ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် (၄၀) ဦးသာကျန်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ဆွေးနွေးမှု ပြီးစီးအောင်ဆောင်ရွက်ပြီးဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ကော်မတီတွင် ပါဝင်သည့် နိုင်ငံရေးပါတီများ၊ အစုအဖွဲ့အသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့မှတင်ပြခဲ့သည့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက် များအပေါ် ပြင်ဆင်သည့်ဥပဒေကြမ်းကို ဆန္ဒပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်းအပါအဝင် အခန်း(၁) နိုင် ငံတော်အခြေခံမူများ အခန်းမှစ၍ အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များ၊ ဇယား ၁ မှ ဇယား ၅ ထိဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်လုံးကို ပြီးစီးအောင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
ပြင်ဆင်သည့်ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခြေ/ဥ ပြင်ဆင်ရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ လာမည့် ၁၅ ကြိမ်မြောက် ပြည် ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ခြေ/ဥ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်ကာ ဥပဒေကြမ်း ၃ ခု ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားကြောင်းလည်း သိရသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ခြေ/ဥ ပြင်ဆင်ရေး ဥပဒေ ကြမ်း ၂ ခုကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားကြောင်း သိရသည်။
Ref ; The Fifth Wave News
<zawgyi>
ခြေ/ဥ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ဥပဒေကြမ်းရေးဆွဲရန် အခန်းအားလုံး ဆွေးနွေးမှုပြီးစီး
Monday , January 13 , 2020

0 comments:
Post a Comment