Tuesday, March 17, 2015

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ခန့်မှန်းကုန်ကျငွေပမာဏ ကျပ်သိန်းသုံးသောင်းရရှိမှသာ ရိုက်ကူးမှုကိုစတင်မည်ဟုဆို


ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ခန့်မှန်းထား သည့်ရန်ပုံငွေကျပ် သိန်းသုံးသောင်း ရရှိမှသာလျှင် ရိုက်ကူးရေးအတွက် စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်မတို့က အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကိုနိုင်ငံတကာ စံချိန်စံနှုန်းနဲ့ အညီ ရိုက်ကူးမှာဖြစ် တဲ့အတွက် နိုင်ငံတကာမှာရုပ်ရှင် ဇာတ်ကား တစ်ကားရိုက်ရင် ကုန် ကျတဲ့ပမာဏအတိုင်းတော့ ကုန်ကျ မှာဖြစ်တဲ့အတွက် ကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီးတော့ကုန်ကျမယ်လို့ တော့မှန်းထားပါတယ်။ ရန်ပုံငွေ ကျပ် သိန်းသုံးသောင်းလောက်မှမ ရသေးရင်တော့ ကျွန်မတို့ဘက်က ရိုက်ကူးရေးစတင်နိုင်ဦးမှာမဟုတ် ပါဘူး''ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ ဘဏ္ဍာရေး မှူး ဒေါ်ထွန်းအိန္ဒြာဗိုက ပြော သည်။ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပ တ္တိ ''အောင်ဆန်း'' ရုပ်ရှင်ဇာတ်ကား ကြီးရိုက်ကူးရာတွင် နိုင်ငံတကာစံ ချိန်စံညွှန်းအမီ ရိုက်ကူးမည်ဖြစ် သောကြောင့် ကျပ်သိန်းပေါင်းသုံး သောင်းကျော်ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးရုံးမှ သိရသည်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာ တွင် ခန့်မှန်းတွက်ချက်ထားသည့် ကျပ် သိန်းပေါင်းသုံးသောင်းနီးပါးရ ရှိမှသာလျှင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကြီး အား စတင်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။




ယခုအခါတွင်''အောင်ဆန်း''ရုပ် ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် ရန် ပုံငွေမှာ ကျပ်သိန်းတစ်ထောင်ကျော် သာရရှိထားခြင်းကြောင့် အဆိုပါ ရုပ် ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် ရန်ပုံငွေမြောက်မြားစွာလိုအပ်နေ သေးကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် ဇာတ်ညွှန်းရေးသားခြင်းနှင့်ရွေးချယ် ထားသည့် သရုပ်ဆောင်များအား သင်တန်းပေးခြင်းမှာလည်း အဆင် သင့်ဖြစ်နေပြီဖြစ်သော်လည်း အဆို ပါရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အ တွက် ရန်ပုံငွေလုံလောက်ခြင်းမရှိခြင်း ကြောင့် ရိုက်ကူးနိုင်ခြင်းမရှိသေး ကြောင်း သိရသည်။

ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အ ထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ တွင် နှင်းဆီအဖွဲ့သားများကပြဖျော် ဖြေရာမှာရရှိထားသော ရန်ပုံငွေ ကျပ် ၇၆၇သိန်းကိုလည်း ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်းသို့ နှင်းဆီအဖွဲ့သားများမှ မတ် ၁၅ရက်တွင် ပေးအပ်လှူဒါန်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

''နှင်းဆီအငြိမ့်''ရန်ပုံငွေဖျော် ဖြေပွဲသည်ဗိုလ်ချုပ်အောင်ဆန်းအ တ္ထုပ္ပတ္တိဇာတ်ကားဖြစ်သော''အောင် ဆန်း''ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်သည်ရန်ပုံငွေရှာဖွေပွဲဖြစ် ကြောင်း သိရသည်။


ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

0 comments:

Post a Comment