Thursday, March 12, 2015

ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုက်လျောတာကို အတယ်လို့ မထင်စေချင်


လောက်ကိုင်ဒေသဖြစ်စဉ်၏ နောက်ကွယ်မှ အကြောင်းအရာတချို့အား အံကြိတ်ပြီးပြန်ပြောင်း ပြောပြလာသူ အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦး၏ ရင် ဖွင့်သံက ဒီလိုပါခင်ဗျာ။

““ကျွန်တော်က ရှမ်းပြည်မြောက်ပိုင်းမှာ ၁၉၇၇ ခုနှစ်မှ ၁၉၉၆ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ရသူပါ။ ယခုတိုက်ပွဲများဖြစ်ပွားနေတဲ့ဒေသမှာ ၁၉၉၃-၉၄ ခုနှစ်မှာ တပ်စုတပ်ကြပ်ကြီးတာဝန်နဲ့ တာဝန်ထမ်း ဆောင်ခဲ့ရတယ်ဗျာ။ အဲဒီတုန်းကှ၁ က ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးငြိမ်း) ပေါ့။ ဦးခင်ညွန့်ရဲ့ စကားသာလျှင် ကိုးကန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပေါ် လွှမ်းမိုးနိုင်တဲ့အချိန်ပေါ့ဗျာ။ ကျွန်တော်တို့ အဲဒီဒေသမှာ တာဝန်မယူခင်က အဲဒီဒေသတာဝန်ခံ က ဖုန်ကြားရှင်(ကိုးကန့်တိမ်းရှောင်အဖွဲ့)ပေါ့ဗျာ။ သူ့ ဆီက နယ်မြေရယူဖို့ ဦးရန်မိုးလျှံက “၀” အကူအညီ ရယ်၊ အိမ်နီးချင်းတရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုက အကူအညီရယူပြီး တိုက်ကြတာ ရက်ပေါင်း ၂၀ ကျော်ကြာတယ်ဗျာ။ ရန်အဖွဲ့အနိုင်ရပြီးမှကျွန်တော် တို့က အဲဒီဒေသဖွံ့ဖြိုးရေးလုပ်ဖို့ စစ်ဆင်ရေးပေါ့ဗျာ သွားရတယ်။ ကျွန်တော်တို့တပ်မတော်သားတွေဆိုတာရန်သူ ကိုတိုက်ခိုက်ရာမှာ သူသေကိုယ်သေတိုက်ခဲ့ကြတဲ့ ရဲရဲတောက်စစ်သားတွေပါ။ စိတ်ဓာတ်ဆိုတာက သံမဏိစိတ်ဓာတ်ပိုင်ရှင်တွေပါ။ ဒါပေမဲ့ဗျာ ကွမ်းလုံ ကနေ ချင်းရွှေဟော်ကို ယာဉ်တန်းနှင့်ချီတက်စဉ် သံ တံတားအရောက်မှာဖြင့် အံကြိတ်နှုတ်ဆိတ်နေကြရ တယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ သေ နတ်လည်းမပါ။ မတိုင်ရဘဲ အဲဒီမှာစောင့်နေတဲ့ ကိုး ကန့်စစ်သား ငယ်ငယ်လေးတွေရဲ့ အမ် ၁၆၊ အမ် ၂၁၊ အမ် ၂၂တွေနဲ့ ချိန်ထားတာလည်းခံရ၊ ကားပေါ် တက်ပြီး ဟိုရှာ၊ ဒီရှာတာလည်းခံရ။ သူတို့ကျေနပ်မှ သူတို့ဆီက ၃၊ ၄ယောက်စီ ကားခေါင်းပေါ်တက်ပြီး မောင်းခိုင်းမှ ကားမောင်းရတာလေ။ ထားပေါတော့ ဗျာ။ တပ်ခွဲမှူးဦးစီးတဲ့ ခွဲရုံးတစ်စုက ပါစင်ကျော်မှာ နေခဲ့ရပြီး ကျွန်တော်နှင့်ကျန်တပ်စုတွေကတပ်ရင်းမှူး ဦးစီးတဲ့ တပ်ခွဲများနှင့်အတူ ကိုးကန့်အဖွဲ့က ခွင့်ပြု တဲ့နာဖူထန်ဆိုတဲ့။ ရွာနားမှာ ကိုယ့်တဲကိုယ်ထိုးပြီး ပထမဆုံးလေဒဏ်၊ အအေးဒဏ်ခံနိုင်အောင် လုပ် ကြရတယ်ဗျာ။ ဘယ်နေရာရောက်ရောက် ကျင်းတူး ပြီးလုံခြုံရေးလုပ်တဲ့ ကျွန်တော်တို့မှာ ဘာမှလုပ်ခွင့် မရခဲ့ကြဘူးလေ။ အိမ်သာကျင်းတူးချင်ရင် ကိုးကန့် အဖွဲ့ကို အကြောင်းကြားရတယ်။ သူတို့ခွင့်ပြုမှ ခွင့် ပြုတဲ့အနေအထားပဲ တူးရတယ်။ ထားပါတော့ဗျာ။ အကျဉ်းချုံးပြောပါရစေတော့။အဲဒီရွာနားက ရေကန် နှစ်ကန်မှာ ရေသုံးဖို့နဲ့ ချိုးဖို့ခွင့်ပြုမှ သုံးရချိုးရတယ်။ ငါးရက်တစ်ဈေးရှိတဲ့ လောက်ကိုင်ကို သူတို့သတ် မှတ်တဲ့လမ်းက ဈေးသွားဝယ်ရတယ်။ အဲဒီမှာ ကိုး ကန့်တွေက လက်ပတ်အနီတွေ၊ သေနတ်တွေနဲ့ လုံ ခြုံရေးယူထားတယ်လေ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတာကို သေနတ် နဲ့လာပစ်ပြီး ဖြုတ်ချသွားတာ ခံရတယ်။ ကားလမ်း ဘေးမှာ ရပ်ထားတဲ့လမ်းခင်းအဖွဲ့ကားကို သူတို့ကား က ၀င်တိုက်မိလို့ ပျက်စီးသွားတာ ပြန်ပြင်ပေးဖို့ မျက်နှာငယ်ငယ်နဲ့ပြောတဲ့ကားဆရာကို သေနတ်ယူ မလား ပါးစပ်ပိတ်မလားဆိုပြီး သေနတ်ပြ၊ ဆဲဆို ကြိမ်းမောင်းတာကို သည်းခံခဲ့ရတယ်။

