Sunday, February 16, 2014

" သတိ! ကလေးအသား ခါးသည်။ ခွေးအသားချိုသည်။ "

Photo: " သတိ! ကလေးအသား ခါးသည်။ ခွေးအသားချိုသည်။ "

ဒီစာတန်းကို သူ ဟိုးငယ်ငယ်တည်းက မြင်ဖူးပါသည်။ မြောက်ဒဂုံ ၅၀ကွေ့ ရပ်ကွက်၊ နေကြာ(၂)လမ်းတွင် အိမ်တိုင်းလိုလို ထိုစာတန်းကို မြေဖြု ဖြင့်ရေးထားကြသည်.........

"အန်တီအေး....ဒါဘာကြောင့်ရေးထားတာလဲ"

"ဘာမှမဟုတ်ပါဘူး ၊မသိချင်ပါနဲ့...သားရယ်"

သူ အန်တီအေး အိမ်လာတိုင်း ဒီစာတန်းကို မြင်ပါသည်။သူမေးသည့် အခါတိုင်း အဖွားနှင့် အန်တီအေးအပါ အဝင် မည်သူမှ သူကို အဖြေမပေးခဲ...

ဒီလိုနဲ့ ကျနော် အရွယ်ရောက်၍ ဆယ်တန်းအောင်ဧ။် 

"သား....မင်း ကျောင်းနဲ့ နီးအောင် မြောက်ဒဂုံမှာ လာတက်ပါလား....မင်းအဖွား လည်း အဖေါ်ရတာပေါ့"

မြောက်ဒဂုံတွင် အန်တီအေးနှင့် အဖွားသာရှိသည်။ အန်တီအေးက ဘဏ်မှာလုပ်သည်။ ညနေ ၇နာရီလောက်မှ ပြန်လာတက်သည်....ဝန်ထမ်းရပ်ကွက် ဖြစ်သောကြောင့် ဆိတ်ငြိမ်လှဧ။်

ဒီနေ့ သူအတန်းပြီးသွားတော့ ကျောင်းအပြင်ဘက်မှာ လက်ဖက်ရည်တစ်ခွက်ကို အေးဆေးသောက်သည်။အန်တီအေး စောစော ပြန်လာမည် ဆိုသောကြောင့် အဖွား ကို စိတ်ပူစရာ မလိုပေ....

၅နာရီခွဲလောက်ကျတော့ ထထွက်ခဲ့သည်....အရင်နေ့တွေက ဆိုသူ ၇၈လမ်းဆုံ ထိကားစီး ၇၈လမ်းဆုံမှ တစ်ဆင့် ထားဝယ်ချောင်(၅၀ကွေ့) ကားကို စီးသည်။

ဒီနေ့မှ စိတ်ပြေလက်ပျောက် သူကျောင်းနှင့် အိမ်သို့ လမ်းလျှောက်သည်။ကျောင်းနှင့် အိမ်ဆိုတာ ကားစီးရင် နာရီဝက်လောက်ဘဲ ကြာသော ခရီးက မျက်စိလယ် လမ်းမှား၍ သူလမ်းလျှောက်လာတာ ၂နာရီမကတော့......မိုးစုန်းစုန်းပင် ချုပ်နေပြီ။

မီးပျက်ရက် ဖြစ်သောကြောင့် အလင်းရောင် ဆို၍ ဖြတ်သွားသော ကားတစ်စီး တစ်လေသာ ရှိသည်။လက်ထဲက နာရီ ၈ကျော်ကျော် လောက်မှာပင် နေကြာ(၂)လမ်း ဆိုင်းဘုတ် ကိုမြင်သော ကြောင့် သူဝမ်းသာ သွားမိသည်။

သူ လမ်းထဲဝင်ဝင် ခြင်း ငှက်ဆိုး ထိုးသံ ကြားလိုက်ရသည်။ ရုတ်တရက် လန့်ဖြန့်ကာ ယောင်ယမ်းပြီး ဘေးဘီ သို့ ကြည့် လိုက်မိဧ။် 

"ဟင်........"

