၂၀၀၈  အခြေခံဥပဒေပါ 
အခန်းတချို့ကို  ပြန်လည်ပြင်ဆင်ပေးဖို့ တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ 
ရန်ကုန်မြို့ ဆန္ဒပြပွဲတခုမှာ တောင်းဆိုလိုက်ကြပါတယ်။ 
ကိုပြုံးချို (ဓာတ်ပုံ - မင်းဗညား / ဧရာဝတီ) - 
အခြေခံဥပဒေပါ
 ပုဒ်မ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ၅၉(ဃ)နှင့် ၅၉(စ) အလိုမရှိ၊ 
ဒီမိုကရေစီစံနှုန်းနှင့် မညီသော ပုဒ်မများ ပြင်ဆင်ပေး၊ တိုင်းရင်းသား ပြည်သူ
 တရပ်လုံးကို ကိုယ်စားပြုသော အခြေခံ ဥပဒေ ပေါ်ပေါက်ရေး စသည်တို့ကို 
ကြွေးကြော်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြသူတွေကတော့  အင်အား ၅၀၀ ဝန်းကျင် 
ရှိပြီး သူတို့ကတော့   တာမွေမြို့နယ်နေ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊  
လူမှုအဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊  NLD 
ပါတီဝင်များ  ဖြစ်ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက “မကြာခင်မှာ ရွေးကောက်ပွဲ ကို ဖြတ်သန်းရတော့မယ်။ 
အဲ့ဒီ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံခေါင်းဆောင်ကို ရွေးချယ်နိုင်မယ် ဆိုတာကို သိစေချင်တယ်။ 
အဲ့ဒီလို
 ရွေးချယ်တင်မြှောက်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အဟန့်အတားလို 
ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုတွေ လမ်းမပေါ် ထွက်ကောင်း 
ထွက်ရပါလိမ့်မယ်၊ ဆန္ဒဖော်ထုတ်ကောင်း ဖော်ထုတ်ရလိမ့်မယ်” လို့ ပြောပါတယ်။
ဆန္ဒပြသူတို့က
 အခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်  စံညွှန်းများနှင့် လျော်ညီစေရန်၊ 
နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ရရှိစေရန်၊ 
တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအား အကျိုးပြု 
အကာအကွယ်ပေးနိုင်စေရန်အတွက် 
ပုဒ်မ ၆(စ)၊ 
ပုဒ်မ ၈၊ 
ပုဒ်မ ၅၉(ဃ) နဲ့ ၅၉(စ)၊ 
ပုဒ်မ ၂၆၁(ခ-၁)၊ 
ပုဒ်မ ၃၃၈၊ 
ပုဒ်မ၄၃၆တို့ကို
 ဒီမိုကရေစီနည်းကျ ပြောင်းလဲပြင်ဆင်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း 
ကြေညာချက် တရပ်ကို စုပေါင်း ထုတ်ပြန်ခဲ့ကြပါတယ်။ 
မင်းဗညား
 
- ဧရာဝတီ blog
 









 
 
 
 
 
0 comments:
Post a Comment