Tuesday, February 18, 2014


စားမေးပွဲနီးပြီ လူငယ်အပေါင်း

ရှေးလူကြီးသူမတို့က "အညွန့်ကိုဆောင် အောင်"ဟု ဆိုရိုးပြုခဲ့ကြ ပါသည်။ ဆိုလိုသည်မှာ

တနင်္ဂနွေသားသ မီးဆိုပါက တနင်္ဂနွေ၏အညွန့်ဖြစ် သော ကံ့ကော်ညွန့်(၁၅)ညွန့်ကို ဘုရားတွင်လှူ၍ ဆုတောင်းခြင်း (သို့မဟုတ်) ကံ့ကော်(၂)ညွန့် ဆောင် သွားခြင်း ပြုလုပ်ရန်ဖြစ်ပါသည်။


" တြိစတုနင်းကြမ်းပြု" ဟုလည်း ဆိုမိန့်ခဲ့ကြ ပါသည်။ ဆိုလိုသည်မှာ တနင်္ဂနွေသားသမီးဆိုပါက တနင်္ဂနွေ၏တြိရန်းဖြစ်သော ဇော်စိမ်း(၈)ညွန့်၊ စတု ရန်ဖြစ်သော ရွက်လှ(၁၇)ညွန့်တို့ကို ခြေဖြင့်နင်းသွား ရန်ဖြစ်ပါသည်။

ထိုသို့ အညွန့်ကိုဆောင်ခြင်း၊ တြိစတုကို နင်း ကြမ်းပြုခြင်း အားဖြင့် မကောင်းသော ကံအညံ့အခိုက် ကို ပြေပျောက်စေပြီး ကောင်းကျိုးချမ်းသာများကို ပွင့်လန်းစေနိုင်ပါသည်။ ရှေးအခါက မြန်မာစစ်သည် တော်ကြီးများသည် စစ်မြေပြင်သို့ ထွက်ခါနီး၌ ထို အစီအရင်များကို ဆောင်ရွက်သွားလေ့ ရှိကြသည်ဟု မှတ်သားဖူးပါသည်။

ယခုအခါ ကျောင်းသူကျောင်းသား အပေါင်း တို့သည် စာမေးပွဲတည်းဟူသော စစ်မြေပြင်ကို ထွက် ကြရတော့မည်ဖြစ်သောကြောင့် စာမေးပွဲဖြေရန် အိမ် မှအထွက်တွင် ထိုနည်းအတိုင်း ပြုလုပ်သွားခြင်းအား ဖြင့် အညံ့အခိုက်များ ပြေပျောက်ကာ အောင်ဓာတ် များ ရရှိစေလိမ့်မည်ဖြစ်ပါသည်။

အေးချမ်းမြိုင် (လှိုင်)

မနောမယ ဂမ္ဘီရဂျာနယ်

0 comments:

Post a Comment