တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ဗီယန်ကျင်းမြို့ရှိ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါသည်။ 
လာအိုနိုင်ငံသို့ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် Chan Palace Hotel ဧည့်ခန်းမ၌ လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် Major General Suvone Leoungbounmy က လာရောက် တွေ့ဆုံခဲ့ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Douangchay PHICHITH နှင့် ဇနီးတို့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းတွင် Don Chan Palace Hotel ရှိ Convention Hall-B တွင် ဂုဏ်ပြု ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။ 
 





.jpg)
.jpg)
.jpg)
.jpg)




.jpg)


.jpg)

.jpg)







 
 
 
 
 
0 comments:
Post a Comment