Thursday, January 16, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သမ္မတတို့ လုံခြုံရေး ကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိ

Image may contain: 2 people, people sitting

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ လာရောက်မည့် သူ၏ ခရီးစဉ်အတွင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးလာဖွယ် ရှိကြောင်း သိရှိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံမှ သံအမတ်များ၊ အထူးကိုယ်စားလှယ်များ တွေ့ဆုံသည့် အချိန်တိုင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ကို ဆွေး နွေး လေ့ရှိကြောင်းသိရှိရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “တပ်ချုပ်နဲ့တွေ့ရင်တော့ လုံခြုံရေး ကိစ္စရပ်တွေ အဓိကထား ဆွေးနွေးမှာ ပေါ့ဗျာ၊ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်မှာ TNLA က လက်နက်တိုက်တွေ မိတဲ့အခါမှာ လက်နက်ပေါင်း ၁၇၀ ရှိတယ်။ အဲထဲမှာ အမေရိကန်လုပ်တဲ့ M16 သေနတ်က ၉ လက်ပဲပါတယ်။ ကျန်တာက တရုတ်လက်နက်တွေ ချည်းပဲ။ အဲအထဲမှာ ပခုံးထမ်း လောင်ချာတွေလည်း ပါတာပေါ့။ တပ်မတော်ကလည်း အခုစစ်ဆင်ရေးမှာ ရဟတ်ယာဉ်တွေ သုံးနေတဲ့အခါ အဲကိစ္စတွေက တပ်မတော်အတွက်တော့ ထိခိုက်နစ်နာမှုကြီး လာနိုင်တယ်။ ဆိုတော့ အဲကိစ္စတွေအကြောင်းကို ကျွန်တော်တော့ ပြော သင့် တယ်လို့ ထင်ပါတယ်။ အခုက သံတမန်ရေးကိစ္စနဲ့ စီးပွားရေးကို အဓိက ဇောင်းပေးလာတဲ့ အခါကျတော့ တကယ် ပြောဖြစ်မလား မပြောဖြစ်ဘူးလားတော့ မသိဘူးပေါ့ဗျာ”ပြောသည်။
တရုတ်-မြန်မာနယ်စပ် အနီး လှုပ်ရှားလျက်ရှိသော မြောက်ပိုင်းအဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်(TNLA)ပိုင် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ၂၀၁၉ ခုနှစ်နှောင်း ပိုင်းက တပ်မတော်မှ သိမ်းဆည်း ရမိခဲ့ရာ တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ပါဝင်ကြောင်း တပ်မတော်ဘက်က သတင်းမီဒီယာများသို့ ပြောထားသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ မြောက်ပိုင်းအဖွဲ့တချို့ကို လက်နက် ထောက်ပံ့ပေးသည် ဆို သော ဝေန်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် တရုတ်နိုင်ငံမှ ထောက်ပံ့သည်ဆိုသော သက်သေ တိတိ ကျကျ မရှိကြောင်း တပ်မတော်ဘက်မှ ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “တရုတ်က ထောက်ပံ့တယ်လို့တော့ ကျွန်တော်မသိဘူးဗျ၊ တရုတ်က ရောင်းတယ်ပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံတော် ပေါ်လစီ အရတော့ ရောင်းတာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ ယူနန်ပြည်နယ်မှာ ရှိနေတဲ့ တရုတ်တပ်မတော် အစိတ် ပိုင်း တချို့ဆီက ဝယ်ယူလို့ ရရှိနိုင်တဲ့ အနေအထားတွေရှိတယ်။ အဲဒီဟာက တကယ် တန်းတော့ မြောက်ပိုင်း လက်နက် ကိုင် အဖွဲ့တွေ အနေနဲ့ တိုက်ရိုက် ဝယ်ယူတယ်ဆိုတာထက် “ဝ”နယ်ကနေ တဆင့် ဝယ်ယူတယ်တော့ သတင်းကြား တာပေါ့။ ဒါပေမယ့် ဒါတွေက ဘယ်လောက်မှန်သလဲ၊ ဘယ်လောက် မှားသလဲ ဆိုတာတော့ မသိဘူး”ဟု ပြောသည်။
တရုတ်သမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာပြည် မြောက်ပိုင်းတွင် အခြေချသည့် လက်နက်ကိုင်များနှင့် တပ်မတော်တို့ကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲဖြစ်နေသော ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာတွေ့ရန် မျှော်လင့်ကြောင်း "ဝ" အဖွဲ့ မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်သည် ၂၀၀၉ ခုနှစ်က ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးသည်။ ယခု ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်မည့် မြန်မာပြည် ခရီးစဉ်သည် မြန်မာ-တရုတ် ဆက်ဆံရေး နှစ် (၇၀) ပြည့် ၎င်း၏ သမ္မတ သက်တမ်းတွင် ပထမဆုံးအကြိမ် လာရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။
Source - Mizzima
<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သမ္မတတို့ လုံခြုံရေး ကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိ
Thursday , January 16 , 2020

0 comments:

Post a Comment