Wednesday, March 18, 2015

စီးပွားရေးအနေနဲ့ အပ်ချုပ်ဆိုင်ဖွင့်ဖြစ်တဲ့ မေကဗျာ


ဒါရိုက်တာသားညီ ရိုက်ကူးနေတဲ့ "ရွှီရှောင်" ဇာတ်ကားကို မေကဗျာက မင်းသွေးနဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ မေကဗျာက ဆရာမအဖြစ် သရုပ် ဆောင်ထားပါတယ်။ မေကဗျာက ဇာတ်ကားရိုက် ကူးမှုတွေကို ခဏနားထားပြီး ကိုယ်ပိုင်စီးပွားရေးလေးကို အချိန်ပေးပြီး လုပ်ဖြစ်နေပါတယ်။ အလုပ်ထဲကို အချိန်ပေးဖြစ်နေတဲ့အတွက် ဇာတ်ကားတွေမရိုက်ဖြစ်ရ ခြင်းအကြောင်းကို မေကဗျာက.." ကဗျာက အခုမှဒီဇာတ်ကားလေးကို ပြန်ရိုက်ဖြစ်တာပါ။ ကဗျာ လုံးဝကြားထဲမှာနားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာစီးပွားရေးလုပ်ဖြစ်နေလို့ပါ။ အလုပ်ထဲကိုပဲ
တောက်လျှောက်အချိန်ပေးဖြစ်နေတယ်။ အနုပညာကိုကျတော့ သီချင်းဆိုတာတို့၊ အငြိမ့်ကတာတို့ကို ပိုလုပ် ဖြစ်နေတယ်။ စီးပွားရေးလုပ်နေတာက ကဗျာ အင်္ကျီချုပ်ဆိုင်လေးဖွင့်ထားတာပါ။


ဆိုင်နာမည်က Much & More ပါ။ မြင်သာ (၁၁)လမ်း၊ တောင် ဥက္ကလာမြို့နယ်၊ ကညနရုံး နားမှာပါ။ ကဗျာတို့က ဆိုင်မှာပိတ်စတွေ၊ အထည်တွေတော့ မတင်ဘူး။ ဒါပေမဲ့ ဃကျအသာနမ တွေလိုချင်တဲ့ ပိတ်စတွေကိုဝယ်ပေးတယ်။ တစ်ခါတည်း စီစဉ်ပြီးတော့ ချုပ်ပေးတယ်။ ဆိုင်မှာလည်း ကဗျာတို့ အနုပညာညီအစ်မတွေ လာပြီးချုပ်ကြတယ်။ အားပေးကြတယ်။ အပြင်က Customer တွေလည်းလာပြီးအားပေးကြတယ်။ အဲဒီအတွက်လည်း တအားကို ကျေးဇူးတင်ပါတယ်။ ဆိုင်ကတော့ ကဗျာက အခုမှစဖွင့်တာဆိုတော့ ကြော်ငြာတာတွေ၊ ဆိုင် ဖွင့်ပွဲလုပ်တာတွေ သေချာတော့ မစီစဉ်ဖြစ်သေးဘူး။ ဝတ်စုံတွေကတော့ အစုံချုပ်တယ်။ ပွဲထိုင်တွေရော၊ Dress တွေလည်းချုပ်တယ်။

မြန်မာဝတ်စုံတွေလည်းချုပ်တယ်။ အစုံချုပ်ပေးပါတယ်။ ကဗျာဖွင့်ထားတာ
နှစ်လလောက်တော့ရှိပါပြီ။ လုပ်ငန်းက အခုမှစပြီးလုပ်ဖြစ်နေတာ ကြောင့် ပိုပြီးတော့ စီးပွားရေးကို အချိန်ပေးလုပ်ဖြစ်နေပါတယ်။ အနုပညာအလုပ်လေးတွေကို တတ်နိုင် သလောက်လေး
လုပ်သွားမှာပါ" လို့ ပြောပါတယ်။ စီးပွားရေးလုပ်ဖြစ်နေတာကြောင့် အရင်လိုတော့ ဇာတ်ကားတွေကို မရိုက်ဖြစ်တော့ဘဲ သေချာလေး ဇာတ်ကောင်းပြီး လုပ်ကွက်ရတဲ့ ဇာတ်တွေကိုပဲ ဦးစားပေးရိုက်ဖြစ်တော့မယ်လို့ မေကဗျာက ဆိုပါတယ်။

" ကဗျာ အရင်တုန်းကဆိုရင်တော့ တခြားအလုပ်မရှိတဲ့အတွက်ကြောင့် ဒီကားရိုက်ကိုပဲ လာသမျှတွေကို အကုန်နီးပါးရိုက်ဖြစ်တယ်။ အခုကျတော့ ကိုယ့်စီးပွားရေးလေးလည်း လုပ်ဖြစ်နေတဲ့အခါကျတော့ ဇာတ် လမ်းလေးတွေကို သေချာလေး နည်းနည်းရွေးချယ်ပြီးတော့ ရိုက်ကူးဖြစ် နေတယ်။ အခုနောက်ပိုင်းတော့ ကားတိုင်းမရိုက်ဖြစ် တော့ဘူး။ တစ်လကို
တစ်ကားလောက်ပဲ ရိုက်ဖြစ်တော့မယ်။ အခုတော့ ကဗျာ နှစ်လလောက်ရှိပြီ။ မရိုက်ဖြစ်တာကလေ။ တစ် ဖက်မှာလည်း စီးပွားရေးက အခုမှစတော့ အချိန်ပေးရတယ်။ ကိုယ် မရှိလို့မဖြစ်ဘူးလေ။ အဲဒါကြောင့် အနုပညာအလုပ်ကိုလည်း လုံးဝ မလုပ်တော့တာတော့ မဟုတ်ပါဘူး။ ကိုယ်နိုင်သလောက် လေးတော့ လုပ်သွားမယ်" လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Popular Journal

0 comments:

Post a Comment