Monday, February 17, 2014
သွေးစွန်းတဲ့ တနင်္ဂနွေ
ပြောရမယ် ဆိုရင်မိုးတွေကလည်း ရွာချက်က ဘေးပတ်ဝန်းကျင်တောင် မမြင်နိုင်အောင် သဲနေတော့တာပါပဲ ။ထိုသဲသဲမဲမဲ ရွာနေသောမိုးကို အန်တုနေသော လူသားတစ်စု မိုးရွာထဲးတွင် တေားလမ်းလေးအတိုင်း ပြန်မှ သူတို့ မြို့ကိုသွားတဲ့ ဘူတာသို့ ရောက်မည် ။
မမှောင်ခင်ရောက်ဖို့ အရေးပတ်ဝန်ကျင်တောင်သတိမမူမိအောင် မြန်မြန်သွားနေကြသည်။ထိုအရပ်ဒေသသည်သူတို့ နဲလည်းအကျွမ်းမဝင်ပါ သူတို့ ကျောင်မှတနင်္ဂနွေနေ့  လေ့လာရေးခရီးထွက်ရာသို့ လိုက်ခဲ့ကြသော အကီဒ၊ယိုနို၊ကုမဒါ၊ကိုနို ဆိုသော တဣသိုလ် ကျောင်းသားလေးယောက် အခု သူတို့ တို့ မကျွမ်းကျင်သော နေရာတစ်ခုသို့  လူစုကွဲကာရောက်ရှိလာခြင်းဖြစ်သည်။"အဲဒါမင်းကြောင့် ကုမဒ""အခု ငါတို့  ဘယ်လို လုပ်မလဲ""မင်းပဲအမြန်ရောက်မဲ့ ဖြတ်လမ်းသိတယ်ဆိုလို့  ဆရာတို့ အုပ်စုနဲ့ မလိုက်တာ အခုတော့ဒုက္ခပါပဲကွာ"အားလုံးရဲအပြစ်တင်မှုကို ကုမဒ တစ်ယောက်လူးအလဲခံနေရသည်"ငါလည်တစ်ခါရောက်ဖူးလို့  ပြောလိုက်တာပါကွာ မင်းတို့  ကိုတောင်းပန်ပါတယ်"ဟု ကုမဒ က ခေါင်းလေးငုံ့ ပြီးပြန်လည်တောင်းပန်နေရှာသည် ။
ကိုနို က"မတက်နိုင်ဘူးလေကွာ ငါတို့ လည်းဒီအထိရောက်လာခဲ့ပြီပြီပဲ ဒီကောင့်ကို အပြစ်တင် လည်း ဘာမှဖြစ်လာမှာမှမဟုတ်တာ မမှောင်ခင် ရောက်အောင်သွားမှရမယ်"သို့ သော်ကံကြမ္မာက သူတို့  ကိုမျက်နှာသာမပေးပါ လုံးဝန်နေသောနေဝန်းကြီးသည် တဖြေးဖြေးအရောင့်ဖျော့ရာမှ မှောင်မိုက်သော ညအချိန်အခါသို့ ကူးပြောင်းခဲ့ချေပြီ " ငါတို့ ဒီပုံအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး မိုးလင်းမှ ဘူတာရောက်အောင် သွားမှဖြစ်တော့မယ်ကွာ တနေရာရာမှာဝင်တည်းကြစို့  "ဟု အကီဒ က စိတ်ပျက်လက်ပျက်ဖြင့် ညီးညူလေသည်။
သို့ နှင့်သိပ်မကြာလိုက် နောက်လေးဆယ့်ငါးမိနစ်လောက်ခရီးဆက်မိသော အခါ မီးများထိန်ထိန်လင်းနေသော မြို့ ငယ်လေးတစ်ခုကို လှမ်းမြင်လိုက်ကြသည်။အကီဒ က "ငါ့တို့ ဒီညတော့ ဒီမြို့ကတည်းခိုခန်းတစ်ခုခုမှာပဲတည်လိုက်ကြရအောင်ကွာ မနက်စေားစေား ထသွားကြတာပေါ့""အေးကောင်းတယ်ကောင်းတယ် ငါလည်းဗိုက်စာလှပြီ လာမြန်မြန်သွားရအောင် " ဟု ကုမဒ က ထောက်ခံမှုကို ကျန်သုံးယောက်၏ဒေါသမျက်လုံးများအားပေးတာကို ခံလိုက်ရချေပြီ။
