Wednesday, March 18, 2015

တူနီးရှားတွင် ပြတိုက်လာ ဧည့်သည်များကို တိုက်ခိုက်၍ ၁၉ ဦးသေဆုံး

တူနီးရှားနိုင်ငံ တူးနစ်မြို့တော်ရှိ ဘာဒိုပြတိုက်တွင် လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်ပွား၍ လူ ၁၉ ဦးသေဆုံးရာ အကြမ်းဖက်အစွန်းရောက်များကို ငဲ့ညှာခြင်းမရှိဘဲ တိုက်ခိုက်ခြေမှုန်းသွားမည်ဖြစ်ကြောင်း သမ္မတက ပြောလိုက်သည်။



ပြတိုက်တိုက်ခိုက်မှုအတွင်း ဂျပန်၊ ကိုလံဘီယာ၊ သြစတြေးလျ၊ ပြင်သစ်၊ ပိုလန်နှင့် စပိန်နိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသည် ၁၇ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။ကျန်နှစ်ဦးမှာ တူနီးရှားနိုင်ငံသားများဖြစ်ပြီး တစ်ဦးမှာ ရဲအရာရှိဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့က သေနတ်သမားနှစ်ဦးကို သုတ်သင်လိုက်နိုင်သော်လည်း ကြံရာပါများကို ဆက်လက်ရှာဖွေလျက်ရှိသည်။

တိုက်ခိုက်မှုအတွင်း ကမ္ဘာလှည့်ခရီးသွားများအပါအဝင် လူပေါင်း ၄၀ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

သမ္မတဘီဂျီကတ်အီဆတ်ဘ်စီက နိုင်ငံသည် အကြမ်းဖက်မှုစစ်ပွဲများအတွင်း ရောက်နေရပြီဟု ပြောခဲ့သည်။

REF: BBC

Mizzima

0 comments:

Post a Comment