Monday, February 10, 2014

ချစ်သူနဲ့ ဒိတ်လုပ်တဲ့အခါ သင်ရော သင့်ချစ်သူပါ သဘောကျစေမယ့် အမိုက်စား ၀တ်စုံ ၇မျိုး


တစ်ခါတစ်လေ ချစ်သူနဲ့ဒိတ်လုပ်တဲ့အခါ အရမ်းတိုတာမျိုး၊ ဟိုက်တာမျိုးတွေ ၀တ်စားသွားလို့ အဆင်မပြေတာမျိုးတွေ ကြုံဖူးမှာပါ။ ကိုယ့်ချစ်သူက နောက်တစ်ခါ ဒီလို ၀တ်မလာနဲ့နော်လို့ အပြောခံရရင် ကိုယ်လည်း အောင့်သက်သက်ဖြစ်သလို နှစ်ယောက်စလုံး အနေရခက်စေမှာပါ။ ဒီလိုပဲ အချိန်တိုင်း ယောင်္ကျားဆန်ဆန် တီရှပ်၊ စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီကြီးနဲ့ဆိုတော့လည်း ကြာရင် ဘယ်ရင်ခုန်စရာကောင်းတော့မလဲနော်။ ဒါ့ကြောင့် ကိုယ်နဲ့ရော ကိုယ့်ချစ်သူပါ စိတ်ကြိုက်ဖြစ်စေမယ့် အမိုက်စား အ၀တ်အစားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ အဖြူရောင်ဝတ်စုံ၊ dress တွေဟာ မြင်တွေ့ရသူတိုင်းကို အာရုံကိုဖမ်းစားနိုင်ပါတယ်။ တစ်ကိုယ်လုံးအဖြူရောင်နဲ့ ပတ်သက်တာတွေကြီး ဆင်မြန်းထားလို့ အူကြောင်ကြောင်ကြီးလို့ မခံစားပါနဲ့။ သူများနဲ့မတူတဲ့ ဖက်ရှင်တစ်ခု ပိုင်ဆိုင်ထားတာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေပါ။
၂။ကိုယ့်ရဲ့ဘော်ဒီအလှကိုလည်း ပေါ်လွင်စေမယ်၊ ကြည့်ရတာလည်း အရမ်းကြီး ဟော့နေတာမျိုး မဖြစ်စေချင်ရင်တော့ ခုနောက်ဆုံး ပျိုမေတွေ vote အများဆုံးပေးထားတဲ့ ဖက်ရှင်တစ်မျိုးကို ပြောပြပေးပါမယ်။ အပေါ်က sweatshirtလိုဟာမျိုးနဲ့ အောက်က body-conscious စကတ်လိုဟာမျိုး တွဲဝတ်လိုက်ပါ။ ဒီမှာ အတွေ့ရနည်းနေသေးပေမယ့် သိပ်ကိုအထာကျတဲ့ ဖက်ရှင်ပါပဲ။
၃။ဘယ်ကောင်လေးမဆို ကိုယ့်ချစ်သူကောင်မလေးကို တီရှပ်၊ skinny ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားတဲ့ ရိုးရှင်းတဲ့အလှမျိုး တွေ့ဖူးချင်ကြမှာပါ။ ဒါပေမယ့် ဒီလိုဖက်ရှင်မျိုးကို သာမန်လို့ မထင်ရအောင်တော့ ကိုယ်စီးမယ့်ဖိနပ်၊ ကိုယ့်ရဲ့မျက်နှာအပြင်အဆင်၊ အခြားသောအဆင်တန်ဆာတွေနဲ့ ပြင်ဆင်တတ်ဖို့လိုတာပေါ့နော်။
၎။ဆက်စီမကျပေမယ့် အထာကျတယ်လို့ ခံစားနိုင်စေဖို့ ဒူးလောက်ရှည်တဲ့ dress တစ်ထည်နဲ့ ဂျက်ကတ်အမိုက်စား တွဲဝတ်ကြည့်လိုက်ပါ။ စီးမယ့် ဖိနပ်ကတော့ boot ဖြစ်ရင် ပိုကောင်းပါတယ်။ အားလုံးဝိုင်းငေးရတဲ့ ဖက်ရှင်မျိုးမို့ ကိုယ်နဲ့တွဲပြီး လမ်းလျှောက်သွားမယ့် ကိုယ့်ချစ်သူကောင်လေး အကျေနပ်ကြီး ကျေနပ်စေမှာပါ။
၅။မလိုက်ဖက်ဘူးလို့ထင်တဲ့အရာတွေကို ရောပြီးဝတ်ဆင်ကြည့်ဖူးပါသလား။ ပုံမှာပြထားသလို စီးကွင့်တွေနဲ့ ဖန်တီးထားတဲ့ pencil စကတ်မျိုးနဲ့ အပေါ်က student coat လို အရာမျိုး ရောဝတ်ကြည့်တာကို ပြောတာပါ။ ဒါဟာ ဘယ်သူမှ မထင်ထားတဲ့ ဖက်ရှင်တွေထဲက တစ်ခုပါ။ ချစ်သူနဲ့ ညစာစားတဲ့အခါ ၀တ်သွားကြည့်လိုက်ပါ။
၆။ရိုးရှင်းတဲ့ဖက်ရှင်က အဆန်းဆုံးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ကိုယ်ဝတ်ထားတဲ့ အင်္ကျံ၊ စကတ်ကို နည်းနည်းလေး အထာကျစေချင်ရင် ဂျင်းအင်္ကျံတစ်ထပ် ထပ်လိုက်ရုံပါပဲ။ ဒါဟာ ချစ်သူနဲ့တွေ့ဖို့ လေး၊ ငါးနာရီအချိန်ပေးထားတာမျိုး မပေါက်ဘဲ ချစ်သူကောင်လေးကလည်း နှစ်ခြိုက်စေမယ့် ဖက်ရှင်တစ်ခုပါပဲ။ အောက်ကစီးမယ့်ဖိနပ်ကိုလည်း All Star လိုဟာမျိုးပဲရွေးပါ။ Converse မဟုတ်ရင်တောင် sneaker အမိုက်စားတစ်ရံလောက်ပေါ့။
၇။မိန်းကလေးတွေအတွက် မငြင်းပယ်နိုင်တဲ့ ဖက်ရှင်အဆင်အသွေးတွေထဲမှာ အကွက်တွေ၊ အစက် အပြောက်တွေ ထိပ်ဆုံးက ပါဝင်နေဆဲပါ။ ကိုယ့်ဆီမှာ အဲ့ဒီလိုမျိုး ရှပ်အကွက်လေးတွေ၊ အစက်အပြောက်ဘောင်းဘီလေးတွေ၊ နောက် ဗြောင်အဖြူရှပ်လေးတွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့  ကိုယ်ကြိုက်တဲ့အချိန်သာဝတ် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ပါဘူး။

Ref:luckymag.com
မေသော် 
Trend Myanmar

0 comments:

Post a Comment