Tuesday, February 18, 2014

******ဘိုကေနဲ့တွေ့သွားမယ်******


သူ့နာမည်ကဘိုကေ။ရွာမှာအုန်းပင်တက်သမား။ ပွင့်လင်းရာသီရောက်ရင်ရွာနီးစပ်ချုပ်ကလာခေါ်ရင်လိုက်တက်သည်။
အိမ်ရှင်အလိုကျ အုန်းပင်ကိုပြင်တတ်သည်။
သူပြင်ပေးသောအုန်းပင်များသည် အသီးများများကျသည်။

ထို့ကြောင့် သူ့ ရွာတင်သာမကဘေးဝန်းကျင်ရွာများကပါ သူ့ ကို အားကိုးနေရသည်။သူသည် တစ်ကိုယ်ရေသမား။ဘာမှ အပူအပင်မရှိ။ရသမျှငွေကိုလည်းညနေစောင်းလျှင် ရွာနောက်ပိုင်းရှိ
ယမကာဆိုင်တွင်နဲနဲပါးပါးဝင်မော့သည်။ဘိုကေမူးရင် ဘာသောညာ
သောမသိ။ ပိုဆိုးသည်က သရဲဆိုလျှင်လုံးဝ အယုံအကြည်မရှိ။
ထို့ကြောင့်သရဲခြောက်သောနေရာများ သချိုင်းကုန်းမှမကျန်သူရောက်
ဖူးသည်။ သူကသရဲနှင့်တောင်အရက်အတူသောက်ဖူးသည်ဟုဆို
သည်။ မယုံ၍မရ ။အလောင်းအစား လုပ်တိုင်းသူအမြဲနိုင်လေ့ရှိသည်။

တစ်နေ့။သူသည်အုန်းလီှးဓါးကိုခါးကြားထိုးပြီး ရွာအနောက်ဘက် အုန်းကုန်းရွာ သို့ အုန်းပင်တက်ရန်သွားသည်။ ထို ရွာသို့ ရောက်ပြီး အုန်းပင်တက်ပြီး သောအခါညနေ ပင်စောင်းလှပြီး။
ကျသင့်ငွေကိုယူ၍ထုံစံအတိုင်း အရက်ဆိုင်သို့ဝင်၍သောက်သည်။
ဘေးဝိုင်းမှသူ့ကိုသိသော လူတစ်ယောက်က ကိုဘိုကေပါလား
သူကပြန်ပြုံးပြလိုက်သည်။

"ခင်ဗျား ရွာပြန်မလို့လား"

"အင်း လေ ဘာလို့လဲ"

"မိုးလည်းချုပ်နေပြီ ရွာစပ်ကသခွပ်
ပင်ကြီးနာမည်ကြီးနေတယ်နော်"

"သူ့ဖာသာနာမည်ကြီးတာငါကဘာ
လုပ်ရမှာတုန်း"

"ခင်ဗျား ပြန်ရဲလို့လား"

ထိုသူ့စကားကြောင့်ကိုဘိုကေ အားရပါးရ ရယ်မောလိုက်ရင်း
"လောင်းမလား" တဲ့။

မိုးတော်တော်ချုပ်နေပြီ။လူကြုံထည့်ပေးလိုက်သော ဝက်
သားတွဲကိုဆွဲရင်းသခွပ်ပင်ကြီးရှိသော နေရာဘက်မှပြန်လာသည်။
မကြာရွာစပ်လွန်းတော့လယ်ကွင်းထဲမှာထီးထီးကြီးရှိနေသောအပင်
ကိုတွေ့လိုက်သည်။ အပင်ကြီးကအုပ်အုပ်ဆိုင်းဆိုင်း ။နေ့လည်နေ့ခင်း လာပြီးအိပ်လိုက်ရရင်ကောင်းမှာဟု တွေးလိုက်သည်။
သူကဝက်သားတွဲကိုဆွဲရင်း အပင်အောက်သို့အရောက် အပင်ပေါ်
မှမဲမဲသဏ္ဌာန်အရိပ်ကြီးကကြည့်လိုက်သည်ကို သူ့စိတ်ထဲခံစားသိ
ရှိသွားသည်။ သူမကြောက်။

