Monday, March 23, 2015

သင့်ချစ်သူ ကောင်မလေးဟာ တစ်ချိန်မှာ မိခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်သလား ဆိုတာ ဒီအချက်လေးတွေကို ကြည့်ပြီး ကြိုသိနိုင်


သင်ဟာ သင့်ချစ်သူကောင်မလေးနဲ့ ခိုင်မာတဲ့သံယောဇဉ်ရှိနေပြီဖြစ်ပြီး အနာဂတ်မှာလည်း နှစ်ယောက်သားအတူလက်တွဲသွားဖို့ထိတောင် ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ သင်တို့ရဲ့မျိုးဆက်လေးတွေကို ဘယ်လိုဆိုတာထိပါ တွေးပြီး ဖြစ်နေမှာပါ။ သင်ဟာ ကလေးချစ်တတ်သူလား၊ သင့်ကြင်ဖော်ဇနီးနဲ့အတူ ကလေးဘယ်နှစ်ယောက်ယူမယ်ဆိုပြီးတော့တောင် ပြောထားဖူးသူလား။ ဒီလောက်ထိ တိုင်ပင်ပြီးတဲ့အခါ သူမကရော သင့်ရဲ့ဇနီးလောင်းအဖြစ်သာမက မိခင်ကောင်းတစ်ယောက်ပါ ဖြစ်နိုင်သလားဆိုတာ ဒီအချက်လေးတွေနဲ့ ကောက်ချက်ချကြည့်နိုင်ပါတယ်။၁။သူက ကလေးတွေဆို ချစ်တတ်တယ်။

အမျိုးသမီးတွေကတော့ သာမာန်အားဖြင့် ကလေးချစ်တတ်ကြပါတယ်။ သူတို့ရှေ့မှာ ကလေးတွေ တွေ့တဲ့အခါ သူတို့ မျက်နှာလေးတွေ ပြုံးသွားတတ်ကြပြီး ကလေးရဲ့ပြုမူလှုပ်ရှားမှုတွေကို လိုက်ကြည့်သဘောကျနေတတ်ကြပါတယ်။ ဒါဟာ ကလေးမိခင်ကောင်းဖြစ်မယ့် လက္ခဏာတွေထဲက အခြေခံ တစ်ချက်ပါ။

၂။ကလေးတွေကရော သူ့ကိုမြင်ရင် ချစ်ကြသလား။

ကလေးတွေက သူမကို မြင်တာနဲ့ လိုက်ကြည့်တယ်။ ပြုံးပြတယ်။ သူမစရယ် ရယ်မောကြတယ်ဆိုရင် ဒါဟာလည်း ကောင်းတဲ့အချက်ပါ။ ကလေးတွေဟာ သူမကို အလွယ်တကူ ချစ်ကြတယ်၊ သံယောဇဉ်ဖြစ်ကြတဲ့ ဆိုတဲ့ အဓိပ္ပါယ်မို့လို့ပါပဲ။

၃။သူမဟာ စိတ်ရှည်တဲ့သူလား၊ ကလေးတွေကို ယုယုယယရှိတတ်မယ်လို့ ထင်ပါသလား။

ကလေးယူတော့မယ်ဆိုရင် အဲ့ဒီအမျိုးသမီးဟာ ကလေးကို ချစ်တတ်ရုံနဲ့ မပြီးသေးပါဘူး။ ကလေးတွေကို စိတ်ရှည်ရှည်ထားပြီး ပြုစုယုယနိုင်ဖို့လည်း လိုပါသေးတယ်။ စိတ်မရှည်တဲ့သူဆိုရင်တော့ ကလေးနဲ့ရေရှည်အဆင်ပြေဖို့ သိပ်မလွယ်ပါဘူး။

၎။ကလေးတွေအပေါ် ထိန်းကျောင်းမယ့် အိုင်ဒီယာတွေက သင်နဲ့တူညီမှုရှိပါသလား။

သင်တို့နှစ်ဦးဟာ ကလေးတွေအကြောင်း ပြောဆိုတဲ့အခါ ကိုယ်တွေကလေးကျရင်ဆိုပြီး ပြောဆိုဖူးတာတွေ ရှိပါလိမ့်မယ်။ အဲ့ဒီလိုအချိန်တွေမှာ ကိုယ်တွေကလေးကျရင် ဘယ်လိုလေးထိန်းကျောင်း ပြုစုသွားမယ်၊ ပဲ့ပြင်သွားမယ်ဆိုပြီး ပြောဆိုကြတဲ့အခါ အိုင်ဒီယာတွေဟာ တူညီမှုရှိတယ်ဆိုရင် ဒါဟာလည်း ကောင်းတဲ့အချက်ပါပဲ။

၅။သူမဟာ ပြောင်းလွယ်ပြင်လွယ်ရှိသူလား။

ဖြစ်လာတဲ့ကိစ္စရပ်တွေပေါ် မူတည်ပြီး သူမဟာ ပြသနာတွေ၊ အခက်အခဲတွေ ရင်ဆိုင်နိုင်သူလား၊ ဒါမှမဟုတ် အခြေအနေကိုကြည့်ပြီး ပြုပြင်ပြောင်းလဲပစ်ဖို့ လွယ်ကူသူ ဟုတ်မဟုတ်လည်း ကြည့်ရပါမယ်။ ကိစ္စရပ်တွေကို တသမတ်တည်း တွက်ချက်ထားတာမျိုးတွေ ဖြစ်မလာတဲ့အခါ သူမဟာ အခြေအနေအရပ်ရပ်ကို ကိုင်တွယ်နိုင်မှုရှိမရှိကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။

Ref:yourtango.com
ဟန်နီ 
Trend Myanmar

0 comments:

Post a Comment