Tuesday, February 18, 2014

ဖေ့ဖွတ်ခ် သုံးတဲ့ ခေတ်မှီတဲ့ သရဲရှိသလား (ဇာတ်သိမ်း)

http://manawmaya.com/images/resized/images/2014/648/thaye.jpg

ချစ်လူငယ်၆၉။ ။ ပြီးတော့ မင်းက လည်တိုင် လှလှလေးကိုလည်းပိုင်ဆိုင်ထားသေးတယ်။ 

ဆူဇန်၁၃။ ။ အိုကေ၊ ကျွန်မလည်း အဲဒီ လိုပဲ ထင်နေတာ။

ချစ်လူငယ်၆၉။ ။ ပြီးတော့ မင်းက လှပတဲ့ ကိုယ်လုံးလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ 

ဆူဇန်၁၃။ ။ အာ- အင်း- ဒါကတော့။ 

ချစ်လူငယ်၆၉။ ။ ပြီးတော့ မင်းက လှပတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသေးတယ်။ 

ဆူဇန်၁၃။ ။ ဖြစ်နိုင်ပါတယ်။ 

ချစ်လူငယ်၆၉။ ။ မင်းရဲ့ခန္ဓာကိုယ်အတွင်းက ကလီစာတွေအားလုံးဟာ လှပနေလိမ့်မယ်ဆိုတာ ငါ လောင်းရဲတယ်။

ဆူဇန်၁၃။ ။ ဘယ်လိုပြောလိုက်တယ်၊ ကလီစာတွေဟုတ်လား၊ ကလီစာတွေက ဘယ်လို လုပ် လှမှာလဲ၊ နင် ပေါက်ကရတွေ မပြောနဲ့နော်။ ချစ်လူငယ်၆၉။ ။ ငါ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကလီစာတွေကို ကြည့်ချင်တယ်ဟာ။ ဆူဇန်၁၃။ ။ နင် အရူးပဲ၊ တော်ပြီဟာ၊ ဂွတ်ဒ်ဘိုင်။

ချစ်လူငယ်၆၉။ ။ ငါ မင်းရဲ့ရင်ကိုခွဲပြီး မင်း ရဲ့ကလီစာတွေကို ကြည့်ချင်တယ်ဟာ။ ဆူဇန်၁၃။ ။ တော်ပါတော့၊ တော်ပါ တော့၊ ဆက်မပြောပါနဲ့တော့။ ချစ်လူငယ်၆၉။ ။ ငါ မင်းရဲ့ကလီစာတွေကို လက်နဲ့ ကိုင်ကြည့်ချင်လိုက်တာ။ ဆူဇန်၁၃။ ။ နင် ငါ့ကို ကြောက်စရာ တွေ ပြောမနေနဲ့နော်။

ချစ်လူငယ်၆၉။ ။ ငါကလေ၊ မင်းရဲ့ရင်ကို ခွဲ ပြီးသွားတာတောင်မှ အထဲက မင်းရဲ့ကလီစာတွေ ကို တစ်ခုပြီးတစ်ခု နူးနူးညံ့ညံ့ ဆွဲထုတ်ပေးမှာပါ။ ဆူဇန်၁၃။ ။ နင် အဲဒီလို ပေါက်ကရတွေ ဆက်ပြောနေရင် ငါ ရဲတိုင်လိုက်မှာနော်။ ချစ်လူငယ်၆၉။ ။" ဖေ့စ်ဘွတ" မှာ စကား ပြောနေတာ ရဲက ဘယ်လိုလုပ်အရေးယူနိုင်မှာမို့ လို့လဲ၊ မင်းဟာ ရယ်စရာ အတော်ပြောတတ်တာပဲ၊ ငါ ပြောပြမယ်၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကလီစာ တွေကို ရင်ခွဲပြီး ထုတ်ပြီးရင် အဲဒီကလီစာတစ်ခု ချင်းကို ငါက ယုယုယယ နမ်းရှုံ့ပေးမှာပါ။ ဆူဇန်၁၃။ ။ တော်တော့။

