Friday, March 13, 2015

နိုင်ငံတော်သမ္မတ ပညာသင်ဆုအတွက် လူတွေ့ စစ်ဆေးခံရမည့်စာရင်းတွင် မော်ဒယ် ဇွန်သဉ္ဇာ ပါဝင်


လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေပန်းစားနေသည့် မော်ဒယ် ဇွန်သဉ္ဇာသည် နိုင်ငံတော် သမ္မတ၏ ပညာသင်ဆုကို လျောက်ထားခဲ့ရာ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၏ မတ်လ ၁၁ ရက်က ထုတ်ပြန်ချက်အရ လူတွေ့အစစ်ဆေးခံရမည့် စာရင်းတွင် ပါရှိလာခဲ့သည်။ဇွန်သဉ္ဇာသည် PhD ဘွဲ့အတွက် ပညာသင်ဆု လျောက်ထားခြင်းဖြစ်ကာ လျှောက်ထားသူ ၇၃၆ ဦးအနက် လူတွေ့စစ်ဆေး ဖြေဆိုရန် ၅၆၄ ဦးတွင် ပါဝင်လာခြင်းဖြစ်သည်။ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)၏ ထုတ်ပြန်ချက်တွင် ခံအမှတ် Ygn-PGP-0877 ဖြင့် ဇွန်သဉ္ဇာ ပညာသင်ဆု လျောက်ထားခဲ့ခြင်းဖြစ်သည်။

"မဟာဘွဲ့ ပြီးလို့ ဒေါက်တာဘွဲ့ဆက်တက်ဖို့ သမ္မတကြီးရဲ့ ပညာသင်ဆု Scholarship အတွက် အမေအတင်းဖြေခိုင်းလို့ ဝင်ဖြေခဲ့တာ

စာတွေ့အောင်စာရင်းမှာ ပါတွားပြီတဲ့ နိင်ငံခြားသွားပြီး ဒေါက်တာဘွဲ့လည်း ဆက်တက်ချင်တယ် အနုပညာအလုပ်တွေလည်း မစွန့်လွှတ်နိုင်ဘူး" ဟု ဇွန်သဉ္ဇာက သူ၏ အင်တာနက် လူမှုကွန်ယက် ဖေ့ဘုတ်တွင် ရေးသားထားသည်။

သမ္မတ ဦးသိန်းစိန်၏ ပညာသင်ဆုအတွက် ပထမအသုတ် လူတွေ့ဖြေဆိုရမည့်သူ ၁၄၂ ဦးရှိကာ ဒုတိယအသုတ် လူတွေ့ဖြေဆိုရမည်သူ ၁၇၂ ဦးတို့ရှိသည်ကိုလည်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ထုတ်ပြန်ထားသည်။

ပညာတော်သင်ဆုအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆိုခဲ့သူများ အနက် IELTS အဆင့် 6.5 နှင့်အထက် ညီမျှသော Aptis Test အဆင့် 'C' ဖြင့် အမှတ်အများဆုံး ရရှိသူ ၁၄၂ ဦးအား ပထမအသုတ် လူတွေ့စစ်ဆေးပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

IELTS 5.0 နှင့် 6.5 အကြား အဆင့်နှင့်ညီမျှသော Aptis Test အဆင့် 'B2' အတွက် ဖြေဆိုသူ ၇၃၆ ဦးရှိခဲ့ပြီး ၁၇၂ ဦးကိုလည်း ဒုတိယအသုတ် လူတွေ့စစ်ဆေးရန် စာရင်းထုတ်ပြန်ထားသည်။ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၏ ထုတ်ပြန်ထားသော အမည်စာရင်းတွင် ပါဝင်သူများသည် ပညာရေးဝန်ကြီးဌာန Website တွင် ဖေါ်ပြထားသည့် ကိုယ်ရေးမှတ်တမ်းပုံစံများ ဖြည့်စွက်ကာ မတ်လ ၂၀ ရက်မတိုင်မီ scholamm2015@gmail.comThis email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးပေးပို့ အကြောင်းကြားရမည်ဖြစ်သည်။

မဇ္ဈိမ

0 comments:

Post a Comment