 ကျွန်တော်တို့တပ်နောက်တန်းပြန်ပြီးသိပ်မကြာ ခင်မှာ ဖုန်အဖွဲ့က ရန်အဖွဲ့ကို ပြန်တိုက်တာ တစ်ည တည်းနဲ့ လောက်ကိုင်ဒေသကို ပြန်ရသွားတယ်။ ဖုန် အဖွဲ့က လောက်ကိုင်ဒေသမှာ ရှေ့မှာတစ်မျိုး၊နောက် မှာတစ်မျိုးနဲ့ လက်နက်စက်ရုံ၊ မူးယစ်ဆေးဝါးစက်ရုံ တွေဆောက်ပြီး ထုတ်လုပ်နေလို့ တပ်မတော်က လက်ဦးမှုရယူသိမ်းပိုက်လိုက်လို့ တရုတ်နဲ့ မိုင်းလား နယ်ထဲကို တစ်လှည့်စီ ပုန်းရှောင်နေရတဲ့ ဖုန်ကြား ရှင်ဖြစ်သွားတယ်။ ဖုန်ကြားရှင်အဖွဲ့ကိုလည်း လက် နက်မှု၊ မူးယစ်မှု၊ သွင်းကုန်၊ ထုတ်ကုန်ဆိုင်ရာအမှု တွေနဲ့ ဥပဒေအကြောင်းအရ အမှုဖွင့်ပြီး တရားခံ ပြေးကြေညာခဲ့တယ်ဗျာ။ အဲဒါက ၂၀၀၉ ခုနှစ်မှာဗျ။ အဲဒီလောက်ကိုင်၊ ကုန်းကြမ်းဒေသမှာ ပလောင်၊ ရှမ်း တိုင်းရင်းသားတို့တွေနည်းနည်းရှိတယ်။ကိုယ့်ဘာသာ စကားမပြောရဲကြဘူး။ တရုတ်-ကိုးကန့်စကားသာ ပြောကြရတယ်။ တရုတ်-ကိုးကန့်စာသာသင်ရတယ်။ တရုတ်ပိုက်ဆံကိုပဲ အဓိကထားသုံးစွဲကြရတယ်။ နေရာတိုင်း၊ ဆိုင်းဘုတ်တိုင်းမှာ တရုတ်စာတွေနဲ့ပဲ ရေးရတယ်။ အဲဒီဒေသကို ဦးပယ်ဆောင်ချိန်အား ယာယီဦးစီးကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တာ ယနေ့အထိပေါ့ဗျာ။ ဒါကိုမကျေနပ်တဲ့ ဖုန်အဖွဲ့က ရန်လုံကြိုင်းနယ်စပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျ နေတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ၀ိုင်းဝန်းပိတ်ဆို့ထားလို့ သွားရောက်ကယ် တင်ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၄ဦးကို အချုပ်ခန်းထဲမှာ ရက်ရက်စက်စက် လူမဆန်စွာ ပစ်သတ်တာ၊ ဗုံး ခွဲတာတွေ လုပ်ခဲ့တယ်ဗျာ။ ၂၀၁၁ ခုနှစ်မှာတော့ ၀မ်ဟိုင်းက သူ့သားမက် ဦးစိုင်းလင်းက နိုင်ငံတော် အစိုးရထံကို ဦးဖုန်ကြားရှင်အား နိုင်ငံတော်မှ တိုင်း ရင်းသားလူမျိုးပေါင်းစုံထံ ပြန်လည်ဝင်ရောက်ဖို့ အတွက် ဖမ်းဝရမ်းရုပ်သိမ်းပြီး လက်ခံပေးဖို့ နိုင်ငံ တော်သမ္မတထံ အသနားခံတင်ပြခဲ့လို့ နိုင်ငံတော် သမ္မတကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို ရှေးရှုပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးခဲ့တယ်ဗျာ။ ကျွန်တော်တို့ လားရှိုး၊ ရေပူစမ်းအနီးကSilver Sky Hotel အနီး ဖရဲသီးခင်းထဲမှာ ညအိပ်၊ လက်နက် တချို့ဝှက်ပြီး လားရှိုးကနေ တမူးထိအောင် လမ်းမှာ ပြစ်မှုမျိုးစုံကျူးလွန်ပြီး တမူးမြို့ ၃မိုင်စစ်ဆေးရေးဂိတ် မှာ လက်နက်မျိုးစုံ ၈လက်နဲ့အတူ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၈ဦးကိစ္စကလည်း ကိုးကန့်သောင်း ကျန်းသူအဖွဲ့က ငွေကြေးမက်လုံးပေးပြီး မိုင်းလားမှာ စစ်သင်တန်းတက်ခိုင်း၊ မုံးယော်/မုံးကျယ်ဒေသမှာ နယ်မြေအတွင်းဆက်ကြေးကောက်၊ လူသစ်စုတဲ့ နယ်မြေလှုပ်ရှားရေးဆောင်ရွက်ခိုင်းခဲ့တယ်။ ဒါပေမဲ့ လစာ၊ ရိက်္ခာမရတာတို့၊ နှိမ်ချဆက်ဆံခံရတာတို့ ကြောင့် ထွက်ခွင့်တောင်းတာမရတာနဲ့ ဒုတပ်ခွဲမှူး ၀ုန်ကြားဖူကိုသတ်ပြီး ထွက်ပြေးလာခဲ့တဲ့ကိစ်္စဗျာ။ ၂၀၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ၎င်းတို့တစ်ဖွဲ့တည်း ရပ်တည်လို့မရနိုင်တာနဲ့UWSA, KIA, TNLA, SSA ၀မ်ဟိုင်းအဖွဲ့တို့နဲ့ တပ်ပေါင်းစုဖွဲ့ပြီး လုပ်ချင် တာတွေကို ဥပဒေမဲ့လုပ်နေခဲ့ကြတယ်ဗျာ။ အဆိုးဆုံး က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ရက် Global Time သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့Want Chine Times အွန်လိုင်းစာမျက်နှာမှာ ဖုန်ကြားရှင်နဲ့ အမေးအဖြေ တွေ့ဆုံခန်းမှာ “ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကို ဦးဆောင်ပြီး မြန်မာ့တပ်မတော်နဲ့ ပြန်လည်ရင် ဆိုင်တိုက်ခိုက်ဖို့” ပြောလာခဲ့တယ်နော်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အစိုးရအနေနဲ့က နည်းနည်းတော့ ပေါ့ သွားတယ်ထင်တယ်ဗျာ။ ဒီကိုးကန့်သောင်းကျန်းသူ အဖွဲ့တွေရဲ့ လှုပ်ရှားမှုတစ်ခုပြီးတစ်ခု လုပ်လာတာကို ခန့်မှန်းပြီး ထိရောက်တဲ့လုံခြုံရေးပိုမိုတိုးမြှင့်လုပ်ထား ဖို့ ပေါ့သွားလိုပဲဗျာ။ ဖေဖော်ဝါရီလ ၉ရက်နေ့ကနေ ယနေ့အထိ ဖြစ်ပွားခဲ့တဲ့ ကိုးကန့်သောင်းကျန်းသူ တွေနဲ့တိုက်ခိုက်မှုတွေကိုကြည့်ရင်လောက်ကိုင်ဒေသ ဖြစ်စဉ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နေပြီဗျာ။ လောက်ကိုင်မှာရှိနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ တိုက် ခိုက်တာဟာ အာဏာသိမ်းဖို့လုပ်တာဖြစ်လို့ သေ ဒဏ်ထိုက်နေပြီဗျာ။ ဒါကြောင့်မို့လည်း ကျွန်တော် တို့ လားရှိုးကို တပ်ချုပ်ကြီးလာစဉ် မိန့်မှာသွားတာ လည်း ရှိတယ်လေ။ ဒီကိစ်္စက ဘယ်လိုမှ လက်ခံလို့ မရကြောင်း၊ လုံးဝအလျှော့ပေးမှာမဟုတ်ကြောင်း၊ ပါဝင်ပတ်သက်တဲ့သက်ဆိုင်ရာအဖွဲ့များအနေနဲ့လည်း တာဝန်ယူရမှာဖြစ်ကြောင်း ပြောသွားတာ အားရ လိုက်တာဗျာ။ တပ်မတော်ရဲ့ သဘောထားလည်း သိရော ဖုန်ကြားရှင်က အင်တာနက်မှာ သူတို့ဟာ တရုတ်လူမျိုး ဟန်အမျိုးအနွယ်များဖြစ်ကြောင်း၊ မြန်မာအစိုးရက တရုတ်မျိုးနွယ်စုတွေကို နှိပ်စက်နေ ခြင်းဖြစ်လို့ လူမျိုးရေးအရ တရုတ်များဘက်မှ ကူညီ ပေးကြဖို့ ၀ါဒဖြန့်နေခဲ့သလို နိုင်ငံတော်သမ်္မတကြီးထံ ကိုလည်း လူမျိုးနွယ်စု ၁၃၅ မျိုးထဲမှာ ကိုးကန့်လည်း အပါအ၀င်ဖြစ်လို့ ညီနောင်တိုင်းရင်းသားများအပေါ် သနားငဲ့ညှာစွာ စဉ်းစားပေးစေလိုကြောင်း၊ နိုင်ငံ တော်ရဲ့တာဝန်ဝတ်္တရားများကို နိုင်ငံတော်ရဲ့ မိသားစု အဖွဲ့ဝင်အနေနဲ့ ထမ်းဆောင်ချင်တယ်လို့ ““အိတ်ဖွင့် ပေးစာပေးခဲ့တယ်လို့ နေပြည်တော်ဘုရင့်နောင် ရိပ်သာမှာ ကျင်းပပြုလုပ်တဲ့ ကိုးကန့်သောင်းကျန်းသူ အဖွဲ့သမိုင်းကြောင်းနှင့် လောက်ကိုင်ဒေသကိုးကန့် သောင်းကျန်းသူတွေ ၀င်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ် ကို ရှင်းလင်းတဲ့ပွဲမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများရဲ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ အကြောင်း ဖတ်လိုက်ရတော့ ကိုးကန့်တိုင်းရင်းသား ပါလို့ မြန်မာနိုင်ငံထဲမှာနေပြီး ခံယူထားသူတွေက မြန်မာနိုင်ငံတော်ကြီး ဘက်စုံ၊ ထောင်စုံ၊ ကဏ္ဍစုံက ဖွံ့ဖြိုးတိုးတက်အောင် ကျန်တိုင်းရင်းသားတွေနဲ့အတူ လက်တွဲလုပ်ဖို့ စိတ်ဓာတ်ထားရမှာပေါ့ဗျာ။ အဲဒီလို အတွေးအခေါ်တွေ အမြင်တွေရှိကိုရှိနေကြရမှာဗျာ။ ဒီလောက်ကိုင်ဖြစ်စဉ်ဟာ ဒေသရဲ့ပဋိပက္ခသာဖြစ် တာပါ။ လူမျိုးကိုတိုက်နေတာ မဟုတ်ဘူးဆိုတာ လည်း ပြည်သူအားလုံးက သိကုန်ကြပါပြီ။ ကိုးကန့် သောင်းကျန်းသူတွေကြောင့် ကျန်တိုင်းရင်းသားတွေ ဒုက်္ခမျိုးစုံ ကြုံခဲ့ရတယ်။ တိုင်းပြည်မှာလည်း အခိုက် အတန့်မတည်မငြိမ်ဖြစ်သွားရတယ်ဗျာ။

