Saturday, January 11, 2020

ကျောက်တံခါးမှာ ဆင်နှစ်ကောင်စိတ်ရိုင်းဝင်ပြီး ဆင်ဦးစီးနှစ်ယောက်အား နင်းသတ်

Image may contain: 1 person, standing and sunglasses

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ထဲက ဝန်ချောင်းထဲမှာ မနေ့က ဆင်တွေကိုရေချနေတဲ့အချိန် ဆင်နှစ်ကောင်ဟာ စိတ်ရိုင်းဝင်ပြီး ဆင်ဦးစီးနှစ်ယောက်ကို နင်းသတ်မှုဖြစ်ပွားခဲ့တယ်လို့ တောကျွဲအင်းနယ်မြေရဲစခန်းက သိရပါတယ်။

အဲ့ဒီဆင်ဦးစီးနှစ်ယောက်ကို စောရွှေတိုးဆိုတဲ့ဆင်နဲ့ ဦးကျော်လင်းမြင့်ကို မြင့်စိုးဦးဆိုတဲ့ ဆင်က နင်းသတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ “ကျွန်တော်တို့အခုသေမှုသေခင်းနဲ့ပဲအမှုဖွင့်ထားပါတယ်။ ဆင်တွေကတော့ဒီနေ့ပြန်ဖမ်းမိပါပြီ ရန်ကုန်က ရုံးချုပ်က မေ့ဆေးသေနတ်တွေနဲ့လာပြီးတော့ပစ်ဖမ်းသွားတာပါ” လို့ ကျွဲအင်းနယ်မြေရဲစခန်းက ခေတ္တစခန်းမှူး ဒုရဲအုပ်တင်ရီက O Media ကို ပြောပါတယ်။
သေဆုံးသူတွေကို အောင်မြင့်မြို့မေတ္တာရှင်လူမှုကူညီရေးအသင်းက အောင်မြင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွဲအင်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၀ နဲ့ စစ်ဆေးဆောင်ရွက် နေတယ်လို့ သိရပါတယ်။
Source-Omedia #Myanmar_Online_News

<zawgyi>
ကျောက်တံခါးမှာ ဆင်နှစ်ကောင်စိတ်ရိုင်းဝင်ပြီး ဆင်ဦးစီးနှစ်ယောက်အား နင်းသတ်
Saturday,January 11 ,2019

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ထဲက ဝန်ချောင်းထဲမှာ မနေ့က ဆင်တွေကိုရေချနေတဲ့အချိန် ဆင်နှစ်ကောင်ဟာ စိတ်ရိုင်းဝင်ပြီး ဆင်ဦးစီးနှစ်ယောက်ကို နင်းသတ်မှုဖြစ်ပွားခဲ့တယ်လို့ တောကျွဲအင်းနယ်မြေရဲစခန်းက သိရပါတယ်။
အဲ့ဒီဆင်ဦးစီးနှစ်ယောက်ကို စောရွှေတိုးဆိုတဲ့ဆင်နဲ့ ဦးကျော်လင်းမြင့်ကို မြင့်စိုးဦးဆိုတဲ့ ဆင်က နင်းသတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ “ကျွန်တော်တို့အခုသေမှုသေခင်းနဲ့ပဲအမှုဖွင့်ထားပါတယ်။ ဆင်တွေကတော့ဒီနေ့ပြန်ဖမ်းမိပါပြီ ရန်ကုန်က ရုံးချုပ်က မေ့ဆေးသေနတ်တွေနဲ့လာပြီးတော့ပစ်ဖမ်းသွားတာပါ” လို့ ကျွဲအင်းနယ်မြေရဲစခန်းက ခေတ္တစခန်းမှူး ဒုရဲအုပ်တင်ရီက O Media ကို ပြောပါတယ်။
သေဆုံးသူတွေကို အောင်မြင့်မြို့မေတ္တာရှင်လူမှုကူညီရေးအသင်းက အောင်မြင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွဲအင်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၀ နဲ့ စစ်ဆေးဆောင်ရွက် နေတယ်လို့ သိရပါတယ်။
Source-Omedia #Myanmar_Online_News

0 comments:

Post a Comment