Sunday, March 15, 2015

Ooredoo ဆင်းမ်ကတ်များ နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်


ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo သည် International Roaming အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလအတွင်း ၎င်းတို့၏ မိုဘိုင်း ဆင်းမ်ကတ်များ သည် နိုင်ငံပေါင်း ၂၄ နိုင်ငံဆီသို့ သယ်ဆောင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မော်ဒိုက်စ်၊ ဖီလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လင်ချင်းစတိုင်၊ ဆွစ်ဇာလန်၊ ဘရာဇီး၊ ကနေဒါ၊ အစ္စရေး၊ လဘနွန်၊ နယူးဇီလန်၊ အိုမန်၊ ကာတာ စသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် Ooredoo ဆင်းမ်ကတ်များကို roaming စနစ်ဖြင့် သယ်ဆောင်အသုံးပြုနိုင်ခဲ့သည်ဟု သိရသည်။ သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် အီတလီ စသည့် နိုင်ငံသုံးနိုင်ငံတွင်မူ ၂၀၁၅ ခုနှစ် မတ်လ ၂ရက်မှစ၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Ooredoo က သတင်းထုတ်ပြန်ထားသည်။

အသုံးပြုခနှင့် ပတ်သက်၍ ပြည်ပနိုင်ငံ၌ မိုဘိုင်းဖုန်း ဖွင့်လှစ်လိုက်သည်နှင့် ကျသင့်ငွေကို SMS ဖြင့် ပေးပို့ပေးမည်ဟု သိရသည်။ ပြည်ပနိုင်ငံ၌ မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဖုန်းခေါ်ဆိုမှုများကို ၃၀ စက္ကန့်ဖြင့် အနီး စပ်ဆုံး ဖြတ်တောက်ခြင်း ဖြစ်သည့်အတွက် ဥပမာအားဖြင့် ၄၂ စက္ကန့် ကြာမြင့်စွာ အသုံးပြုခဲ့ပါက ၁ မိနစ်စာ ပေးချေရမည်ဖြစ်ပြီး အင်တာနက် အသုံးပြုခအတွက် ကျသင့်ငွေကို 50 KB နှင့် အနီးစပ်ဆုံး ဖြတ်တောက်မည်ဟု ကြေညာထားသည်။

မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ဆောင်အသုံးပြုရာတွင် သယ်ဆောင် အသုံးပြုသည့် နိုင်ငံအပေါ်မူတည်၍ ကျသင့်ငွေ ပေးချေရမည်ဖြစ်ပြီး နိုင်ငံအလိုက် ကွန်ရက် ကွဲပြားခြားနားမှု လည်း ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။ Ooredoo နှင့်အပြိုင် Telenor နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့သည်လည်း မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ဆောင် အသုံးပြုနိုင်သည့် နိုင်ငံအရေအတွက် တိုးတက်လာအောင် ဆောင်ရွက်နေသည်ဟု သိရသည်။

Internet Journal

0 comments:

Post a Comment