Thursday, March 19, 2015

မင်းသားကြီးလေးယောက်နဲ့ ပုံဖော်သွားမယ့် ဒေါက်တာဆိတ်ဖွား


ခေတ်အလိုက်နာမည် ကျော်ခဲ့သော မင်းသားလေးဦးခေါင်း ဆောင်ပါဝင်သည့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရုပ်ရှင်ဇာတ် ကားကို မတ်လ ၁၈ရက်က မြရိပ် ညိုဟိုတယ်၌ ကန်တော့ပွဲပေးခဲ့ ပြီးရိုက်ကူးရေးစတင်ခဲ့သည်။အဆိုပါရုပ်ရှင်သည် မင်းသိ င်္ခ၏၀တ္ထုဖြစ်ပြီး ပထမတစ်ကြိမ် ပုံဖော်ရိုက်ကူးဖူးသည့် ဒါရိုက်တာ ခင်စောမျိုးကပင် ရိုက်ကူးမည် ဖြစ်သည်။

ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွားအဖြစ် ကျော်သူ၊ သုဘ ရာဇာ၊သူတောင်းစားတစ်ဖြစ်လဲ အင်စပက်တော်အဖြစ် ရန်အောင်၊မိုးသီးအဖြစ်ရဲအောင်နှင့် သေတ္တာ အဖြစ် မင်းဦးတို့က ခေါင်းဆောင် ပါဝင်ကြမည်ဖြစ်သည်။ ထို့အပြင် မင်းသမီးများအဖြစ် စံရတီမိုးမြင့် နှင့် မေမြတ်နိုးတို့လည်း ပါဝင်သ ရုပ်ဆောင်မည်ဟုသိရသည်။

‘‘ဒီကားပြန်ရိုက်ဖြစ်တာက ကိုကျော်သူက အသက်ကြီးသွား ပြီ။ သူလုပ်တဲ့ ပရဟိတအလုပ်နဲ့ လည်း ဇာတ်ရုပ်က သင့်တော်နေ တာကြောင့် ပြန်ရိုက်ဖြစ်တာပါ။ မင်းသားကြီးတွေပဲ ရွေးဖြစ်တာ ကတော့ မင်းသားကြီးတွေကမင်း သားအငယ်တွေကို မီပါတယ်ဆို တာကို ပြချင်လို့ပါ’’ဟု ဒါရိုက်တာ ခင်စောမျိုးကပြောသည်။

ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွားကို ယခင်က ကျော်ဟိန်း၊ ကျော်သူ၊ သီဟတင်စိုး၊ ရဲမင်းပိုင် တို့ပါဝင်ကာ ဒီဗီဒီအနေဖြင့်ရိုက် ကူးခဲ့ခြင်းဖြစ်ပြီး အောင်မြင်ခဲ့ သည့် ဇာတ်ကားတစ်ကားဖြစ်ခဲ့ သည်။

‘‘မင်းသားကြီးတွေက ဒါရိုက် တာရဲ့ ပြောဆိုမှုအပေါ်မှာအကုန် နားထောင်တယ်။ ၀င်ရောက်မ စွက်ဖက်ဘူး။ အခုရိုက်တဲ့ဆိတ် ဖွားကလည်း မှတ်တိုင်တစ်ခုထပ် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ဆ ရာကြီးရဲ့ အလွမ်းပြေလည်းဖြစ် မှာပါ’’ဟု ဒါရိုက်တာခင်စောမျိုး ကပြောသည်။

အင်္ဂလိပ်ခေတ် နောက်ခံ ဇာတ်ကားတစ်ကားဖြစ်သော ကြောင့် ခေတ်နှင့်လျော်ညီမှုရှိ သည့် အသုံးအဆောင်များကို ထည့်သွင်းရိုက်ကူးသွားမည်ဖြစ်ပြီး ပထမဆုံးရိုက်ကူးသည့် ဇာတ်ဝင်ခန်းကိုလည်း ရိုက်ကူးနေကြနေရာ များတွင်မရိုက်ကူးဘဲ မြရိပ်ညိုဟိုတယ်၌ တစ်ရက်လျှင်ရိုက်ကူးခ ကျပ်၁၁သိန်း အကုန်အကျခံ၍ ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ၎င်း ကပြောသည်။

‘‘မြရိပ်ညိုအပြင် ချောင်းသာ မှာလည်းရိုက်မယ်။ နောက်ပြီး သင်္ချိုင်းတွေမှာ ရိုက်သွားမယ်’’ဟု ရိုက်ကူးရေးအစီအစဉ်များနှင့် ပတ်သက်၍ ၎င်းကပြောသည်။

ဒေါက်တာဆိတ်ဖွားဇာတ် ရုပ်သည် ၎င်း၏ပြင်ပကာရိုက်တာ နှင့်လိုက်ဖက်မှုရှိပြီး စာရေးဆရာ မင်းသိင်္ခ၏ အတွေးအခေါ်များကို လေးစားသဖြင့်လက်ခံရိုက်ကူးခဲ့ ခြင်းဖြစ်သည်ဟု ဇာတ်ကားရိုက် ကူးရေး ရှစ်နှစ်ကြာရပ်ထားခဲ့ သည့် ဦးကျော်သူကပြောသည်။

7Day Daily

0 comments:

Post a Comment