"ကဲအကိုတို့  ကျွန်မတို့ နဲ့ လိုက်ခဲ့ပါ ဟု အမျိုးသမီးကခေါ်သွားလေသည်။အမျိုးသမီး၏အိမ်မှာ သိပ်မကြီးလှ သစ်သား အိမ်လေး ကို အခန်းပေါင် ငါးခန်းလောက်နှင့်ဖွဲစည်းထာသော အိမ်လေးဖြစ်သည် အိမ်၏အနောက်ဖက်မှာတော့ တေားအုပ်လေးနှင်တစ်ဆက်တည်းပင် ဖြစ်သည်သူတို့ အိမ်ပေါ်သို့  တက်သည်နှင့် အဖွားကြီးတစ်ယောက် အခန်းထဲမှထွက်လာကာ "အော် ဧည်သည်တွေလည်းပါလာတာကိုး ကဲကဲထိုင်ကြထိုင်ကြ အေးအေးဆေးဆေးအနားယူကြကွဲ့ နော်""ဟုတ်ကဲ့ အခုလိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖွား"ဟု အကီဒ ကယဉ်ကျေးစွာဖြင့်တုန်ပြန်သည်။"ရပါတယ် ကွယ်အဖွားတို့ လည်းကူညီရတော့ ကုသိုလ် ရတာပေါ့ကွယ်""ဖွားဖွား မြေးတို့ ဗိုက်စာပြီ "ဟု ကလေးများကပြော သည်"စားရမှာပေါ့ မြေးတို့  ခဏစောင့်နော် အဖွားစီစဉ်လိုက်အုံးမယ် ကဲကဲ သမီးရေ ကလေးတွေကို အခန်းထဲးခေါ်သွားပါကွယ်" "သားတို့ လည်းပင်ပန်းလာတယ်ထင်ပ တစ်ခုခုအရင်စားလိုက်ကြပါလား"ထိုအချိန်တွင် ကုမဒ ၏အသံထွက်လာသည်
"ဟီးဟီး အားနာစရာကြီး"ကိုနို၏လက်က သူဇက်ဘိုး နှင့်မိတ်ဆက်လိုက်ပြန်သည်။စားစရာများရောက်ရှိလို့  လာသည်။သူတို့ လည်းစားသောက်ပြီးတာနှင့် အမျိုးသမီးနေရာချပေးသောအခန်းအတွင်းဝင်ရောက် အနားယူတော့သည် အခန်းထဲသို ရောက်သောအခါ ကုမဒ ကသူအိတ်ထဲးသို့  တစ်စုံတခုကို သိမ်းဆည်နေသဖြင့် မသင်္ကာသဖြင့် ဝိုင်လုကြည့်သောအခါ ခုနကသူတို့ စားနေသေား မုန့်  များကိုထုပ်ယူလာချင်ဖြစ်သည်။
အားလုံးလည် ကုမဒ ကိုဝိုင်းဝန်ကန်ကြောက်ပြီး အိပ်ဖို့ အသင့်ပြင်တော့ သည်။သို့ နှင်သူတို့ ပင်ပန်းသဖြင့်အိပ်ပျော်သွားကြသည် မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ ကိုနို တစ်ယောက် အိမ်သာသွားချင်သဖြင့် ထလာပြီး ထို့ နောက်အခန်းအပြင်ကို ထွက်ကာအိမ်သာကို ရှာလေသည် သူလည်အိမ်သာ ဘယ်မှာမှန်းမသိ ညသန်းခေါင်ကျော် ဘယ်သူကို