Monday, May 4, 2015

ဗကသများအဖွဲ့ချုပ် (၇၉) နှစ်ပြည့်နှင့် လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရမှု (၂)လပြည့်အထိမ်းအမှတ်ပြုလုပ်မည်

လက်ပံတန်းမြို့တွင် ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲခဲ့စဉ် (ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ များ)အဖွဲ့ချုပ် (၇၉) နှစ်ပြည့်နှင့် ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်း လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံရသည့် (၂) လပြည့်အထိမ်းအမှတ်အခမ်းအ နားကို မေလ ၁၀ ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သုခ ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါအခမ်းအနားတွင် လက်ပံတန်းမြို့၌ သပိတ်မှောက်ကျောင်းသားများ အကြမ်းဖက်ဖြို ခွင်းခံရသည့် မှတ်တမ်းဓာတ်ပုံပြ ပွဲ၊ ကဗျာရွတ်ဆိုပွဲ၊ သီချင်းဆိုပွဲ၊ သရုပ်ဖော်ပြကွက်များ ပြုလုပ် မည်ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ဗကသကျောင်းသားခေါင်းဆောင်များ၏ ရုပ်သံမှတ်တမ်းများ၊ ၎င်းတို့ မိဘများ၏ ရုပ်သံမှတ်တမ်းများ၊ ပြန်လည်လွတ်မြောက်လာသည့် ဗကသကျောင်းသားများ၏ စကားသံများကိုပါ ပြသမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ သိရသည်။

‘‘ဗကသများအဖွဲ့ချုပ် ဖွဲ့ စည်းခဲ့တာ ၇၉ နှစ်လည်းရှိပြီ။ ပြီး တော့ လက်ပံတန်းအကြမ်းဖက်ခံ ရတာ နှစ်လပြည့်လည်းဖြစ်တဲ့အ တွက် ဒီလိုအခမ်းအနားလုပ်ဖြစ် တာပါ။ ဗကသအဆက်ဆက် စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပညာရေးကို တောင်းဆိုခဲ့ တာကို ပြည်သူတွေကို သိစေချင် လို့ လုပ်ဖြစ်တာပါ။ လက်ရှိ ဖမ်း ဆီးခံထားရတဲ့သူတွေ လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမှာပါ’’ဟု ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်နေပိုင်က ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသများ) ဦးဆောင်သည့် ကျောင်းသား ပင်မသပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့၌ မတ်လ ၁၀ ရက်တွင် ရဲများက အကြမ်းဖက်ဖြိုခွင်းပြီး နောက် ကျောင်းသားနှင့် ၀န်းရံ ပြည်သူ ၁၂၇ ဦးကို သာယာဝတီ ထောင်အတွင်း ဖမ်းဆီးခဲ့ပြီး ၎င်း တို့အနက်မှ ၅၀ ဦး ပြန်လွှတ်ပေးခဲ့ ကာ ကျန်လူများကို တရားစွဲဆို ထားရှိသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)အဖွဲ့ကို ၁၉၃၆ မေလ ၈ ရက်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ကိုရာရှစ်၊ ကိုအောင် ဆန်း၊ ကိုဗဟိန်းစသူတို့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင် ၂၆ ခုရှိ ဗကသအဖွဲ့ဝင် ကျောင်းသားများ၊ နိုင်ငံရေးပါတီ များ၊ အရပ်ဘက်လူ့အဖွဲ့အစည်း များကို ဖိတ်ကြားမည်ဖြစ်ပြီး လူအင်အား ၅၀၀ ခန့်တက်ရောက်ရန် စီစဉ်ထားကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ သိရသည်။

7Day Daily

0 comments:

Post a Comment