Friday, March 13, 2015

မတ်လ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာသော သတင်းထောက်တစ်ဦးနှင့် ကျောင်းသားနှစ်ဦး၏ အတွေ့အကြုံများ




ကိုရှိုင်းမင်းထက်ဇော်
ရတနာပုံတက္ကသိုလ် ဒုတိယနှစ် (ကုန်ထုတ်ဓာတု)

ကျွန်တော့်ကို ဖမ်းတဲ့အချိန် မှာ ကျွန်တော်က အလံကိုင်ထား တယ်။ သူတို့ဘက်က ခဲလုံးတွေ စရောက်လာတယ်။ ကျွန်တော်တို့ တချို့ ကျောင်းသားတွေက ခဲလုံး နဲ့ တစ်လုံး၊ နှစ်လုံး ပစ်ကြတာမြင် တယ်။ အဲဒါကို သူတို့ဘက်က ခဲတွေရောက်လာပြီး မကြာခင်မှာ ပဲ ကျွန်တော်တို့ဘက်ကို အလုံး အရင်းနဲ့ ၀င်ရိုက်တော့တာ။ ကျွန် တော်က အလံကိုင်ထားတယ်။ ကျွန်တော့်ကို ဆယ့်လေးငါး ယောက်လောက် ၀ိုင်းရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ ဒါ က ဖိနပ်နဲ့ အကန်ခံရတာ(မျက်နှာ မှ ဒဏ်ရာကို ညွှန်ပြ၍)။ ဒါက နံပါတ်တုတ်နဲ့ အရိုက်ခံရတာ (ဦး ခေါင်းမှာ ပတ်တီးဖြင့် ပတ်ထား သည့်ဒဏ်ရာကို ညွှန်ပြ၍)။ ဒီ ကျောကုန်းတွေ၊ နံရိုးတွေ၊ လက် မောင်းတွေမှာဆိုရင် နံပါတ်တုတ် နဲ့ ရိုက်ထားတာ။ သူတို့ကို နဂိုက တည်းက ပြောတယ်။ အေးအေး ဆေးဆေးအဖမ်းခံမယ်။ ဒီလို ကြမ်းကြမ်းတမ်းတမ်းမလုပ်ပါနဲ့ ပြောတယ်။ ဒါကို သူတို့က ကြမ်း ကြမ်းတမ်းတမ်းဝင်ရိုက်တာ။ သူ တို့ကို အီးယူက သင်ပေးထားတာ ဒီလိုမျိုးတွေလုပ်ဖို့ မဟုတ်ဘူး။ နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်ဖို့။ ထောင်ထဲမှာ ပထမဆုံးက ဆေးရုံဆောင်မှာ နေရတယ်။ နောက်ပိုင်းသက်သာလာတော့ ကျန်တဲ့ ကျောင်းသားတွေရှိတဲ့ ဆီပို့တယ်။
ကိုဖြိုးအောင်မြင့်
အကြီတန်းသတင်းထောက်
(The Reporter ဂျာနယ်)