သရဲဆိုတာ နိမ့်ကျသောအမျိုး ဒါမျိုးသူကိုလာစမ်း၍မရ။
သခွပ်ပင်အောက်မှဖြတ်လျောက်လာသည်။ တစ်လှမ်း နှစ်လမ်း။
နောက်မှလိုက်လာသောခြေသံကို သူကြားလိုက်၏။လှည့်ကြည်မိ၏။
မတွေ့။နောက်သူဆက်သွားသည်။တစ်လှမ်း....... နှစ်လှမ်း......။
နောက်မှလိုက်လာသောအသံ။စိတ်မရှည်။
ဘယ်သူလဲ ငါ့နောက်ကိုလိုက်နေတာဟုသူက
အသံခပ်မာမာဖြင့်မေးလိုက်သည်။

ထိုအခါ အရိပ်မဲကြီးက

"ဝက်သားစားချင်လို့ "

ဟုအသံဝါဝါကြီးဖြင့်ဖြေလိုက်သည်။

"မင်းစားဖို့ယူတာများထင်နေလား"

အရိပ်မဲကြီးကသူ့အနားတိုးကပ်လာသည်။ဒီအကောင်ကပြောလို့ရမည်မဟုတ်ပေ။လုယူမည့်သဘောရှိသည်။ဒီတော့...... ။

"မင်းနဲ့ငါနပန်းလုံးမလား"
"မင်းနိုင်ရင်ဝက်သားကိုစား"
"ငါနိုင်ရင်မနှေက်ယှက်နဲ့"
"သဘောတူလား"

"တူတယ်".....ဟုအရိပ်မဲကြီးကအသံဝါအက်အက်ကြီးဖြင့် ပြန်ပြောလိုက်၏။ဘိုကေကအသင့်အနေထားယူရင်း စမယ်ဟုဆိုကာပြေး
ဝင်သွားသည်။ အရိပ်မဲကြီးကလည်းသူ့ထံတဟုန်ထိုးပြေးဝင်လာသည်။

"ဘုန်း"

"အင့်"

သူတပြန်ကိုယ်တပြန်သဲကြီးမဲကြီး နပန်းသတ်ကြသည် ။သရဲကသူ့
ကိုဖမ်းချုပ်သည်။သူကလွတ်အောင်ရှောင်ပြီးပြန်တိုက်သည်။ ဒီလိုနဲ့နာရီဝက်လောက်အကြာဘိုကေ ကခဏနားမယ် ဟုဆိုကာထိုင်၍နားလေ၏။ သရဲကလည်းဘာမျမလုပ်ပဲ
စောင့်နေရှာသည်။ထို့နောက် စမယ် ဟုဆိုကာ ထပ်လုံးပြန်သည်။
တစ်ကြိမ်သရဲက သူ့ကိုဖမ်းချုပ်၍ကိုင်ပေါက်သည် ။မြေပြင်ပေါ်သို့အရှိန်
ပြင်းစွာကျသွားသည်။ ဘိုကေတော်တော် အီသွား၏။စိတ်ထဲထောင်းက
နဲဒေါသထွက်သွားသည်။ခါးကြားမှဓါးကိုစမ်းလိုက်မိသည်။မတွေ့။
ဓါး ဘယ်နေရာကျသွားသည်မသိ။ ဟိုသည် ရှာနေတုန်းသူ့တစ်ကိုယ်လုံး လေထဲလွင့်သွားသည်။သရဲက
သူ့ခြေထောက်မှဆွဲ၍လေထဲဝေ့ယမ်းလိုက်သည်။
သူ ခြေထောက်နှင့်မြေကြီးထိမိတော့သူခေါင်းချာချာလည်နေတော့သည်။ဟိုယိုင်ဒီယိုင်နဲ့ပစ်လှဲကျသွားလေတော့သည် ပြီးတော့

သရဲကသူ့ဆီတိုးကပ် လာလေသည်။ဒီအတိုင်းဆို သူရှုံးတော့မည်။မဖြစ်။
ဘိုကေတို့ရာဇဝင်ရိုင်းတော့မည်။သူ့လက်ကဟိုဟိုဒီဒီစမ်းလိုက်မိ၏။
လက်ထဲအုန်းလှီးဓါးပါလာသည်။

