Monday, February 24, 2014

အမျိုးသားတွေရဲ့ ညနတ်သမီး ယုံတမ်းစကားများ



အမျိုးသားတွေမှာ ညနတ်သမီးလေးတွေနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ် ယုံတမ်းစကားလေးတွေ ရှိတတ်ကြပါတယ်။ မနေ့ညက အတွေ့အကြုံလေးတွေ ပြန်လည်ဝေမျှတဲ့အခါ အနည်းနဲ့အများတော့ ပိုပိုသာသာလေး ပြောမိတတ်ကြသူချည်းပဲပေါ့လေ။ သူတို့ပြောလေ့ရှိတဲ့ ပုံပြင်လေးတွေနားထောင်ပြီး တကယ်တမ်းက ဘာဖြစ်နိုင်သလဲ ဆိုတာ ရယ်စရာအတွေးလေး တွေးကြည့်ရအောင်။


(၁)     ယုံတမ်းစကား - ဒီညကတော့ကွာ စော်လေးတွေအများကြီးပဲ။ အလန်းလေးတွေဆိုတာလည်း လက်ညှိုးထိုးမလွဲပဲ။ Ladies Night လို့တောင် ပြောလို့ရတယ် ။



          တကယ်တမ်းက - ၀က်အူချောင်းတွေ တဖြုတ်ဖြုတ်ကုန်သွားသလိုပဲ သူ့ထက်သူ လူစွမ်းကောင်းတွေမှ အများကြီး။ ငါ့မှာ အဲဒီကြားထဲ ၀င်တိုးခွင့်တောင်မရလိုက်ဘူး။ အရက်ဘားကို ဦးဆောင်ထားတဲ့ ကိုလူချောက ရှိထားပြီးသားလေ ဆိုတာမျိုး။

(၂)     ယုံတမ်းစကား - မိန်းကလေးတွေ အားလုံးကတော့ မဆိုးပါဘူး။ ဒါနဲ့ သူတို့ထဲက အလှဆုံး တစ်ယောက်ကို ဘားမှာချုပ်လိုက်တာ စကားတွေရေပက်မ၀င်ပြောလို့ အတော်လေးအဆင်ပြေခဲ့တယ်လေ။



          တကယ်တမ်းက - ဘာမှကို မလုပ်ဖြစ်ခဲ့တာ။ အလှပဂေးလေးက အတော်လေးသောက်နေပြီး သူ့အဖွဲ့နဲ့လာတာလေ။ အခွင့်အရေးဆိုတာကတော့ အိမ်ကတစ်ယောက်တည်း ထွက်လာခဲ့သလိုပဲ တစ်ယောက်တည်းပြန်ဖို့ပဲ ရှိတာပေါ့ Mr.Forever Aloneရယ် ဆိုတာမျိုး။

(၃)     ယုံတမ်းစကား- ဒိတ်လုပ်ဖို့ လွယ်လိုက်တာမှ။ ကောင်မလေးတွေကလည်း အများကြီး။ စည်သွပ်ဗူးကြီးထဲက ငါးတွေ ဖမ်းရသလိုပါပဲလား။



          တကယ်တမ်းက - မှားပါတယ်။ ကောင်မလေးတွေက နှစ်ယောက်တတွဲ ၊ သုံးယောက်တတွဲ လာကြပြီးတော့ သူမတို့ကို အဖွဲ့ထဲက သီခြားခေါ်ထုတ်ပြီး စကားပြောဖို့ အတော်လေး ခဲယဉ်းပါတယ်။ ဂေါ်မစွံတဲ့ ဖက်တီးတွေ ၊ အပျိုကြီးတွေ အဖွဲ့ထဲပါလာပြီဆိုရင်တော့ သူတို့လိုက်ဖျက်နေတာနဲ့ပဲ မျှော်လင့်ချက်မဲ့ပြီပေါ့ ဆိုတာမျိုးလေ။

(၄)     ယုံတမ်းစကား - ၀တ်စားလာလိုက်တာ မင်းသမီးရှုံးလို့။ အဖော်ရှာထွက်လာကြတဲ့ အထီးကျန် ငှက်ငယ်လေးတွေဖြစ်မှာပေါ့။ ပုရိသတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေကြတာလေ။


          တကယ်တမ်းက - သူတို့လာတာ သောက်ဖို့စားဖို့နဲ့ ၀တ်ဆင်လာတာက ပျော်ဖို့ပါးဖို့ပါတဲ့။ တစ်ညကို ရည်ရွယ်ချက်တစ်ခုပဲ ထားတတ်တဲ့ မမတွေက အပြိုင်အဆိုင် သောက်လိုက်ကြတာ ပတ်ဝန်းကျင်မှာ ပုရိသ ဘယ်နှစ်ယောက်ရှိလဲတောင် မသိလိုက်ကြပါဘူး ဆိုတာမျိုးလေ။

(၅)     ယုံတမ်းစကား - ကောင်မလေးမူးနေပြီလေ။ သူမလဲကျလာတဲ့အခါ အသာလေးဖမ်းပြီး ရင်ခွင်ထဲ ထည့်ထားလိုက်ရုံပဲ။ ငှက်ပျောသီးအခွံနွှာရတာ ကတောင် ပိုခက်ချင် ခက်ဦးမှာ ။


          တကယ်တမ်းက - ကောင်မလေး မူးနေပြီဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် မူးနေတဲ့ ကောင်မလေးက သင့်ဆီ လဲကျမလာပဲ အန်ချလာမှာပါ။ အမူးလွန်နေတဲ့ သူတို့သူငယ်ချင်းကို လိုက်စောင့်ရှောက်တဲ့ ကောင်မလေးတွေကလဲ သင့်ကို မျက်စိဒေါက်ထောက်ကြည့်လို့။ လိုက်ပို့လိုက်ရတဲ့ အိမ်သာဆိုတာလည်း ဘယ်နှကြိမ်မှန်းတောင် မသိဘူး ဆိုတာမျိုးပဲဖြစ်မှာပါ။

          ဒီလောက်ဆို ကိုလူပျိုတို့ ဘယ်လောက် လေလုံးထွားလဲ သိလောက်ပြီပေါ့။ တကယ်တမ်း သူတို့ရဲ့ ဇာတ်လမ်းအမှန်လေးတွေ သိရရင်တော့ အရမ်းကြီးတွေ အထင်မကြီးမိဘဲနဲ့ ရယ်စရာတောင် ကောင်းနေပါသေးတယ်။

Ref:mensxp.com
Trend Myanmar

0 comments:

Post a Comment