Monday, February 17, 2014

" သွဲ့ "

Photo: *****အိပ်ခန်းထဲမှတစ္ဆေမျက်နှာ******

ဖော်ပြပါဓါတ်ပုံသည် အိပ် ခန်းထဲမှာဓါတ်ပုံရိုက်ယူလိုက်ရာ တစ္ဆေမျက်နှာပုံပါဝင်လာခြင်းဖြစ်ပေသည်။
ထိုဓါတ်ပုံနှင့်ပါတ်သတ်၍အချက်အလက် ပြည့်ပြည့်စုံစုံဖော်ပြရန်ခက်ပေသည်။ဓါတ်ပုံမှာလည်းဟောင်းနွမ်းလှပြီဖြစ်ပေသည်။ဖော်ပြထားသည့်ဓါတ်ပုံတွင်ပါဝင်သည့်တစ္ဆေမျက်နှာမှာ ပုံအစစ်ဖြစ်သည်ဟုအတည်ပြုကြသည်။ဓါတ်ပုံပညာရှင်များကလည်းထိုဓါတ်ပုံနှင့်မူရင်းဖလင်ကိုတိုက်ဆိုင်၍လေ့လာစစ်ဆေးကြည့်ရှူပြီးသည့်အခါထိုဓါတ်ပုံသည် အတုအယောင်ဆောင်ထားခြင်းမဟုတ်ဟုမှတ်ချက်ချခဲ့သည်။
တစ်ခါတစ်ရံ ကျွန်တော်တို့သည်အိပ်နေရင်းခြောက်ခြားဖွယ်အိမ်မက်များ ၊ မကြာခဏထိတ်လန့်ခြင်းတို့ကိုကြုံတွေ့ရတတ်သည်။ထိုတစ္ဆေသရဲများသည် ညအချိန်လူတို့အိပ်နေချိန်သူတို့အနားရောက်လာပါက တစ္ဆေသရဲများထံမှမမြင်နိုင်သော သံလိုက်စက်ကွင်းများမိမိ ဦးနှောက်ကိုလာရောက်ရိုက်ခက်သောကြောင့် အိမ်မက်ဆိုးများမက်ခြင်း၊ကြောက်ရွံထိတ်လန့်မှူ့များကိုဖြစ်ပေါ်တတ်ပေသည်။

Credit to-ဖေ့ဘုတ် တစ္ဆေ
Post by:မောင်မိုးတိမ်

" သွဲ့ " လွန်ခဲ.သော ငါးနှစ်လောက်က သေကံမရောက် ခဲ.တယ်.ဖြစ်ရပ်မှန်လေးတစ်ခုပါရှင်။ "သွဲ." ကိုးတန်းကျောင်းသူအရွယ်တု န်းက"သွဲ".စာအရမ်းကြိုးစားခဲ.သလို ထူးချွန်တယ်.ကျောင်းသူလေးတစ်ယောက် အဖြစ်" သွဲ."ကို ဆရာ ဆရာမ တွေအားလုံးက လည်းသိပ်ချစ်ကြပါတယ်ရှင်။


တစ်တန်းလုံးက သူငယ်ချင်းတွေလည်း" သွဲ."ကို အရမ်းချစ်ကြပါတယ်။ ဒါပေမယ်." သွဲ."ကိုသိပ်မုန်းတယ်.ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။ သူ.နာမည်ကတော." ဇင်ဇင်"ပါ။ "ဇင်ဇင်"ကကျန်းမာရေးလည်းသိပ်မကောင်းတော.အလယ်တန်းကျောင်းသူဘ၀ထဲက" သွဲ".လောက်ကျောင်းစာတွေကို မလိုက်နိုင်ခဲ.ပါဘူး။ လတိုင်းအမှတ်တွေကောင်းပြီး အဆင်.တွေ ထိပ်ဆုံးမှာချိတ်နေတယ်. "သွဲ."ကို ဆရာ ဆရာမတွေကချစ်သလောက် သူငယ်ချင်းတွေက ချစ်သလောက် "ဇင်ဇင်"ကတော. သွဲ.ကိုသိပ်မုန်းတာပါပဲရှင်။ 

"သွဲ."ကတော.သူ.ကိုတစ်ခါမှမမုန်းခဲ.ပါဘူး။ ခနခနနေမကောင်းဖြစ်တယ်."ဇင်ဇင်" ကျောင်းပျက်တိုင်း အတန်းပိုင်ဆရာမရဲ. ခွင်.ပြုချက်နဲ. သူ.ရဲ. လွတ်သွားတယ်.ကျောင်းစာတွေကို" သွဲ."အမြဲ ကူးပေးတတ်ပါတယ်။ "သွဲ."တို.ကျောင်းက မြို.မဟုတ်တယ်. နယ်မြို.လေးတစ်ခုဆိုတော. ကျောင်းထဲမှာ ကျောင်းဆောင်တွေ သိပ်များများစားစား မရှိပေမယ်. ကျောင်းဝင်းကြီးကတော.အကျယ်ကြီးပါပဲ။ ပြောပြရအုံးမယ်........... ကျောင်းဝင်းကြီးကအကျယ်ကြီး ကျောင်းထဲမှာ စိန်းပန်းပင်တွေ ပိတောက်ပင်တွေလည်းအများကြီးရှိပါတယ်။ 

