Tuesday, March 24, 2015

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း တစ်ဖက်နိုင်ငံသို့ သစ်များခိုးထုတ်နေမှုကို တပ်မတော် စစ်ကြောင်းများက ဖော်ထုတ်ဖမ်းဆီးရာမှ KIA (ကချင်) အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွား


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မတ် ၂၀ ရက် မွန်းလွဲပိုင်း တွင် တပ်မတော်မှ လေ့ကျင့်ရေး ဂျက် လေယာဉ်များက လေ့ကျင့်ပျံသန်းစဉ် ပလောင်ဒိန်ဆာ ရွာနှင့် မဂျီဂွမ်ရွာ အကြား၌ တရားမဝင် သစ်များ တင်ဆောင် ထားသည့် ယာဉ်တန်းအား တွေ့ရှိရကြောင်း သတင်းပို့ချက်အရ တပ်မတော် စစ်ကြောင်းများက အဆိုပါနယ်မြေ အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ သစ်ခိုးထုတ်နေမှုများကို အကာအကွယ် ပေးနေသည့် KIA (ကချင်) အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။တပ်မတော်စစ်ကြောင်းများက သစ်များခိုးထုတ်သယ်ယူနေမှုကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့တားဆီးရှင်း လင်းဆောင်ရွက်ခဲ့ရာ မတ် ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် ကိုက်ထိပ်-မံဝိန်းကြီးဒေသ၊ မံစီ-ကိုက်ထိပ်-မံဝိန်းကြီး ကားလမ်း မိုင်တိုင် အမှတ်(၃၀)၏ အနောက်ဘက် ၄ မိုင်ခန့်အကွာရှိ မထက်ကျေးရွာအနီး၌ KIA (ကချင်) အဖွဲ့မှ အင်အားစုအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

KIA (ကချင်) အဖွဲ့က ၎င်းနေရာတွင် ယာယီတဲများဆောက်လုပ်၍ ပစ်ကျင်းများ တူးထားပြီး တပ်မတော် စစ်ကြောင်းများအား လောင်ချာနှင့် လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ် ကြောင်းများက စနစ်တကျပြန်လည် ခုခံတိုက်ခိုက် ခဲ့ရာ KIA (ကချင်)အဖွဲ့များ ဆုတ်ခွာသွားခဲ့သည်။ တပ်မတော်စစ်ကြောင်းက ဆုတ်ခွာသွားသော KIA(ကချင်) အဖွဲ့နောက်သို့ လိုက်လံရှင်းလင်းရာ ဖြစ်စဉ်နေရာ ၏တောင်ဘက် ၁ မိုင်ခန့် အကွာတွင် သစ်လုံး ၁၂ လုံး တင်ဆောင်ထားသော ၁၀ ဘီးယာဉ် ၁ စီးအား သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိခဲ့သည့် သစ်လုံးများတင်ဆောင်ထားသော ၁၀ ဘီးယာဉ်အနီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား မတ် ၂၂ ရက် နံနက် ၈ နာရီ ခန့်တွင် KIA(ကချင်)အဖွဲ့များက ဖြန့်ခွဲ၍ စိန်ပြောင်း၊ လောင်ချာ၊ စက်လတ်များ၊ လက်နက်ငယ်များဖြင့် ဝိုင်းပတ်တိုက်ခိုက်လာသဖြင့် တပ်မတော်စစ်ကြောင်းက လေကြောင်း ပစ်ကူရယူကာ ပြန်လည်တိုက် ခိုက်ခဲ့၍ ပြန်လည်ဆုတ်ခွာသွားသည်။