ချစ်လူငယ်၆၉။ ။ မင်းရဲ့ အူတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပွတ်သပ်ပေးမယ်လို့ ငါ အာမခံ ပါတယ်။

ဆူဇန်၁၃။ ။ နင် ရူးနေလား။ ချစ်လူငယ်၆၉။ ။ ပြီးတော့ ငါက မင်းရဲ့ ကလီ စာတွေနဲ့ နာရီတချို့ ဆော့ကစားနေဦးမှာ။ ဆူဇန်၁၃။ ။ ငါ နင့်ကို " ဖေ့စ်ဘွတ်"  သူ ငယ်ချင်းစာရင်းကနေ ထုတ်ပစ်လိုက်တော့မယ်။ ချစ်လူငယ်၆၉။ ။ ဆူဇန် ချစ်လူငယ်၆၉။ ။ ဆူဇန် ချစ်လူငယ်၆၉။ ။ ဆူဇန် ချစ်လူငယ်၆၉။ ။ ဆူဇန် ဆူဇန်၁၃။ ။ နင် ဘာပြောချင်သေးလို့ လဲ။

ချစ်လူငယ်၆၉။ ။ မင်းရဲ့ သွေးတွေနဲ့ ငါ ရေ ချိုးချင်တယ်လို့ ပြောချင်တာ။ ဆူဇန်၁၃။ ။ နင်ဟာ အရူးပဲ၊ တကယ့် အရူးအစစ်ပဲ။

ချစ်လူငယ်၆၉။ ။ အဲဒီအရူးက မင်းကို မြင်နေ နိုင်တယ် ဆူဇန်။ ဆူဇန်၁၃။ ။ ဘယ်လိုလုပ်မြင်မှာလဲ၊ ငါ့ ဆီမျှွှာနဘ ဃော မှ မရှိတာ။ ချစ်လူငယ်၆၉။ ။ အဲဒါတွေ မလိုဘူး၊ ငါက မင်းကို မြင်ကိုမြင်နေရတာ။ ဆူဇန်၁၃။ ။ ကောင်းပြီ၊ နင် ငါ့ကို မြင် နေရတယ်ဆိုရင် ငါ ဘယ်မှာလဲဆိုတာလဲဆိုတာ ပြောကြည့်။

ချစ်လူငယ်၆၉။ ။ မင်းရဲ့ အိမ်ထဲမှာလေ။ ဆူဇန်၁၃။ ။ ဒါတော့ နင် ပြောမှလား၊ ငါက အိမ်ထဲမှာမနေလို့ ဘယ်မှာ သွားနေရမှာလဲ၊ သေချာအောင် ပြောလေ။

ချစ်လူငယ်၆၉။ ။ မင်းက မင်းရဲ့အိမ်ထဲက ဧည့်ခန်းထဲမှာ ဆိုဖာပေါ်ထိုင်နေပြီး ဧည့်ခန်းဆောင် စားပွဲမှာ " လက်ပ်တော့" တင်ထားရင်း ငါနဲ့ စကား ပြောဖို့"ဖေ့စ်ဘွတ်" သုံးနေတယ်လေ။ ဆူဇန်၁၃။ ။ ဘုရားရေ၊ အဲဒါကတော့ ကွက်တိပဲ၊ နင် ဘယ်လိုသိနေတာလဲ။ ငါ နင့်ကို ကြောက်သွားပြီဟာ၊ တော်ပါတော့၊ နောက်မှ တွေ့ ကြမယ်နော်။

ချစ်လူငယ်၆၉။ ။ မရပ်လိုက်နဲ့ဦး ဆူဇန် ချစ်လူငယ်၆၉။ ။ မရပ်လိုက်နဲ့ဦး ဆူဇန် ချစ်လူငယ်၆၉။ ။ မရပ်လိုက်နဲ့ဦး ဆူဇန် ချစ်လူငယ်၆၉။ ။ မရပ်လိုက်နဲ့ဦး ဆူဇန် ဆူဇန်၁၃။ ။ ရပ်လိုက်ပါရစေတော့၊ ငါ နင့်ကို အရမ်းကို ကြောက်နေပါပြီ။