မေးရမှန်းမသိ တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် အခန်းတခါးများကို လိုက်ဟကြည့်သည် ထို အချိန်တွင်အနောက်ဘက် တောအတွင်းမှ ဆွဲဆွဲငင်ငင် အူနေကြသော ခွေးအူသံများကြာရပြီး ကြက်သီးများထသွားတော့သည်။ထို့ နောက်အခန်းတစ်ခု အတွင်းမှအသံသဲ့သဲ့ကြားရလာသည် သူလည်းစိတ်ဝင်စားလာသည်နှင့် အမျှဆက်လျှောက်သွားရာ အဖွားကြီးအခန်းမှထွက်လာသောအသံ"ဂျွတ် ဂျွတ် ဂျွတ့့် ဂျွတ် ဂျွတ်ဂျွတ်""ဟင်င်င်င်. ဟင်င်င်င် "ညီးသံကြီး အခန်းအနားသို့ နီးကပ်လာသည်နှင့်အမျှ ထို အသံများနှင့်အတူ ပုတ်ဟောင်သောအနံများကို ရှူရှိုက်မိလာသည်
သူ လည်း အခန်းအဝသို့ ရောက်သည်နှင့် တံခါးကို အသာလေးဟကြည့်မိလိုက်သော အခါ တွေလိုက်ရသောမြင်ကွင်းက အဖွားကြီး မှာ လူတစ်ယောက် ၏လက်ကို အသဲအမဲး ကိုက်ဖျက်စားသောက်နေပြီး အဖွားကြီးဘေးမှ မြေးလေးနှစ်ယောကမှာ ထိုလူ၏ဗိုက်ကလီစာများကို အလုအယက်စားသောက်နေ လေတော့သည်။ကိနိုလည်း ထိပ်လန့် ကြောက်ရွံ့ စွာဖြင့် ငေးကြည့်နေရာမှ လှည့်ထွက်မည်အပြုအနောက်သို့ လှည့်လိုက် ရာ သူအနောက်တွင် လင်မယားနှစ်ယောက်က သူအားပြုံးပြီးကြည့်နေသည် လင်မယားနှစ်ယောက်မှာ ညဦးပိုင်တွင်တွေခဲ့သောလင်မယားနှစ်ယောက်ပင်သို့ သော် လက်သည်းများမှာလည်း ရှည်လျှားလှပြီး ပါစပ်တွင်သွေးများပေကြံကာ နာရွက်များမှာလည်း ရှည်ကာတွဲးကြနေကြသည်
 နောက်သူထက်အရပ်မှာ လေးငါးပေလောက်ပိုရှည်နေလေသည်။သူနောက်ကျသွားလေပြီ။ညသုံးနာရီ လောက်ညည်းနက်ချိန်တွင် လူတစ်ယောက်၏စူးစူးဝါးဝါးအော်ဟစ်လိုက်သောအသံကြောင့် ကုမဒ ၊ယိုနို၊အကီဒ သုံး ယောက် လန့် နိုးလာသည်သို့ သော် အသံမထွက်ရဲ စူးစူးဝါးဝါးထွက်ပေါ်လာသောအသံသည်သူတို့  အိမ်အတွင်းမှဖြစ်သည် သို့ နှင့် သူတို့  လည်းအဝတ်အစားမျာ တိတ်တဆိတ်ဝတ်ကာ အခြေအနေကို ကြည့်နေသည် သူတို့ လည်း အခန်းအပြင်သို့ တိတ်တစိတ်ထွက်ပြီး အော်သံကြာရနေရာသို့ ကြည့်လိုက်ရာ အဖွားကြီး၏အခန်းထဲတွင် သက်မဲ့ ၍အပိုင်းပိုင်းပျက်နေသော သူတို့ ၏သူငယ်ချင်း ကိုနို အားဝိုင်းဝန်းစားသောက်နေကြသည် သူတို့  လည်းတိတ်တဆိတ်ထွက်ကာ အိမ်အပြင်သို့ ရောက်သည်နှင့် အသက်ကုန် ပြေးတော့လေသည်
