Tuesday, March 17, 2015

ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ



အမျိုးသားတစ်ယောက်ဟာ ချစ်တင်းနှီးနှောနေစဉ်အချိန်အတွင်း သူ့ရဲ့ လိင်အဂါင်္ ကျိုးပျက် သွားခဲ့တဲ့အတွက် နာကျင်မှုများစွာကို ခံစားခဲ့ရပြီးတဲ့နောက် ဘော်စတွန် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။အသက် ၄၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ထိုအမျိုးသားဟာ သူ့ရဲ့ လက်တွဲဖော်နဲ့ ချစ်တင်းနှီးနှောနေစဉ်အတွင်း သူ့လက်တွဲဖော်ရဲ့ ဖင်ညှောင့်ရိုးနဲ့ သူ့ရဲ့ လိင် အင်္ဂါတို့ အမှတ်တမဲ့ ထိခိုက်မိခဲ့ပြီး ကျိုးသွားတဲ့အသံနဲ့အတူ သူ့ရဲ့ လိင်အင်္ဂါ ကျိုးပျက်သွားကြောင်းကို သိရှိခံစားမိခဲ့ပြီး သူ့ လိင်အင်္ဂါ ထိပ်မှလည်း သွေးများ ထွက်လာခဲ့တယ်လို့ သိရပါတယ်။

ဆရာဝန်တွေဟာ ထိုအမျိုးသားရဲ့ လိင်အဂါင်္အတွင်းပိုင်းက ပျော့ပြောင်းတဲ့ တစ်သျှူးများနဲ့ ဖုံးအုပ်ထားတဲ့ ၊ သွေးလည်ပတ်မှုနှုန်းကို ချစ်တင်းနှီးနှောနိုင်မယ့် အနေအထားသို့ ပြောင်းလဲပေးနိုင်မည့် corpus cavernosa ဆိုတဲ့ သွေးကြောတွေ ကျိုးပျက်စေခဲ့တာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဆရာဝန်တွေကတော့ ထိုအမျိုးသားကို ချစ်တင်းနှီးနှောရန် မဖြစ်နိုင်တော့တဲ့ အနေအထားသို့ ရောက်ရှိသွားကြောင်းနဲ့ လိင်အင်္ဂါအတွင်း ကွေးကောက်မှုဖြစ်ပေါ်နေတဲ့ ဝေဒနာကို ခံစား နေရလိမ့်မည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး သူ့ရဲ့ မျိုးဆက်ပြန့်ပွားနိုင်မှု ရဲ့ အာရုံကြောတွေကို လည်း ထိခိုက်ခဲ့တယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။

Ref:dailymail.co.uk

Trend Myanmar

0 comments:

Post a Comment