မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေရှိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ၉ တန်းကျောင်းသား ၁ ဦး နှင့် ကျောင်းသူ ၂ ဦး ဇန်နဝါရီလ ၁၂ ရက်နေ့က ပျောက်ဆုံးသွားကြောင်းသိရပါတယ်။
မြိတ်တောင်ကျေးရွာအုပ်စု၊ ရာပြည့် ၆ လမ်းမှာနေထိုင်တဲ့ မမိုးမိုးလှိုင်(၁၅)နှစ်၊ဆိုသူက ၁၂ ရက်နေ့၊ညနေ ၃ နာရီ အချိန်က ကျူရှင်သွားမည်ဟုပြောဆိုပြီး နေအိမ်မှထွက်သွားရာ အိမ်ပြန်ချိန်ရောက်တဲ့အထိ ပြန်မရောက်လာတာကြောင့် အုပ်ထိန်းသူများက လိုက်လံစုံစမ်းရာ ၎င်းနှင့်အတူ အ.ထ.က(၂)မှာ တစ်ခန်းတည်းအတူပညာသင်ကြားနေတဲ့ ပါရမီ ၂ ရပ်ကွက်မှ
မောင်ကောင်းသြဇာထက်(၁၆)နှစ်၊ နှင့် မဆွေဇင်ဝင်း (၁၆)နှစ် တို့ ၃ ဦးစလုံး အဆက်အသွယ်မရပဲပျောက်ဆုံးနေကြောင်းသိရပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီးအုပ်ထိန်းသူများမှမြိတ်မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီး၊ ပုံပါ ကျောင်းသား/ သူ ၃ ဦးအား တွေ့ရှိပါက သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားပေးကြပါရန် အကူအညီတောင်းခံအပ်ပါတယ်။

ဆက်သွယ်ရန် ~ ~
Ph 09 269 049 485
သတင်း - မြတ်ထွဋ် (မြိတ်)
<zawgyi>
မြိတ်တွင် ၉ တန်း ကျောင်းသား ၃ ဦး ပျောက်ဆုံးနေ
Monday , January 13 , 2020
မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေရှိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ၉ တန်းကျောင်းသား၁ ဦး နှင့် ကျောင်းသူ ၂ ဦး ဇန်နဝါရီလ ၁၂ ရက်နေ့က ပျောက်ဆုံးသွားကြောင်းသိရပါတယ်။
မြိတ်တောင်ကျေးရွာအုပ်စု၊ ရာပြည့် ၆ လမ်းမှာနေထိုင်တဲ့ မမိုးမိုးလှိုင်(၁၅)နှစ်၊ဆိုသူက ၁၂ ရက်နေ့၊ညနေ ၃ နာရီ အချိန်က ကျူရှင်သွားမည်ဟုပြောဆိုပြီး နေအိမ်မှထွက်သွားရာ အိမ်ပြန်ချိန်ရောက်တဲ့အထိ ပြန်မရောက်လာတာကြောင့် အုပ်ထိန်းသူများက လိုက်လံစုံစမ်းရာ ၎င်းနှင့်အတူ အ.ထ.က(၂)မှာ တစ်ခန်းတည်းအတူပညာသင်ကြားနေတဲ့ ပါရမီ ၂ ရပ်ကွက်မှ
မောင်ကောင်းသြဇာထက်(၁၆)နှစ်၊ နှင့် မဆွေဇင်ဝင်း (၁၆)နှစ် တို့ ၃ ဦးစလုံး အဆက်အသွယ်မရပဲပျောက်ဆုံးနေကြောင်းသိရပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီးအုပ်ထိန်းသူများမှမြိတ်မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီး၊ ပုံပါ ကျောင်းသား/ သူ ၃ ဦးအား တွေ့ရှိပါက သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားပေးကြပါရန် အကူအညီတောင်းခံအပ်ပါတယ်။
ဆက်သွယ်ရန် ~ ~
Ph 09 269 049 485
သတင်း - မြတ်ထွဋ် (မြိတ်)

0 comments:
Post a Comment