ဒဂုံဆိပ်ကမ်းမြို့နယ်တွင် YBS ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်းကို အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့န ယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
ထိုသို့ တိုင်ကြားရာတွင် ၎င်းသည် ဗိုလ်တထောင်မြို့နယ်ရှိ သူငယ်ချင်းဖြစ်သူနေမကောင်းသ ဖြင့် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်၌ သွားရောက်ပြုစုပေးခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီခွဲတွင် ဂန္ဒီမှတ်တိုင်မှ ဝိုင်ဘီအက်စ် ၄ ကို စီးနင်းကာ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ပြန်ခဲ့သည်ဟု ဆိုသည်။
၎င်းက ယာဉ်မောင်း၏ နောက်ထိုင်ခုံတွင်လိုက်ပါခဲ ့ပြီး လမ်းတွင် ခေါင်းမူးသဖြင့် မှေး၍ လိုက်ပါလာရာ ဆင်းရမည့် ၆၅ မှတ်တိုင်၌ မဆင်းမိဘဲ မှတ်တိုင်ကျော်၍ ကားပေါ်တွင်ပါသွားခဲ့သည်။
ယာဉ်မောင်းဖြစ်သူက ယုဇနတွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း ကားမှာချက်ချင်းပြန်ထွက်မည် ဖြစ်ကြောင်း ပြောသောကြောင့် ဆက်လက်လိုက်ပါခဲ့သည်။
ယုဇနသို့ ရောက်ရှိချိန်တွင် ကားပေါ်ပါ အခြားခရီးသည်များဆင်းသွားချ ိန်၌ ၎င်းက ကားပေါ်၌ထိုင်နေစဉ် ယာဉ်မောင်းက ကားတံခါးများကိုလိုက်လံပိတ် ပြီး ထိုင်နေသည့် နေရာသို့ ရောက်လာခဲ့သည်။ထို့နောက် ၎င်းကို သိုင်းဖက်ချုပ်နှောင်ကာ ကားကြမ်းပြင်ပေါ်သို့ တွန်းလှဲပြီး ပါးစပ်ပိတ်၍ အဓမ္မပြုကျင့်ခဲ့သည်။
အဆိုပါကိစ္စကို မည်သူ့ကိုမျှမတိုင်ရန် ခြိမ်းခြောက်ပြောဆိုပြီး အခြား ဝိုင်ဘီအက်စ် အမှတ် ၄ ယာဉ်ဖြင့်တင်ပေးခဲ့ရာ အမှတ် ၆၅ ကားမှတ်တိုင်သို့ ပြန်ရောက်ခဲ့ပြီးနောက် မှတ်တိုင် အနီးရှိ အမှတ် (၆၀/ ၆၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဖြစ်စဉ်ကိုပြောပြကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၈၄/ ၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ အသက် ၃၅နှစ်ရှိ ကျူးလွန်သူ ပြုံးကိုကို ကို ဖမ်းဆီးအရေးယူထားသည်။
Ref ; MyanmarTimes
<zawgyi>
YBS ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်ကို အဓမ္မပြုကျင့်မှုဖြစ်ပွား
Wednesday , January 22 , 2020

0 comments:
Post a Comment