Monday, March 16, 2015

နိုင်ငံတော်သမ္မတပညာသင်ဆု ရေးဖြေစာမေးပွဲအောင် ဇွန်သဉ္ဇာနှင့်တွေ့ ဆုံခြင်း


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
''ပညာသင်ဆုမရခဲ့ဘူးဆိုရင်တော့ အရင်အတိုင်းပဲ ဇွန်သဉ္ဇာကို မြင်တွေ့ ရမှာပါ''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[--နွေးနွေးတွေ့ဆုံမေးမြန်းသည် --]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ မတ် ၁၅-နိုင်ငံတော် သမ္မတပညာတော်သင်ဆုရေးဖြေ စာ မေးပွဲအောင်မြင် သူများထဲတွင် ပါဝင် ခဲ့သည့် ဇွန်သဉ္ဇာနှင့် အခုလိုတွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။မေး။ ။သမ္မတပညာသင်ဆုဝင်ရောက် ဖြေဖြစ်ပုံကိုလဲပြောပြပေးပါဦး။

ဖြေ။ ။ဇွန်သဉ္ဇာပုံစံအတိုင်းဆိုရင် သမ္မတပညာသင်ဆုကို ဝင်ဖြေဖြစ် မှာမဟုတ်ပါဘူး။ သတင်းစာထဲမှာ သမ္မတပညာသင်ဆုနဲ့ပတ် သက်ပြီး တော့ကြေ ညာထားတာကို မေမေက တွေ့သွားပြီးတော့ ဇွန်သဉ္ဇာဝင်ဖြေလို့ ရအောင် မေမေ့ဘာသာစီစဉ်တာ ပါ။ ဝင်ဖြေဖို့အတွက် ခုံနံပါတ် ကျ လာတော့မှ ဇွန်သဉ္ဇာသိခွင့်ရတာ ပါ။ ခုံနံပါတ်ကျ လာတာတောင် မှ ဇွန်သဉ္ဇာဝင်ဖြေဖို့၊ မဖြေဖို့က မသေ ချာသေးဘူး။ အမှန်အတိုင်းပြောရ ရင် ဇွန်သဉ္ဇာက အနုပညာအလုပ် တွေ လုပ်နေတဲ့ အချိန်မှာ ပညာရေး ပိုင်းကို သိပ်ပြီးတော့မလုပ်ချင်တော့ ဘူး။ မေမေကလဲ အတင်းတိုက်တွန်း နေတာနဲ့ ဇွန်သဉ္ဇာသွားဖြေခဲ့တာပါ။

မေး။ ။သမ္မတပညာ သင်ဆုနဲ့ပတ် သက်ပြီးတော့ ဘယ်ဘွဲ့အတွက်ကို ဝင်ဖြေတာလဲ။

ဖြေ။ ။ဇွန်သဉ္ဇာက အင်ဂျင်နီယာ ဘွဲ့နဲ့ မဟာဘွဲ့ ရထားပြီးသားပါ။ သမ္မတပညာ သင်ဆုကို ဇွန်သဉ္ဇာက ဒေါက်တာဘွဲ့အတွက် ဝင်ရောက် ဖြေဆိုတာပါ။ အခုဇွန်သဉ္ဇာက စာ တွေ့ဖြေဆိုမှုမှာ အောင် သွားတာပါ။ လူတွေ့ဖြေဆိုဖို့တော့ ကျန်ပါသေး တယ်။

မေး။ ။စာတွေ့ဖြေဆိုဖို့အတွက်ကို ရော ဘာတွေလေ့လာပြင်ဆင်ခဲ့ရလဲ။

ဖြေ။ ။ဇွန်သဉ္ဇာက အနုပညာ အ လုပ်တွေလုပ်နေတဲ့အချိန်မှာ ပညာ ရေး ပိုင်း ကိုမလုပ်တော့ဘူးလို့ စဉ်း စားထားတဲ့သူ တစ်ယောက် ။ နောက် ပြီးတော့ အခုသမ္မတပညာသင်ဆု အတွက် စာတွေ့ဖြေဆိုဖို့အတွက်က လဲ မေမေကတိုက်တွန်းလွန်းလို့ ဝင် ဖြေရတာဆိုတော့ ဇွန်သဉ္ဇာ ဘာမှ ကို လေ့လာပြင်ဆင်မှု မလုပ်ခဲ့ပါ ဘူး။ သမ္မတပညာသင်ဆု စာတွေ့ ဖြေဆို မှုမှာမေးတာကလဲ အရမ်းကြီး ခက်တာတွေမဟုတ်ပါဘူး။
အင်္ဂလိပ် စာ 4 Skills Level လောက်ကိုပဲ မေး တာဆိုတော့ ဇွန်သဉ္ဇာ အတွက် အရမ်း ကြီးခက်ခက်ခဲခဲတော့မရှိဘူး။