ဒီလိုတိုက်ပွဲမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တို့ ကျဆုံးခဲ့ကြတော့ လင်တော်မောင် တွေက တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်စွန့်စား တဲ့စိတ်နဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့ကြတယ်။အဲဒီအတွက်လည်း သာဓု ခေါ်တယ်။ လေးလေးစားစားနဲ့ ဂုဏ်ယူတယ်ဗျာ။ ဒါပေမဲ့ မောင်တစ်ထမ်း၊ မယ်တစ်ရွက်လိုက်ပါခဲ့တဲ့ အိမ်သူသက်ထား ဇနီးမယားနဲ့ သမီးသားတို့မှာဖြင့် အဖေဖြစ်သူ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မွန် မြတ်စွာ ကျဆုံးခဲ့ရတော့ လောကအလယ်မှာ အဖ မဲ့တဲ့ မိသားစုဘ၀နဲ့ မျက်နှာငယ်နေကြရမယ့်ဘ၀ တွေကိုတွေးပြီး ကိုယ်ချင်းစာကြည့်ကြစေချင်ပါတယ်။

 တပ်မိသားစုဆိုတာ တစ်သွေး၊ တစ်သံ၊တစ်မိန့် နဲ့ ကျရာတာဝန်ကို ဦးလည်မသုန် ထမ်းဆောင်ကြ ရတဲ့ တပ်ဖွဲ့ဝင်တွေပါ။ လင်ယောက်ျားတွေက မိသားစုအတွက် အခြားစီးပွားရေးသမားတွေလို ကိုယ်ကျိုးစီးပွားမရှာနိုင်ကြတဲ့အတွက် အရပ်ဘက်က မိသားစုတွေလို ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့ ရှိသူရှားပါ တယ်။ ဒါပေမဲ့လည်း စိတ်ဓာတ်မကျ၊စိတ်အားမငယ် ဘဲနဲ့ ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးနေတဲ့ စိတ် ဓာတ်များနဲ့ တပ်တည်ဆောက်ရေးတွေ၊ နိုင်ငံ့တာဝန် တွေမှာ အရိုးကြေကြေ အရည်ခန်းခန်းစိတ်ဓာတ်နဲ့ လုပ်ဆောင်နေနိုင်ကြတာတွေကို အခုလောက်ကိုင် ဖြစ်စဉ်အရ ကိုယ်ချင်းစာပြီး ခံစားနားလည်နိုင်ကြ မယ်လို့ ထင်မြင်မိတယ်”” လို့ ပြောပြသွားပါသည်။