 မြို့အစွန်ခပ်လှမ်းလှမ်းသို့ ရောက်သော အခါ မြို့အတွင်း မှာ စူးစူးဝါးဝါးအော်လိုက် သောအသံကြားရပြီး နောက်မြို့အတွင်မှ ဖြူဖြူ ကောင်ကြီးများ အော်ဟစ်လိုက်လာတော့သည် ။သူတို့ သုံးယောက်လည်း အသက်ကုန်ပြေး လေရာ ချောင်းစပ်တစ်ခုသို့ ရောက်လာသည် သူတို့ လည်းချောင်ထဲးသို့  မဆိုင်းမတွ ခုန်ဆင်းပြေးကြပြီးတဖက်ကမ်းမှ အနောက် သို့ လှည့်ကြည့်လိုက်ရာ ချောင်းကမ်းပေါ်တွင် ဖြူဖြူကောင်ကြီးများသူတို့ ကို စိမ်းစိမ်းကြီးကြည့်နေကြသည်
ထို အကောင်ကြီးများကြားမှ အဖွားကြီးထွက်လာပြီး သူတို့ သူငယ်ချင်းကိုနို၏ဦးခေါင်းပြတ်ကြီးကို အပေါ်မြှောက်ပြလေသည်။"ငါတို့ သူတို့ ပိုင်နက်ကျော်လာပြီထင်တယ်"အကီဒ က တုန်ရီမေားဟိုက်စွာဖြင့်ပြောသည်။သူတို့ သူငယ်ချင်းကိုနို၏ ဖြစ်အင်ကို စိတ်မကောင်း ကြီးစွာ ဖြင့်ငေးကြည့်နေစဉ် အဝေးမှထွက်ပေါ်လာသော ရောင်နီအလင်းတန်လေးများ ချောင်းရိုးတစ်လျောက်ကျရောက်လာသောအခါ ဖြူဖြူကောင်ကြီးများမှာမကျေနပ်စွာဖြင်သူတို့ ကိုကြည့်ပြီးတေားထဲးအော်ဟစ် ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သူတို့ လည်းဆက်လက်၍ ခရီးဆက်လာခဲ့ရာ မြို့ပေါ်သို့ ရောက်ရှိပြီး ရဲစခန်းသို့  သွားရောက် အကူညီတောင်းခံလေရာ"မင်းတို့ မို့ လိုမကြောက်မရွံ့  အဲဒီနေရကိုသွားတာ အဲနေရာကလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကျော် ကမြို့လုံးကျွတ်မီးလောင်ထားတဲ့မြို့ကွ သေလိုက်တာလည်သောက်သောက် လည်ပါပဲကွာ မင်းတို့ သူငယ်ချင်းအတွက်တော့စိတ်မကောင်းပါဘူးကွာ" "ကဲမင်းတို့ လည်းပြန်ဖို့ လုပ်တော့ ငါတို့  လည်းလုပ်စရာရှိတာလုပ်ထားလိုက်ပါမယ်"ထိုအချိန်တွင်ကုမဒ လည်းသူ့ အိပ်အတွင်းသို့ နှိုက်ကြည် မိလေရာ ထိုအိမ်မှထည့်ယူလာသော မုန့် ထုပ် ဖြည်ကြည့်လိုက်ရာ မြတ်ခြောက့် မို ပိုးကောင်အသေများထွက်လာတော့သည်။"ဟာာာာ ဒါဆို ညကငါတို့ စားတဲ့မုန့် တွေက့ "
Ebby
သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း
0 comments:
Post a Comment