မေး။ ။ဇွန်သဉ္ဇာ သမ္မတပညာသင်ဆု ရေးဖြေအောင်မြင်တာနဲ့ပတ်သက် ပြီးတော့ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ တော်တော်လေး ကိုဝေဖန်မှု တွေရှိနေ တယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ။ ။လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဇွန်သဉ္ဇာကို သမ္မတပညာ သင်ဆုရ တာနဲ့ပတ်သက်ပြီးတော့ ဝေ ဖန်ထားတာတွေကို တွေ့ပါတယ်။ အဲဒီလိုဝေဖန် တာတွေနဲ့ ပတ်သက် ပြီးတော့ ဇွန်သဉ္ဇာ ဘာမှကိုမခံစား ရတာပါ။ ခံစားကြေကွဲရတာမျိုး လုံးဝကိုမရှိပါဘူး။ အဲဒီဝေဖန်တာ တွေကိုလဲ ဇွန်သဉ္ဇာ လုံးဝစိတ်မဝင် စားပါဘူး။ ဇွန်သဉ္ဇာရဲ့ လုပ်နေကျ ပုံစံအတိုင်း ပဲ နေထိုင် သွားမှာပါ။ ဇွန်သဉ္ဇာကို ဝေဖန်ရှုတ်ချနေတဲ့သူ တွေကိုလဲ ဇွန်သဉ္ဇာက မေတ္တာမပျက် ပါဘူး။ သမ္မတပညာသင်ဆုအတွက် ဇွန်သဉ္ဇာက စာမေးပွဲဝင်ဖြေတဲ့အ တွက် အောင်ခဲ့တာလေ။ စာမေးပွဲ မဖြေဘဲနဲ့ စာမေးပွဲအောင်သွားတာ မှ မဟုတ်တာ။ ဝေဖန်တယ်ဆို တဲ့ နေရာမှာ လဲ သေချာစဉ်းစားပြီး တော့မှ ဝေဖန်သင့်တယ်။

မေး။ ။ တကယ်လို့သာ သမ္မတ ပညာသင်ဆုဒေါက်တာဘွဲ့ကိုရခဲ့ မယ်ဆို ရင် လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဇွန်သဉ္ဇာဓာတ်ပုံတွေကို အရင် လိုမျိုးတင်နေဦးမှာလား။

ဖြေ။ ။သမ္မတပညာသင်ဆုဒေါက် တာဘွဲ့ကို တကယ်လို့သာရခဲ့မယ် ဆိုရင်လဲ ဇွန်သဉ္ဇာရဲ့ဓာတ်ပုံတွေကို အရင်တုန်းကအတိုင်း လူမှုကွန် ရက်စာမျက်နှာပေါ်မှာ တင်ဦးမှာ ပါ။ ဒါပေမဲ့အရင်တုန်းကလိုမျိုးပုံတွေ မဟုတ်ဘဲနဲ့ နည်းနည်းထိန်းထိန်း သိမ်းသိမ်းနဲ့ပုံတွေတော့ဖြစ်မယ်။ အဲဒါ ကလဲ အဝတ်အစားပုံစံတွေပဲ ပြောင်းလဲသွားမှာပါ။ ပညာသင် ဆု မရခဲ့ဘူး ဆိုရင်တော့ အရင်အ တိုင်းပဲ ဇွန်သဉ္ဇာကိုမြင်တွေ့ရမှာပါ။

မေး။ ။သမ္မတပညာသင်ဆုအ တွက် လူတွေ့ဖြေဖို့ကိုရော ဘာတွေ လေ့လာနေလဲ။

ဖြေ။ ။အခုလောလောဆယ်သမ္မတ ပညာသင်ဆုအတွက် လူတွေ့ဖြေဖို့ က ဘယ်တော့မှန်းမသိသေးပါဘူး။ ရက်အတိအကျကို သမ္မတပညာသင် ဆုဝက်ဘ် ဆိုက်မှာ ကြေညာမယ်လို့ တော့ပြောပါတယ်။ သမ္မတပညာ သင်ဆုနဲ့ ပတ်သက်ပြီးတော့ ဇွန်သဉ္ဇာ ဘက်က အခုချိန်မှာ ဘာမှအထွေ အထူးလေ့လာပြင်ဆင်တာမျိုးတွေ မရှိပါဘူး။

မေး။ ။ဇွန်သဉ္ဇာရဲ့အဓိကရည်မှန်း ချက်ကဘာလဲ။

ဖြေ။ ။ဇွန်သဉ္ဇာက အနုပညာအ လုပ်တွေကိုသာ လုပ်နေရမယ်ဆို ရင် ဇွန်သဉ္ဇာကျေနပ်တယ်။ ပညာ ရေးပိုင်းကျတော့လဲ မဟာဘွဲ့ရထား ပြီးသား ဆိုတော့ ပညာရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ လေ့လာတာမျိုး သိပ်မလုပ် ချင်တော့ဘူး။ အခု သမ္မတ ပညာသင်ဆုအတွက် လူတွေ့ဖြေ ဆိုမှုအောင်မြင် မယ် ဆိုရင်၊ ဒေါက်တာ ဘွဲ့အတွက်ကို ရန်ကုန်မှာပဲ တက်ရ မယ်ဆိုရင်တော့ တက်ချင်တယ်။ နိုင်ငံခြားအထိ သွားတက်ရမယ်ဆို ရင် ဇွန်သဉ္ဇာ အနုပညာအလုပ်တွေ မလုပ်ရမှာစိုးလို့ သွားမတက်ချင် ဘူး။ ဒါကလဲ ဆောက်ဖြစ်မှ ကျောင်း ဒကာပါ။ မသေချာသေးပါဘူး။

Democracytoday

0 comments:

Post a Comment