မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ရန်ကုန်တိုင်းဒေသကြီး)နှင့် Jin Gang Shan Asia Pacific General Association (ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား) ဗုဒ္ဓဘာသာအဖွဲ့တို့ ပူးပေါင်း၍ ပထမ အကြိမ် ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက် ဆရာတော် အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်တို့က အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟို ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
<zawgyi>
ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားအား ရန်ကုန်မြို့တွင် ကျင်းပ
Sunday, January 12 ,2019
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ရန်ကုန်တိုင်းဒေသကြီး)နှင့် Jin Gang Shan Asia Pacific General Association (ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား) ဗုဒ္ဓဘာသာအဖွဲ့တို့ ပူးပေါင်း၍ ပထမ အကြိမ် ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက် ဆရာတော် အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်တို့က အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟို ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
Source- MDN #Myanmar_Online_News

0 comments:
Post a Comment