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို တပ်မတော် မရှိရင် နိုင်ငံပြိုကွဲမှာမလွဲပါ။ နိုင်ငံ့တာဝန်ကို ကျရာ အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းအသီးသီးတို့အထဲမှာမှ မိမိနဲ့ မိသားစုအရေး ရှေ့တန်းမတင်အားဘဲ နေ့/ညအချိန်အခါမရွေး တာဝန်ထမ်းဆောင်နေကြသော မြန်မာ့တပ်မတော် သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့နှင့် အခြား ၀န်ထမ်းတို့ရဲ့ရင်ထဲမှာ ရှိနေသည်က “မြန်မာပြည် ကာကွယ်မည်” ပါ။ တည်ဆောက်ထားသည့် စိတ် ဓာတ်ကလည်း သံမဏိစိတ်ဓာတ်ပါ။

သို့ပါသောကြောင့် တရားသောစစ်ကို ဆင်နွှဲ နေကြသောရှေ့တန်းရောက်တပ်မတော်သားအပေါင်း တို့ခင်ဗျာ။ ခင်ဗျားတို့ရဲ့နောက်မှာ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံး အမြဲ အသင့်ရှိနေသလို စစ်အုပ်ချုပ်ရေးကြေညာထားပြီး နေ့/ညတွေမှာ ဗြောက်ကျားစနစ်နဲ့ လာရောက် ချောင်းမြောင်းပစ်ခတ်နေသလို အဝေးကနေ လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့နေရာအထိကို အားပေး ချီးမြှင့်ဖို့၊ ကူညီဖို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုဥက်္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်နဲ့ အေးမြတ် သူတို့ ပါဝင်တဲ့ ရုပ်ရှင်သရုပ်ဆောင်အဖွဲ့တွေရဲ့ အား ပေးမှုတွေနဲ့အတူ တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်မှုထမ်း ဟောင်းတွေကလည်း ချက်ချင်းကို စစ်ကူ ပစ်ကူပေး ဖို့ အသင့်ပါ။ ဒါကြောင့်မို့ အားမလျှော့နဲ့ ရဲဘော်တို့ တိုက်ပွဲတိုင်းအောင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲ ၀င်ကြပါ။ ရဲဘော်တို့အပြန်လမ်းမှာလည်း အောင် သပြေပန်းနဲ့ စောင့်ကြိုနေကြမှာပါလို့ ပြောပါရစေ။

ထို့အတူပဲ သက်ဆိုင်သူများကို ပြောပြချင်တာ ကတော့ နိုင်ငံတော်သမ်္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်တာဝန်ရှိသူတွေက ပြည် တွင်းငြိမ်းချမ်းရေး ပေါ်ထွက်လာဖို့ တော်တော်လေး လိုက်လျောနေခဲ့ကြတာကို “အ”တယ်လို့ မထင်စေ ချင်ကြောင်းပါလို့ ပြောလိုက်ပါရစေဗျာ။

ထက်အောင်ကျော်(ရှမ်း/မြောက်)
hotnewsweekly.com/

0 comments:

Post a Comment