"သတိ! ကလေးအသားခါးသည်။ခွေးအသား ချိုသည်" ဟူသော စာတန်း များ အိမ်တွင် မတွေ့ရတော့။သူ ခပ်သုတ်သုတ် လျှောက်ကာ အိမ်သို့ ဝင်လိုက်ဧ။် အိမ်ပေါ်ရောက်တော့ အန်တီအေးပင် ရောက်နှင့်နေသည်။

သူတို့ အိပ်မှ လွဲ၍ ဘေးအိမ်တွေ အကုန်လုံး အမှောင်အတိကျနေသည်....

"အန်တီ.....မီးမလာဘူးလား...."

"................"

အန်တီ အေး မဖြေ။ ကျနော့်ကို တစ်ချက် စူးစူး စိုက်ကြိုက်သည်....မျက်လုံးတွေက အသက်မဲ့လှသည်။ ရုတ်တရက် စိမ့်ခနဲ ကျောချမ်းသွားသော ကြောင့် သူချာခနဲ လည့်ကြည့်လိုက်သည်။သူကို စိုက်ကြည့်နေသော အဖွား။

ထူးဆန်းသော အကြည့် များကြောင့် ကျနော် စိတ်ထဲမသိုးမသီ ဖြစ်သွားသည်။ ထိုအချိန်တွင် စွဲစွဲငင်ငင် အူလိုက်သော ခွေးတစ်ကောင်ကြောင့် ကြက်သီးမွှေး တွေဖြန်းဖြန်း ထသွားဧ။်

"ဟင်............ဘုရားစင် ဘယ်ရောက်သွားတာလဲ"

သူအလန့်တကြား ရေရွတ်မိလိုက်သည်။ သေချာ ပြန်ကြည့်တော့ ဘုရားစင်က မူလနေရာတွင် စံပယ်နေလျက်-

"အ...ဖွား...ခု...န....က....မြွေ...တက်...လာ....လို့...ရိုက်...ထား...တယ်..."

အက်ကွဲ စွာပြောလိုက်သော အသံနှင့်အတူ...အိုမင်းရင့်ရော်သော လက်နှင့်ညွှန်ပြသောကြောင့် ကျနော် ကြည့်မိလိုက်ဧ။်အဖွား ပြသော ကြမ်းပြင်တွင် ပုတီးလုံးများ တစ်စစီ ကစဉ်ကလျား ဖြစ်နေဧ။် အဖွား အမြင်မသဲကွဲခဲ့လေခြင်းလား.....သူမတွေးတက်။

ကျနော် ထမင်းဝိုင်းပေါ် ရောက်တဲ့ အထိ အတွေးတွေ ဘောင်ဘင်ခတ် နေသည်...ငှက်ဆိုးထိုးသံ။အမြဲတစေ ရှိတဲ့စာတန်း မရှိခြင်း....အဖွား နှင့် အန်တီအေးရဲ့ အေးစက်စက် အကြည့်များ...ထမင်းစားချင် စိတ်ပင်မရှိတော့ချေ.....

"အန်တီ...သား၊ ထမင်းမစားချင်ဘူး"

အန်တီ အေး ကျနော့်ကို တစ်ချက် စိုက်ကြည့်ပြန်သည်....ပြီးနောက် ကြောက်မက် ဖွယ်ရာ အသံနက်ကြီး ဖြင့်ရယ်သည်။

"ဟီး....ဟီး.....ဟား....ဟား...."

သူအနောက်သို့ ခြေလှမ်းတစ်ချက် ဆုပ်လိုက်မိသည်။အန်တီ အေး အနားတိုးကပ် လာပြီး ကျနော် မျက်နှာချင်းဆိုင်ကာပြောသည်။

"ယံယံ စားမလား၊ ၃မိနစ်ဘဲစောင့်......ရသာမှန် ယံယံ" တဲ့.  :3

(ချစ်လို့စထှာညော်....ချိတ်ချိုးရဝူး....လက်မထောင်ပေးတွားဦး. :D)
#မိုးရေစက်

အားပေးမူ့ကို အထူးကျေးဇူးတင်လျက်-
ကြိုးစားပါဦးမယ်။

"ယံယံ စားမလား၊ ၃မိနစ်ဘဲစောင့်......ရသာမှန် ယံယံ" တဲ့.

(ချစ်လို့စထှာညော်....ချိတ်ချိုးရဝူး....လက်မထောင်ပေးတွားဦး. :D)

မိုးရေစက်

အားပေးမူ့ကို အထူးကျေးဇူးတင်လျက်-
ကြိုးစားပါဦးမယ်။
ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

0 comments:

Post a Comment