Monday, January 20, 2020

ပါရာဂွေးအကျဉ်းထောင်မှ အကျဉ်းသား ၇၆ ဦး သန့်စင်ခန်းမှတစ်ဆင့် မြောင်းတူးကာ ထောင်ဖောက်ပြေး

Image may contain: one or more people, car and outdoor

ဇန်နဝါရီ ၁၉ ရက်က ဘရာဇီးနိုင်ငံနယ်စပ်အနီးရှိ ပါရာဂွေးအကျဉ်းထောင်မှ အကျဉ်းသား ၇၆ ဦး ထောင်ဖောက်ပြေးခဲ့ကြပြီး အများစုမှာ ဘရာဇီးမူးယစ်နှင့်လက်နက်ကုန်ကူးသည့် လူဆိုးဂိုဏ်းမှ ဖြစ်ကြောင်း သိရသည်။

ထောင်ဖောက်ပြေးသွားသည့်အကျဉ်းသားများထဲတွင် ဘရာဇီးနိုင်ငံသား ၄၀ ဦးနှင့် ပါရာဂွေးနိုင်ငံသား ၃၆ ဦး ပါဝင်ကာ ပါရာဂွေးနယ်စပ်မြို့ ဖြစ်သည့် ပက်ဒရိုယန်ကာဘရယ်လိုမြို့အကျဉ်းထောင် သန့်စင်ခန်းမှတစ်ဆင့် မြောင်းတူးကာ ထွက်ပြေးသွားကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးက ပြောသည်။
ပါရာဂွေးနှင့် လမ်းပင်ခြားသည့် ဘရာဇီးနယ်စပ်မြို့ ပွန်တာပိုရာတွင် ထောင်ဖောက်ပြေးသူများ အသုံးပြုခဲ့သည့် မီးလောင်ပျက်စီးနေသော ယာဉ် ၅ စီးကိုလည်း တွေ့ရသည်။
အကျဉ်းသားများလွတ်မြောက်သွားမှုအတွက် ထောင်အရာအရှိများကိုလည်း သံသယဖြစ်လျက်ရှိပြီး လွတ်မြောက်သွားသူထဲတွင် အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်သူလည်း ပါဝင်နေသည့်အတွက် အန္တရာယ်များ ကြောင်း၊ ထွက်ပြေးသွားသည့် တူးမြောင်းပေါက်နှင့် အနီးဆုံးလုံခြုံရေးဂိတ်မှာ ၂၅ မီတာခန့်သာကွာဝေးကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် နေရာတစ်ဝိုက်တွင် ရဟတ်ယာဉ်များအားဖြည့်ကာ အထူးရဲတပ်ဖွဲ့များဖြင့် ရှာဖွေလျက်ရှိကြောင်း ပါရာဂွေးပြည်ထဲရေးဝန်ကြီးက ပြောသည်။
Image may contain: outdoor and nature
Source- AFP #Myanmar_Online_News

<zawgyi>
ပါရာဂွေးအကျဉ်းထောင်မှ အကျဉ်းသား ၇၆ ဦး သန့်စင်ခန်းမှတစ်ဆင့် မြောင်းတူးကာ ထောင်ဖောက်ပြေး
Monday , January 20 , 2020

ဇန်နဝါရီ ၁၉ ရက်က ဘရာဇီးနိုင်ငံနယ်စပ်အနီးရှိ ပါရာဂွေးအကျဉ်းထောင်မှ အကျဉ်းသား ၇၆ ဦး ထောင်ဖောက်ပြေးခဲ့ကြပြီး အများစုမှာ ဘရာဇီးမူးယစ်နှင့်လက်နက်ကုန်ကူးသည့် လူဆိုးဂိုဏ်းမှ ဖြစ်ကြောင်း သိရသည်။
ထောင်ဖောက်ပြေးသွားသည့်အကျဉ်းသားများထဲတွင် ဘရာဇီးနိုင်ငံသား ၄၀ ဦးနှင့် ပါရာဂွေးနိုင်ငံသား ၃၆ ဦး ပါဝင်ကာ ပါရာဂွေးနယ်စပ်မြို့ ဖြစ်သည့် ပက်ဒရိုယန်ကာဘရယ်လိုမြို့အကျဉ်းထောင် သန့်စင်ခန်းမှတစ်ဆင့် မြောင်းတူးကာ ထွက်ပြေးသွားကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးက ပြောသည်။
ပါရာဂွေးနှင့် လမ်းပင်ခြားသည့် ဘရာဇီးနယ်စပ်မြို့ ပွန်တာပိုရာတွင် ထောင်ဖောက်ပြေးသူများ အသုံးပြုခဲ့သည့် မီးလောင်ပျက်စီးနေသော ယာဉ် ၅ စီးကိုလည်း တွေ့ရသည်။
အကျဉ်းသားများလွတ်မြောက်သွားမှုအတွက် ထောင်အရာအရှိများကိုလည်း သံသယဖြစ်လျက်ရှိပြီး လွတ်မြောက်သွားသူထဲတွင် အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်သူလည်း ပါဝင်နေသည့်အတွက် အန္တရာယ်များ ကြောင်း၊ ထွက်ပြေးသွားသည့် တူးမြောင်းပေါက်နှင့် အနီးဆုံးလုံခြုံရေးဂိတ်မှာ ၂၅ မီတာခန့်သာကွာဝေးကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် နေရာတစ်ဝိုက်တွင် ရဟတ်ယာဉ်များအားဖြည့်ကာ အထူးရဲတပ်ဖွဲ့များဖြင့် ရှာဖွေလျက်ရှိကြောင်း ပါရာဂွေးပြည်ထဲရေးဝန်ကြီးက ပြောသည်။

0 comments:

Post a Comment