Wednesday, January 22, 2020

ဆူဒန်တိရစ္ဆာန်ဥယျာဉ်ထဲက အာဟာရချို့တဲ့နေတဲ့ ခြင်္သေ့ငါးကောင်ထဲက တစ်ကောင်သေဆုံး

Image may contain: text
ဆူနိုင်ငံမြို့တော်ရှိ တိရစ္ဆာန်ဥယျာဉ်ထဲက အာဟာရချို့တဲ့နေတဲ့ ခြင်္သေ့ငါးကောင်ထဲက တစ်ကောင် သေဆုံးသွား ပြီဖြစ်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်ထဲက အရိုးပေါ်အရေတင်ခြင်္သေ့တွေကို မြင်တွေ့ခဲ့တဲ့ အိုစမာ စလီ ဆိုသူက ဒီခြင်္သေ့တွေကို စောင့်ရှောက်ရေးအတွက် ပြည်သူတွေနဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့တွေအား အကူအညီတောင်းခံတဲ့ စာကို သူ့ရဲ့လူမုွကွန်ယက်စာမျက်နှာပေါ် ကနေ #Sudananimalrescue စာဖြင့် လှုံဆော်နေစဉ်မှာဘဲ အခုလို တစ်ကောင်သေဆုံးသွားတာဖြစ်ပါတယ်။
ဖျားနာနေတဲ့ ခြင်္သေ့မနှစ်ကောင်ထဲက တစ်ကောင်ဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့ပေမယ့် တစ်ကောင်ကိုတော့ ကယ်ဆယ်လိုက်နိုင်တယ်လို့ မြို့တော် ကာတွန်း ရှိ အယ်လ် ကွာရှီတိရစ္ဆာန်ဥယျာဉ်ရဲ့ မန်နေဂျာက ပြောပါတယ်။ ခြင်္သေ့တွေအတွက် အစားအစာက အမြဲမရရှိနိုင်ဘူး၊ ဝန်ထမ်းတွေရဲ့ ပိုက်ဆံကို အသုံးပြုပြီး မကြာခဏဝယ်ကျွေး နေရကြောင်း မန်နေဂျာက ဆက်ပြောပါတယ်။
အယ်လ်ကွာရှီ တိရစ္ဆာန်ဥယျာဉ်ဟာ ကာတွန်းမြို့စည်ပင်သာယာရေးနဲ့ ပုဂ္ဂလိက အလှုရှင်တွေရဲ့ ငွေကြေးနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်းမှာ ခြင်္သေ့တွေရဲ့ အခြေအနေဆိုးလာကြောင်း တချို့ခြင်္သေ့တွေရဲ့ ကိုယ်အလေးချိန်ဟာ သုံးပုံနှစ်ပုံလောက်အထိ လျော့ကျသွားကြောင်း တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေနဲ့ ဆေးကုသရေး အဖွဲ့က ပြောပါတယ်။
အာဖရိက ခြင်္သေ့မျိုးဟာ ပျောက်ကွယ်မှာကို စိုးရိမ်ရတဲ့ မျိုးစိတ်ဖြစ်ကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းအဖွဲ့က ထုတ်ပြန်ပါတယ်။ အာဖရိက ခြင်္သေ့မျိုးဟာ ၁၉၉၃ ကနေ ၂၀၁၄ အတွင်း ၄၃ ရာခိုင် နှုန်း ကျဆင်း ခဲ့ပြီး ဒီကနေ့ချိန်မှာတော့ အကောင်ရေ ၂၀,၀၀၀ သာ ကျန်တော့ကြောင်း သိရပါတယ်။
Image may contain: outdoor

Ref ; AFP
<zawgyi>
ဆူဒန်တိရစ္ဆာန်ဥယျာဉ်ထဲက အာဟာရချို့တဲ့နေတဲ့ ခြင်္သေ့ငါးကောင်ထဲက တစ်ကောင်သေဆုံး
Wednesday , January 22 , 2020
ဆူနိုင်ငံမြို့တော်ရှိ တိရစ္ဆာန်ဥယျာဉ်ထဲက အာဟာရချို့တဲ့နေတဲ့ ခြင်္သေ့ငါးကောင်ထဲက တစ်ကောင် သေဆုံးသွား ပြီဖြစ်ပါတယ်။
တိရစ္ဆာန်ဥယျာဉ်ထဲက အရိုးပေါ်အရေတင်ခြင်္သေ့တွေကို မြင်တွေ့ခဲ့တဲ့ အိုစမာ စလီ ဆိုသူက ဒီခြင်္သေ့တွေကို စောင့်ရှောက်ရေးအတွက် ပြည်သူတွေနဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့တွေအား အကူအညီတောင်းခံတဲ့ စာကို သူ့ရဲ့လူမုွကွန်ယက်စာမျက်နှာပေါ် ကနေ #Sudananimalrescue စာဖြင့် လှုံဆော်နေစဉ်မှာဘဲ အခုလို တစ်ကောင်သေဆုံးသွားတာဖြစ်ပါတယ်။
ဖျားနာနေတဲ့ ခြင်္သေ့မနှစ်ကောင်ထဲက တစ်ကောင်ဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့ပေမယ့် တစ်ကောင်ကိုတော့ ကယ်ဆယ်လိုက်နိုင်တယ်လို့ မြို့တော် ကာတွန်း ရှိ အယ်လ် ကွာရှီတိရစ္ဆာန်ဥယျာဉ်ရဲ့ မန်နေဂျာက ပြောပါတယ်။ ခြင်္သေ့တွေအတွက် အစားအစာက အမြဲမရရှိနိုင်ဘူး၊ ဝန်ထမ်းတွေရဲ့ ပိုက်ဆံကို အသုံးပြုပြီး မကြာခဏဝယ်ကျွေး နေရကြောင်း မန်နေဂျာက ဆက်ပြောပါတယ်။
အယ်လ်ကွာရှီ တိရစ္ဆာန်ဥယျာဉ်ဟာ ကာတွန်းမြို့စည်ပင်သာယာရေးနဲ့ ပုဂ္ဂလိက အလှုရှင်တွေရဲ့ ငွေကြေးနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်းမှာ ခြင်္သေ့တွေရဲ့ အခြေအနေဆိုးလာကြောင်း တချို့ခြင်္သေ့တွေရဲ့ ကိုယ်အလေးချိန်ဟာ သုံးပုံနှစ်ပုံလောက်အထိ လျော့ကျသွားကြောင်း တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေနဲ့ ဆေးကုသရေး အဖွဲ့က ပြောပါတယ်။
အာဖရိက ခြင်္သေ့မျိုးဟာ ပျောက်ကွယ်မှာကို စိုးရိမ်ရတဲ့ မျိုးစိတ်ဖြစ်ကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းအဖွဲ့က ထုတ်ပြန်ပါတယ်။ အာဖရိက ခြင်္သေ့မျိုးဟာ ၁၉၉၃ ကနေ ၂၀၁၄ အတွင်း ၄၃ ရာခိုင် နှုန်း ကျဆင်း ခဲ့ပြီး ဒီကနေ့ချိန်မှာတော့ အကောင်ရေ ၂၀,၀၀၀ သာ ကျန်တော့ကြောင်း သိရပါတယ်။
Ref ; AFP

0 comments:

Post a Comment