တပ်မတော်လေယာဉ်များက ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး လေယာဉ်ကွင်းသို့ ပြန်လည် ပျံသန်းလာစဉ် သစ်များတင် ဆောင်လာသောယာဉ်တန်းအား ထပ်မံတွေ့ရှိ၍ ၎င်းယာဉ်တန်း အပေါ်မှ ဖြတ်ကျော်ပျံသန်းစဉ် ယာဉ်တန်းမှ လေယာဉ်အား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါသစ်ခိုးထုတ် သယ်ဆောင်နေသည့်ယာဉ်တန်းအား တပ်မတော် လေယာဉ်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထို့အတူ မထက်ကျေးရွာ မြောက်ဘက်တွင် နယ်မြေရှင်းလင်းဆောင်ရွက် နေသော တပ်မတော်စစ်ကြောင်းကို မတ် ၂၂ ရက် ညနေ ၆ နာရီခန့်၌ KIA (ကချင်) အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက် သဖြင့် တပ်မတော်စစ်ကြောင်းက ပစ်အားသုံးပြန်လည်တိုက်ခိုက် ခဲ့ရာ KIA(ကချင်) အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဆုတ်ခွာသွားသော အဖွဲ့များနောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်းရာ မတ် ၂၃ ရက် နံနက်ပိုင်းတွင် KIA(ကချင်) အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ဆက်လက်ရှင်းလင်းရာ သစ်များတင်ဆောင် ထားသော သစ်တင်ယာဉ် ၂၅ စီးအား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် တပ်မတော်စစ်ကြောင်းက အဆိုပါနေရာ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများ၌ ဖြန့်ခွဲနေရာယူထားသော KIA(ကချင်)အဖွဲ့ များအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေတဲများနှင့် ပစ်ကျင်းများတူးထားသည့် တောင်ကုန်း ၂ ကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ တပ်မတော်စစ်ကြောင်းများနှင့် KIA (ကချင်)အဖွဲ့များသည် မတ် ၂၁ ရက် ညပိုင်းတွင် မံစီ-ကိုက်ထိပ်-မံဝိန်းကြီး ကားလမ်းမိုင်တိုင်အမှတ် ၂၆ အနီး၌လည်းကောင်း၊ မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် မထက်ကျေးရွာ တောင်ဘက်နှင့် အနောက်ဘက်တို့ တွင်လည်းကောင်း၊ လုံခြုံရေး ဆောင်ရွက်နေသော ကိုက်ထိပ်စခန်းတွင် လည်းကောင်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သစ်တင်ယာဉ် ၁ စီးအား သိမ်းဆည်းရမိခဲ့သည်။
တပ်မတော်စစ်ကြောင်းများသည် တစ်ဖက်နိုင်ငံသို့ သစ်များခိုးထုတ်နေမှုများ တွင် ပါဝင်ပတ်သက်ပြီး သစ်ခိုးထုတ် နေသည့်အဖွဲ့များကို အကာအ ကွယ်ပေးနေသော KIA (ကချင်)အဖွဲ့များနှင့် မတ် ၂၁ ရက်မှ ၂၃ ရက် အထိ ထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လေကြောင်းပစ်ကူ တစ်ကြိမ် ဆောင်ရွက်ခဲ့၍ သစ်များတင်ဆောင်ထားသည့် ယာဉ်စုစုပေါင်း ၂၇ စီးအား သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ သက်စွန့်ကြိုးပမ်းထမ်း ရွက်လျက်ရှိ သည့်အပြင် တစ်မျိုးသားလုံးလူညွန့် တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ် ပူးပေါင်းကာကွယ်တားဆီးခြင်း၊ နိုင်ငံတော်၏ မြေပေါ်မြေအောက် သဃံဇာတ ပစ္စည်းများကို တရားမဝင်ခိုး ထုတ် သယ်ဆောင်နေမှုများ မရှိစေရေး အတွက် ရှာဖွေ ဖော်ထုတ်ဖမ်း ဆီးခြင်းများကို အမျိုးသားရေး တာဝန်အဖြစ်ခံယူ၍ ဆောင်ရွက် လျက်ရှိသည်။ ထို့ကြောင့် ကချင်ပြည်နယ် အတွင်းရှိ မြန်မာ့အဖိုးတန်သစ်များ အား မသမာသူများက ကိုယ်ကျိုးစီးပွားအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်း၍ ခိုးထုတ်သယ်ယူနေမှုများကို ဖော်ထုတ်ဖမ်းဆီးရ မိရေးအတွက် တပ်မတော် စစ်ကြောင်းများက ဆက်လက်နယ်မြေရှင်း လင်းဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

MOI

0 comments:

Post a Comment