သူကုန်းရုန်းထကာသရဲဆီသို့တဟုန်းထိုးပြေဝင်သွားသည်။ထို့နောက် ရင်ညွှန့်နေရာသို့မှန်းကာဓါးဖြင့်ထိုးလိုက်တော့သည်။
အား ဟုစူးစူးဝါးဝါးအော်သံထွက်ပေါ်လာ၏။သူကြည့်လိုက်တော့သရဲ၏
ရင်ဝနေရာတွင်ဓါးတန်လန်းနှင့်လဲကျနေ၏။

ထိုအခိုက်ဝန်းကျင်တဝိုက်လေများ အဆက်မပြတ် တိုက်ခိုက်လာသည်။ ဘိုကေ ဘာမျှမစဉ်းစားတော့ပဲသခွတ်ပင်တွင်ချိတ်ထား
သောဝက်သားတွဲကိုဆွဲ၍ရွာသို့ပြေး လာခဲ့တော့သည်။
ရွာထိပ်ရောက်တော့ကာလသားခေါင်းမြခိုင်တို့လူတစ်စနှင့်တွေ့လေ သည်။မြခိုင်က

"ကိုဘိုကေ ဘာဖြစ်လာတာလဲဗျ"

ဟုမေးသည်။သူကဖြစ်ကြောင်းကုန်စင်ပြောပြသည်။မယုံသလိုလုပ်နေ
သောကြောင့် မယုံရင်မနက်လိုက်ပြမယ် ဟုဆိုကာထွက်သွားလေသည်။
မနက်ခင်းနေရောင်သည်သာယာစွာထွက်ပေါ်လာသည်။ရွာတဝိုက်
နေခြည်၏အလင်းသည်နွေးထွေးမှု ကိုပေးထားလေသည်။
ဘိုကေကအိမ်တွင်အပိုတစ်ချောင်းရှိသောအုန်းလှီးဓါးကိုခါးကြား
ထိုးပြီးမြခိုင်တို့အိမ်ဘက်ထွက်လာခဲ့သည်။မြခိုင်တို့အိမ်ရှေ့တွင်သူ့ကိုစောင့်နေသောလူတစ်စုကိုတွေ့လိုက်သည်။

သူတို့လူစုသည်ညကဖြစ်ပျက်သောနေရာသို့ရောက်သောအခါတွင်တော့

"ဟင်" "ဟာ" "အလို" အံ့သြသံတွေထွက်လာ၏။

ဘိုကေကသူ့မျက်လုံးတွေအသေချာပွတ်သပ်ကာထပ်ကြည့်သည်။သူ
မသောက်ရသေးတာသေချာသည်။
ဘယ်နဲ့ညကသူထိုးခဲ့သောဓါးကအခုတော့ငှက်ပျောရွက်တစ်ခုပေါ်စိုက်နေသည်။

ဒီနားတွင်ငှက်ပျောတောမရှိပေ။မြခိုင်တို့လူစုကအတော်နောက်တဲ့သူဟုဆိုကာရယ်မောကာပြန်သွားလေသည်။ဘိုကေမယုံမကြည်ဖြစ်ကာဓါးနားတိုးကပ်သွားကာထိုင်ချလိုက်သည်။ထို့နောက်ဓါးကိုဆွဲ
နှုတ်လိုက်သည်။

ထိုအခါငှက်ပျောရွက်သည်မဲ၍ခြောက်သွေ့သွားသည်
ကိုတော့ဘိုကေမှတပါးမည်သူမျှမမြင်လိုက်ရပေ။
ထိုနေ့မှစ၍သခွပ်ပင်တွင်သရဲခြောက်သည်ဆိုသောအသံပျေက်ကွယ်
သွားတော့သည်။သို့သော်ရွာတွင်ကလေးများ၏နှုတ်ဖျားတွင်တော့
သရဲဆိုလာမခြောက်နဲ့ဘိုကေနဲ့တွေ့သွားမယ်ဟုယခုတိုင်
ပြောဆိုနေပါကြောင်း။ ။

Credit to:laminpaing(ကမ္ဘာအရပ်ရပ်မှ မှော်ပညာနှင့်ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်ဆန်းများ)

0 comments:

Post a Comment