Monday, March 23, 2015

ဖမ်းဆီးခံမြန်မာလုပ်သားများကို ခေါ်ဆောင်လာမည့် ဖရီးဂိတ်သင်္ဘောမတ်လ ၂၅ ရက်တွင် ပြန်ရောက်မည်

တပ်မတော် (ရေ) ဖရီးဂိတ်စစ်သင်္ဘောတစ်စီး (ဓာတ်ပုံ −militaryphotos.net)

မလေးရှားနိုင်ငံတွင် ပြု လုပ်သည့် လန်ကာဝီရေတပ်၊ လေတပ်ပြပွဲသို့ သွားရောက်ပြသပြီး အပြန်တွင် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသော မြန်မာလုပ်သား ၁၀၀ကျော်ကို ခေါ်ဆောင်လာမည့် တပ်မတော် (ရေ) ပိုင် ဖရီးဂိတ် သင်္ဘောသည် မတ်လ၂၅ ရက် တွင် ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။မတ်လ ၁၇ မှ ၂၁ ရက် အထိ ပြုလုပ်ခဲ့သော မလေးရှားနိုင်ငံ လန်ကာဝီရေတပ်၊ လေတပ်ပြပွဲ တွင် မြန်မာနိုင်ငံမှ ဖရီးဂိတ်သ င်္ဘောတစ်စီးသွားရောက်ပြသခဲ့ သည်။ ထိုသင်္ဘောသည် အပြန် တွင် မလေးရှားနိုင်ငံ၌ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံရ၍ စခန်းများတွင် ရောက်ရှိနေသော မြန်မာလုပ်သား ၁၀၀ ကျော်ကို ခေါ်ဆောင်လာမည် ဖြစ်သည်။

‘‘ပြပွဲကတော့ ပြီးသွားပြီ။ မြန်မာလုပ်သားတွေ ခေါ်သွားမှာ လည်း ဟုတ်တယ်။ အခုလုပ်နေ ကြတုန်းပဲ။ ထိန်းသိမ်းစခန်းတွေ ကတော့ အများကြီးပဲ။ သူတို့က၂၅ ရက်နေ့ပြန်မှာ။ ထိန်းသိမ်း စခန်းတိုင်းက ခေါ်သွားမယ် ထင်တယ်’’ဟု မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာသံအရာရှိ ဦးမင်းမင်းဝင်းက ပြောသည်။

မလေးရှားနိုင်ငံသို့ တရားမ ၀င်သွားရောက်မှုကြောင့် ပြစ်ဒဏ် ကျခံရပြီး မြန်မာနိုင်ငံသို့ ပြန်လာ ရန် ခရီးစရိတ်မရှိ၍ မပြန်နိုင်ဖြစ် နေသော မြန်မာလုပ်သား ၁၀၀ ကျော်သည် မလေးရှားနိုင်ငံ ဘူ ဂစ်ဂျာလီ ထိန်းသိမ်းရေးစခန်း တွင် သောင်တင်နေကြောင်း မလေးရှားရောက် မြန်မာလုပ်သား များအား ကူညီပေးနေသော ကို မျိုးညွန့်က ပြောသည်။

မလေးရှားနိုင်ငံတွင် ထောင် ဒဏ်ကျခံရသောနိုင်ငံခြားသားများအား ထိန်းသိမ်းထားသည့် စခန်း ၁၁ ခုရှိပြီး စခန်း တစ်ခုစီတွင် ဖမ်းဆီးခံ မြန်မာလုပ်သားရာနှင့်ချီရှိကြောင်း သတင်းရရှိ သည်။

7Day Daily

0 comments:

Post a Comment