ချစ်လူငယ်၆၉။ ။ ဆူဇန်- ငါ့ကို တကယ် ရပ်ခိုင်းစေချင်တယ်ဆိုရင် " နင် ဘယ်မှာလဲ" ဆိုတဲ့ မေးခွန်းတစ်ခု မေးပေး။ အဲဒါဆို မင်းရဲ့ ]ဖေ့စ်ဘွတ်} သူငယ်ချင်းစာရင်းထဲကပါ ထွက်ပေးလိုက်မယ်။ ဆူဇန်၁၃။ ။ ကောင်းပါပြီ၊ ငါ မေးပေး ပါ့မယ်၊ " နင် ဘယ်မှာလဲ" ဟင်။ ချစ်လူငယ်၆၉။ ။ ငါက အခု နင်ထိုင်နေတဲ့ ဆိုဖာနောက်မှာပဲ ရှိနေတာ။ သမီးလေးနဲ့ သမီးလေးရဲ့သူငယ်ချင်း ချစ်လူ ငယ်၆၉တို့ရဲ့ အပြန်အလှန်စကားတွေကို ဖတ်ပြီး သွားတဲ့ကျွန်မအတွက် စဉ်းစားစရာတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ သေချာတာက သမီးလေးကို သတ်၊ ကလီစာတွေကို ထုတ်ထားခဲ့သူဟာ" ဖေ့စ် ဘွတ" ထဲကသူငယ်ချင်း" ချစ်လူငယ်၆" ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီ " ချစ်လူငယ်၆၉ " ကို ဘယ် လို အရေးယူမှာလဲ။

သမီးလေးရဲ့ " ဖေ့စ်ဘွတ" စကားပြောမှတ်တမ်း ကို ကျွန်မ ဖတ်ပြီးသွားတဲ့အချိန်မှာပဲ ယောကျာ်း ဖြစ်သူ ဖုန်းဆက်ခေါ်လိုက်တဲ့ရဲတပ်ဖွဲ့ဝင်တွေ အိမ် ထဲ ရောက်လာကြပါတယ်။ တာဝန်အရ သမီးလေး ရဲ့အလောင်းကို ဓာတ်ပုံရိုက်ခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာသဲလွန်စများ ရှာဖွေခြင်းတွေ လုပ်ခဲ့ကြပါ တယ်။ ကျွန်မ အပြည့်အစုံဖတ်ထားပြီးခဲ့တဲ့ သမီး လေးရဲ့ " ဖေ့စ်ဘွတ်" စာမျက်နှာပေါ်က အပြန်အလှန် စကားပြောမှတ်တမ်းတွေကိုလည်း ပြခဲ့ပါတယ်။ ရဲ တပ်ဖွဲ့ဝင်တွေဟာ ရရှိထားသမျှအချက်အလက်တွေ နဲ့ တရားခံဖော်ထုတ်နိုင်ရေး ကြိုးစားခဲ့ကြပါတယ်။ ယနေ့အထိ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။

ဒါဆိုရင် သမီးလေးက သရဲတစ္ဆေတွေက သတ် ဖြတ်တာကို ခံခဲ့ရတာလား။ ကျွန်မ စဉ်းစားမရတာ က သမီးလေးကို သတ်ခဲ့တဲ့ သရဲတစ္ဆေတစ်ယောက် ယောက်က အဲဒီလောက်တောင် ခေတ်မီနေလို့လား။ " ဖေ့စ်ဘွတ်" သုံးနိုင်နေလို့လား။ ဘာပဲဖြစ်ဖြစ် " ဖေ့စ် ဘွတ် " သုံးစွဲနေတဲ့ကလေးတွေ သတိထားနိုင်အောင် ကျွန်မရဲ့ ဒီအဖြစ်အပျက်ကို တင်ပြသင့်တယ်ထင် လို့ တင်ပြလိုက်တာဖြစ်ပါတယ်။

Manawmaya Journal 

0 comments:

Post a Comment