Sunday, March 22, 2015

ပရိသတ်တောင်းဆိုရင် သီချင်းဆိုပြချင်တဲ့ ခင်ဝင့်ဝါ



အလှမယ်အဖြစ်မှ အနု ပညာလမ်းကြောင်းသို့ ရောက်ရှိ လာသည့် သရုပ်ဆောင် ခင်ဝင့်ဝါ က ပရိသတ်များတောင်းဆိုလာပါ က သီချင်းဆိုပြီး ဖျော်ဖြေချင်သည် ဟု ပြောသည်။

‘‘ပရိသတ်ကြီးက ညီမအသံ ကို နားထောင်ချင်တယ်ဆိုရင် တော့ သီချင်းဆိုချင်ပါတယ်။ အဲ ဒါကလည်း ပရိသတ်တောင်းဆိုမှ ပါ’’ဟု သရုပ်ဆောင်ခင်ဝင့်ဝါက ပြောသည်။ခင်ဝင့်ဝါသရုပ်ဆောင်ရာ တွင် အသံနှင့် ပတ်သက်၍ ပရိ သတ်အချို့က ဝေဖန်မှုများရှိ သော်လည်း ထိုအသံမှာ မွေးက တည်းက အသံဖြစ်၍ ပရိသတ် များကို အားနာမိကြောင်း ခင်ဝင့်ဝါကပြောသည်။

ခင်ဝင့်ဝါက သင်္ကြန်ကာလ သည် ၎င်းအတွက် သာမန်လများ ကဲ့သို့ ထူးခြားမှုမရှိဘဲ နေအိမ်၌ပင်အနားယူသွားမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် ရေစက်ဗီဒီယို ဒရာမာဇာတ်ကားကို သရုပ် ဆောင်ကောင်းပြည့်နှင့်အတူ ရိုက်ကူးနေပြီး ယင်းဇာတ်ကားထဲ၌ တောမှ မြို့သို့ တက်လာသည့်ကောင်မလေးတစ်ဦးအဖြစ်သရုပ်ဆောင်ထားကြောင်း သိရ သည်။

7Day Daily

0 comments:

Post a Comment