Monday, March 16, 2015

အ၀လွန်ရောဂါမဖြစ်စေဖို့ တီဗီကြည့်ချိန်နဲ့ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို လျှော့ချနိုင်ရန်လိုအပ်


ခန္ဓာကိုယ်သွယ်လျကျစ်လစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်သူတွေအတွက် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။ အကကျင့်တာ၊ အပင်တွေစိုက်ပျိုးတာ၊ တောင်တက်တာမျိုးတွေဟာ ရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီးတော့ သင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေကို လူတိုင်းက အချိန်ပေးလုပ်ဆောင်နိုင်ဖို့ မလွယ်ပါဘူး။ဒီတော့ အချိန်ပေးလုပ်နေရစရာမလိုပဲ ကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက်ဆိုရင် နေ့စဉ်စားသောက်နေတဲ့ အစားအစာ၊ မုန့်၊ အချိုရည်တွေကို သေချာစားဖို့လိုပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ်များတဲ့ အစားအစာ၊ အချိုရည်၊ ကယ်လိုရီတိုးစေတဲ့ အရက်စတာတွေကို ရှောင်ကြဉ်နိုင်ရင်ပဲ တော်တော်လေး အကျိုးထူးနေပါပြီ။ လက်တီလိုကော်ဖီမျိုးတွေလည်း ရှောင်နိုင်ရင်အကောင်းဆုံးပါ။

နောက်ထပ်အချက်တစ်ချက်ကတော့ သကြားဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ပါ။ ကလေးဘ၀ကတည်းက မိဘတွေက ကိုယ့်သားသမီးတွေကို သကြားလုံးတွေ ကျွေးတာမျိုးကိုလည်း လျှော့နိုင်သမျှ လျှော့လိုက်ပါ။ ကလေးဘ၀ကတည်းက အရွယ်ရောက်တဲ့အချိန်ထိ ဒီလို သကြားလုံးတွေ စွဲပြီး စားသွားရင်လည်း ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေသာ ဖြစ်ပေါ်စေပါလိမ့်မယ်။

ဒါ့အပြင် ကလေးတွေကို တစ်နေ့ (၂)နာရီထက်ပိုပြီး တီဗီကြည့်ခိုင်းတာမျိုး မလုပ်ပါနဲ့။ တီဗီဂိမ်းဆော့ခိုင်းမယ်ဆိုလည်း ခုနပြောသလို (၂)နာရီထက် မပိုပါစေနဲ့။ တီဗီရှေ့မှာရှိနေစေမယ့်အစား စက်ဘီးစီးခိုင်းတာ၊ လမ်းလျှောက်ခိုင်းတာမျိုးတွေ လုပ်ခိုင်းပါ။

အ၀လွန်တာ၊ ၀ိတ်တက်တာတွေဟာ အစားအသောက်၊ လူနေမှုပုံစံတွေနဲ့ ဆက်စပ်နေပြီး လေ့ကျင့်ခန်းလုပ်တိုင်းလည်း ၀ိတ်ကျသွားစေတာ မဟုတ်တဲ့အတွက် အစားအသောက်ကို သေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

Ref:dailymail.c0.uk
Trend Myanmar

0 comments:

Post a Comment