။လော် မင်္ဂလာ ဇာတ်လမ်း မှာဆွေမင်း (ဓနုဖြူ)၏ မြိုင်ရာဇာ တွတ်ပီ ရုပ်ပြဖြစ်ပြီး ဖိုးသာအောင်က ဇာတ်လမ်းပြန်လည် တည်ဆောက် ထားခြင်းဖြစ်ကာ ဇာတ်ညွှန်းကို လူရွှင်တော် ချစ်စရာ(မန္တလေး) ၊ကျောင်းဆရာလေး ကိုကြည်နိုင်၊ လူရှိန်အောင်တို့ ကရေးသား ထားကြသည်။လော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကားသည် မြိုင်ရာဇာ တွတ်ပီရုပ်ပြကာတွန်း ကိုအခြေခံကာ ရွာသူရွာသားများ၏ စည်းလုံးညီညွတ် မှုများကို ထည့်သွင်း ရိုက်ကူးပြသ ထားပြီး ဒုဋ္ဌဝတီမြစ်ကမ်းဘေး၌ ရှိသည့်ရွာတွင် သွားရောက် ရိုက်ကူး ထားခြင်းဖြစ်သည်။

ဇာတ်လမ်းမှာ တွတ်ပီနှင့်ဗိုက်ကလေးတို့၏ သူကြီးနှင့်အထင်အမြင်လွဲပုံများကို ဟာသပုံစံရိုက်ကူးထားခြင်းဖြစ်သည်။ ထိုဇာတ်ကားကို ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သည့် ဒါရိုက်တာအကယ်ဒမီ ထွန်းအောင်ဇော်က ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ်ရန်အောင်၊ လူမင်း၊နောင်နောင်၊ ဖိုးချစ် ၊မေ သန်းနု၊ မေသဉ္ဇာဦး၊ မေသက်ခိုင်၊ အိချောပိုတို့နှင့်အတူ ဟာသသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သည်။

ယင်းဇာတ်ကား၌ တွတ်ပီအဖြစ် သရုပ်ဆောင်လူမင်းက ပါဝင်သရုပ်ဆောင်ထားကာ ဗိုက်ကလေးအဖြစ် ဖိုးချစ်က သရုပ်ဆောင်ထားကာ မသေးမျှင်နေရာ တွင် သရုပ်ဆောင်မေ သဉ္ဇာဦးက သရုပ်ဆောင် ထားသည်။

လော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကားသည် သရုပ်ဆောင်မောစ့် မကွယ်လွန်ခင်က ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ၎င်းလည်း ပါဝင်သရုပ်ဆောင် ထားသည်။

Mizzima

0 comments:

Post a Comment