၁။ ထိုင်းနိုင်ငံ၊ Koh Racha Noi ဒေသကနေ ရေမိုင် ၁၆ မိုင် ဝေးကွာတဲ့နေရာမှာ Sor Pattana 12 အမည်ရှိ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကို သတင်းရရှိတာက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ မနက် ဆယ်နာရီခွဲအချိန်ကဖြစ်တယ်လို့ ဖူးခက်ငါးဖမ်းလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
၂။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ Cape Panwa မှာအခြေစိုက်တဲ့ ထိုင်းတော်ဝင်ရေတပ် Third Area Command ကို အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့်မလို့ ထိုင်းစစ်သင်္ဘော Tor 992 ကို စေလွှတ်ပြီး လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်စေခဲ့ပါတယ်။ ငါးဖမ်းသင်္ဘောကို မီးငြိမ်းသတ်ပြီးတဲ့နောက်မှာ ဖူးခက်ဆိပ်ကမ်းကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
၃။ ငါးဖမ်းသင်္ဘော Sor Pattana 12 မှာ ငါးဖမ်းလုပ်သား ၃ ဦး ပါဝင်ပါတယ်။ ပဲ့နင်းမှူးက ထိုင်းလူမျိုး Capt Suren Kiannok အသက် ၆၀ နှစ်၊ မြန်မာလူမျိုး ၂ ဦးဖြစ်တဲ့ Maung Thein အသက် ၄၆ နှစ်နဲ့ Zaw Myo Aung အသက် ၂၇ နှစ်တို့ ဖြစ်ပါတယ်။ မီးလောင်ဒဏ်ရာရရှိသူက မြန်မာလူမျိုး ၂ ဦးဖြစ်ပြီး စိုးရိမ်ရတဲ့တစ်ဦးကို ဆေးရုံအမြန်ဆုံးပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Source : thephuketnews.com Ref : ပင်လယ်ရေကြောင်း #Myanmar_Online_News
<<Zawgyi>>
ထိုင်းနိုင်ငံတွင် ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှုကြောင့် မြန်မာရေလုပ်သားတစ်ဦး မီးလောင်ဒဏ်ရာရရှိ
Friday , January 10 , 2020
၁။ ထိုင်းနိုင်ငံ၊ Koh Racha Noi ဒေသကနေ ရေမိုင် ၁၆ မိုင် ဝေးကွာတဲ့နေရာမှာ Sor Pattana 12 အမည်ရှိ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကို သတင်းရရှိတာက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ မနက် ဆယ်နာရီခွဲအချိန်ကဖြစ်တယ်လို့ ဖူးခက်ငါးဖမ်းလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
၂။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ Cape Panwa မှာအခြေစိုက်တဲ့ ထိုင်းတော်ဝင်ရေတပ် Third Area Command ကို အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့်မလို့ ထိုင်းစစ်သင်္ဘော Tor 992 ကို စေလွှတ်ပြီး လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်စေခဲ့ပါတယ်။ ငါးဖမ်းသင်္ဘောကို မီးငြိမ်းသတ်ပြီးတဲ့နောက်မှာ ဖူးခက်ဆိပ်ကမ်းကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
၃။ ငါးဖမ်းသင်္ဘော Sor Pattana 12 မှာ ငါးဖမ်းလုပ်သား ၃ ဦး ပါဝင်ပါတယ်။ ပဲ့နင်းမှူးက ထိုင်းလူမျိုး Capt Suren Kiannok အသက် ၆၀ နှစ်၊ မြန်မာလူမျိုး ၂ ဦးဖြစ်တဲ့ Maung Thein အသက် ၄၆ နှစ်နဲ့ Zaw Myo Aung အသက် ၂၇ နှစ်တို့ ဖြစ်ပါတယ်။ မီးလောင်ဒဏ်ရာရရှိသူက မြန်မာလူမျိုး ၂ ဦးဖြစ်ပြီး စိုးရိမ်ရတဲ့တစ်ဦးကို ဆေးရုံအမြန်ဆုံးပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
Source : thephuketnews.com Ref : ပင်လယ်ရေကြောင်း #Myanmar_Online_News

0 comments:
Post a Comment