Monday, May 4, 2015

NCCT မှ နုတ်ထွက်မည်ဆိုသော လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို ပြန်စဉ်းစားရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ တိုက်တွန်း


UWSA မှ စစ်ဦးစီးချုပ် ဦးပေါက်ယူချန်နှင့် NCA မှ နုတ်ထွက်မည်ဆိုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့မှ ခေါင်းဆောင်အချို့ကို တွေ့ရစဉ်

ပန်ဆန်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး အစည်းအဝေး စတုတ္ထနေ့တွင် မြန်မာ့တပ်မတော်နှင့် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့ သုံးဖွဲ့က တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့(NCCT) မှ နုတ်ထွက်ရန် ဆွေးနွေးတင်ပြခဲ့ပြီး ‘၀’ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ခေါင်း ဆောင်များက ပြန်လည်စဉ်းစား ရန် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။မေလ ၄ ရက် ပန်ဆန်းထိပ် သီးအစည်းအဝေးစတုတ္ထနေ့တွင် မြန်မာ့တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်၍ တိုက်ပွဲများဖြစ်ပွား နေသော ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် ကိုးကန့်အဖွဲ့တို့က NCCT မှ နုတ်ထွက်ရန် ဆွေးနွေးတင်ပြခဲ့ ခြင်းဖြစ်သည်။အစည်းအဝေးအပြီးတွင် အထက်ပါအဖွဲ့ သုံးဖွဲ့နှင့် UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူ ချန်တို့ မီဒီယာများ ရှေ့မှောက် တွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် AA နှင့် PSLF/ TNLA တို့ နှစ်ဖွဲ့ပေါင်း တွေ့ဆုံခဲ့ ပြီး ကိုးကန့်အဖွဲ့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

UWSA ဒုစစ်ဦးစီးချုပ် ဦးကျောက်ကြုံးတန်းကAA နှင့် PSLF/TNLA ခေါင်းဆောင်များ ကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ပဏာမအဆင့်ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်း (NCA) ချုပ်ဆိုခဲ့ခြင်းအပေါ် ၎င်း တို့အနေဖြင့် ခံစားမှုများရှိကြောင်း ပြောဆိုခဲ့သည်။

‘‘NCCT အဖွဲ့ကနေပြီးတော့ ခင်ဗျားတို့အတွက် မစဉ်းစားဘူး။ ခင်ဗျားတို့ အခြေအနေတွေ ဒီလို ဖြစ်နေတဲ့ ကြားကာလမှာ စာချုပ် ကို ချုပ်ဆိုတော့ ခင်ဗျားတို့ ခံစား မှုတွေရှိတယ်။ ခံစားချက်ရှိလို့ပဲ ဒီအစည်းအဝေးမှာ တင်ပြခဲ့တာ’’ ဟု ဦးကျောက်ကြုံးတန်းကပြောသည်။

အခက်အခဲများကြားမှ NCCT တွင် ပါဝင်ဆွေးနွေးနေ သော်လည်း တိုက်ပွဲများ ရပ်တန့် ခြင်းမရှိသောကြောင့် နုတ်ထွက် ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း PSLF/TNLA ဒုဥက္ကဋ္ဌ တားဂျုတ် ဂျားက ပြောသည်။

‘‘သဘောတူညီချက်မူကြမ်း လုပ်တဲ့အချိန်မှာ ပလောင်ဒေသ မှာ တိုက်ပွဲတွေ တော်တော်ပြင်း ထန်နေပါတယ်’’ ဟု ၎င်းက UWSP ခေါင်းဆောင်များကို တင် ပြခဲ့သည်။

‘‘ဒါကြောင့် ဒီနေ့အစည်းအ ဝေးမှာ NCCT ကနေ နုတ်ထွက်ဖို့ တင်ပြရတာဖြစ်ပါတယ်’’ဟု ၎င်း က ဆက်လက်ပြောသည်။

UWSP ခေါင်းဆောင်များ ကမူ အဆိုပါကိစ္စကို အခြေအနေ ပေးပါက ဆက်လက်ဆွေးနွေးနိုင် ပြီး ပြန်လည်စဉ်းစားရန် အကြံပြု တိုက်တွန်းခဲ့သည်။

7Day Daily

0 comments:

Post a Comment