ဘုန်းကြီးကျောင်းထဲက လူ တွေကိုလည်း ဖမ်းတယ်။ အကုန် လုံးနီးပါး ကုန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဘက်မှာ သတင်း ထောက်တွေ ငါးယောက်လောက် ပဲ ကျန်တော့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဆီကို တုတ်နဲ့ ပြေးဝင် လာတဲ့ ရဲနှစ်ယောက်တွေ့တယ်။ နံပါတ်(၁) စဉ်းစားတာက ထွက် ပြေးမယ်ဆိုပြီး တစ်ယောက်ကို လှည့်ပတ်ပြေးတဲ့အချိန်မှာ ထပ် ရိုက်မှာဆိုပြီး မတ်တတ်ရပ်လိုက် တယ်။ သတင်းထောက်ကတ်ပြ တယ်။ အဲဒီရဲက သဘောကောင်း တယ်။ ကာပေးပြီးတော့ အ ဆောင်တစ်ခုထဲမှာ ထားထား တယ်။ ထောင်ထဲမှာတော့ အရိုက်မခံရဘူး။ အရမ်း ဒေါသထွက်နေ တဲ့ ရဲတွေက ကျွန်တော်တို့ကို လာလာရိုက်ဖို့ ကြိုးစားတယ်။ ဖမ်းနေတဲ့အချိန်မှာ ရဲတစ်ယောက်နဲ့ တစ်ယောက် သဘောထားကွဲနေတယ်။ မီဒီယာမှန်းသိရဲ့သားနဲ့ ရိုက်ချင်တဲ့ ရဲရှိသလို၊ မရိုက်ချင်တဲ့ ရဲလည်းရှိတယ်။ ရဲတွေကဘာ ကြောင့်မှန်းမသိဘဲ အရမ်းဒေါသထွက်နေ တယ်။ နောက်တော့ ဟိုင်းလတ်ကား ပေါ် တင်တယ်။ ရိုက်တာခံရတယ်။ကျွန်တော်က မင်းသွေးသစ်နဲ့ လေးယောက်အ တူတူတက်ရတယ်။ မင်းသွေးသစ်နဲ့ နောက်ထပ်သုံးယောက်ကို ၀ိုင်းရိုက်နေတဲ့အချိန်မှာ ကျွန်တော့်ကို ဘယ်သူမှ မရိုက်ဘူး။ အဲဒါကို ရဲ တွေက သတိထားမိလာတော့မှ ကျွန်တော်ကိုပါ ၀ိုင်းရိုက်တော့တာ။

မအောင်မေလွင်
ရတနာပုံတက္ကသိုလ်၊ ဒုတိယနှစ် (ရူပဗေဒ)

ဘုန်းကြီးကျောင်းကို လွတ်မယ်ထင်လို့ ၀င်ပြေးခဲ့တယ်။ ဘုန်းကြီး ကျောင်းကို ရောက်တော့ အပြင်ကနေ ရဲတပ်ဖွဲ့တွေက ၀ိုင်းပြီးတော့ အားလုံးကိုမတရားသဖြင့် ပြောဆိုတယ်။ အဖမ်းခံရတဲ့ အချိန်မှာ အပြင်မှာ ထိုင်ခိုင်းပြီးတော့ ထိုင်တာလည်း အချုပ်သားတွေလို ထိုင်ခိုင်းတယ်။ တစ်ယောက်ချင်းကိုခေါ်ပြီးတော့ တစ်တပ်လုံး ၀ိုင်းရိုက်တယ်။ မင်းတို့ကြောင့် ငါတို့ တစ်နေကုန် တစ်နေခန်း မတ်တတ်ရပ်နေရတယ်။ မင်းတို့က အိပ်လိုက်၊ စားလိုက်နဲ့လို့ပြောတယ်။ ပြီးတော့ သပိတ်မှောက်တဲ့အခါမှာ ခွပ်ဒေါင်းသွေးတွေ နီတယ်ဟေ့၊ နီတယ်ဟေ့လို့ပြောတယ်။ အဲဒါကို မင်းတို့ခွပ်ဒေါင်းသွေးတွေ နီလားဆိုပြီးတော့ပြောပြီး ရိုက်တယ်။ပြီးတော့ သမီးတို့ တန်ဖိုးထားတဲ့ ခွပ်ဒေါင်းအလံကိုလည်း ခြေထောက်နဲ့ နင်းခြေပြီးတော့ ရိုက်ချိုးသွားတယ်။ အချုပ်ကားပေါ်မှာ သွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ရဲမေတွေက သမီးတို့ မိန်းကလေးတွေကိုဘုန်းကြီး တွေနဲ့ပေးစားတယ်။ စောက်ဆင့်မရှိဘူးလို့လည်းပြော တယ်။ ပြောတာကတော့ နှမချင်း ကိုယ်ချင်းမစာနာသလို ပိုးစိုး ပက်စက်ပြောတာ။ ဒီအထဲမှာ သူတို့ သားသမီးပါခဲ့ရင် အဲဒီသားသမီးကို ပါရိုက်ပြီးတော့ သတ်ပစ်မယ်လို့ ပြောတယ်။ သမီးတို့အကုန်လုံးကို လည်း နင်တို့မော့မကြည့်နဲ့ အောက်ဆင်းရင် တစ်ယောက်ချင်းစီ ပါးပိတ်ချမှာလို့လည်း ပြောတယ်။

7Day Daily

0 comments:

Post a Comment