ထူးထူးခြားခြားကျောင်းရဲ.အနောက်ဘက်မှာတော. ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။ ဒါပေမယ်.အဲ.ဒီညောင်ပင်ကြီးက ကျောင်းထဲမှာမဟုတ်ပဲ ကျောင်းရဲ. အပြင်ဘက်မှာ ပေါက်နေတယ်.ညောင်ပင်ကြီးတစ်ပင်ပ။ကျောင်းရဲ.အပြင်ဘက်မှာပေါက်နေတယ်ဆိုပေမယ်. ညောင်ပင်ကြီးရဲ. ညောင်ကိုင်းတွေ အများအပြားက ကျောင်းထဲကို ကိုင်းညွှန်.ပြီး တစ်ဝက်လောက်ကိုဝင်နေပါတယ်ရှင်။ အဲ.ဒီညောင်ပင်ဘေးမှာ လူသွားလမ်းရှိပေမယ်. အဲ.ဒီလူသွားလမ်းကို ဘယ်သူမှအသုံးမပြုကြ မသွားလာကြပါဘူး။ ဘာလို.လည်းဆိုတော. ဒိညောင်ပင်ကြီးမှာ အစောင်.တစ်ယောက်ရှိတယ်ဆိုပြီး ဟိုးအရင်တည်းက လူပြောများနေကြလို.ပါပဲ။ ဒီနေ".ဇင်ဇင်"နေမကောင်းလို.ဆိုပြီး ကျောင်းမတက်ပါဘူး။ ခါတိုင်းလိုပဲ "သွဲ."သူ.အတွက်စာတွေကူးပေးခဲ.ပါတယ်။နောက်ရက် "ဇင်ဇင်"က ကျောင်းပြန်တက်တော. သူ.ဘေးနားက သူနဲ.အတူတူထိုင်တယ.် ကောင်းမလေးကို မေးနေတာ"သွဲ.".ကြားလိုက်ရပါတယ်။

သူ.ကျောင်းစာတွေဘယ်သူကူးပေးတာလဲပေါ. ခါတိုင်; သူကျောင်းပျက်တိုင်း "သွဲ." အမြဲကူးပေးနေကြဆိုတာ "ဇင်ဇင်"တစ်ယောက်သိပါတယ်" သွဲ."က သူ.အနားထသွားပြီး "သွဲ"ကူးပေးထားတာပါလို.ပြောလည်းပြောလိုက်ရော "ဇင်ဇင်"က ကျောင်းစာအုပ်ထဲက" သွဲ."ကူးပေးထားတယ်. စာရွက်တွေအကုန်စုတ်ဖြဲပစ်လိုက်ပါတယ်။ "သွဲ."လည်းတော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ.နေ.လည် ထမင်းစား ကျောင်းခနနားတယ်.အချိန်လည်းရောက်ရော "သွဲ."ကိုဆရာမတစ်ယောက်ခိုင်းတာနဲ.စအုပ်တွေသွားပေးဖို. ဆယ်တန်းအဆောင်ဘက်ကိုအသွား ကျောင်းဆောင်နဲ.သိပ်မဝေးတယ်. ခုနက "သွဲ.".ပြောပြထားတယ်. ညောင်ပင်ကြီးအောက်မှာ ကျောင်းထဲဝင်နေတယ်.ညောင်ပင်ကိုင်းတွေကို သေသေချာချာ မော.ကြည်.ပြီးစကားပြောနေတယ်. "ဇင်ဇင်" ကိုတွေ.လိုက်ရတာပါပဲ။

သူဘာလုပ်နေတာလဲဆိုသိချင်ပေမယ်. သူ.အနားတော.မသွားခဲ.ဘူး။ နောက်တစ်ပတ်လောက်ထိသတိထားမိလိုက်တာကတော. အရင်လို သူနေမကောင်းမဖြစ်တော.ပဲ တော်တော်လည်းလန်းလန်းဆန်းဆန်းနဲ.ပါပဲ။ မုန်.စားဆင်းတယ်.အချိန်တိုင်း ထမင်းစားဆင်းတယ်.အချိန်တိုင်း အဲ.ဒိညောင်ပင်ကြီးအောက်မှာပဲဇင်ဇင်တစ်ယောက် မုန်.တွေ ထမင်းတွေ တစ်ယောက်တည်းသွားသွားစားနေပြီးစကားတွေပြောပြောနေတာ "သွဲ."သတိထားလာခဲ.မိတယ်။

ဒီနေ့ "သွဲ့ "စိတ်တွေ လေးလံနေတယ်.. ခါတိုင်းလိုလည်း မလန်းဆန်းနိုင်ဘူး ဖြစ်နေတယ်.. ကျောင်းတက်ခေါင်းလောင်းထိုးတော့ အခန်းထဲကို ၀င်သာထိုင်လိုက်ရတယ် စိတ်မကြည်ဘူး.. ခဏနေတော့ တစ်တန်းလုံး ဘုရားရှိခိုးရတယ်.. ဒါနဲ့  ဘုရားရှိခိုးတာ ငါးမိနစ် လောက်လည်း နေရော " သွဲ့ " နှာခေါင်း ထဲကို အပုတ်နံ့ လိုလို စူးစူးဝါးဝါးအနံ့ ကြီး ထောင်း ခနဲ ရလိုက် တယ်.. လူလည်းကြက်သီးတွေထသွားတာအရမ်းပဲ.. ပြီးတော့ ကိုယ်ထိုင်နေတာက အစွန်ဆုံးခုံမှာဆိုတော့ စိတ်ထဲမှာ ဘေးနားကနေ တစ်ယောက်ယောက် လမ်းဖြတ်လျှောက်သွားတဲ့ခံစားမှုမျိုး တစ်ချက်ဖြစ်သွားတယ်... စိတ်ကိုစုစည်းပြီး ဘုရားဆက်ရှိခိုးတယ်.. ဒီတစ်ခါ မျက်လုံးဖွင့်ပြီး ရှိခိုးလိုက်မိတယ်... ခဏကြာတော့ ဆရာမ ထိုင်နေတဲ့ဘေးကပြတင်းပေါက်ကနေ လေတိုက်တာမဟုတ်ဘဲ အရိပ်တစ်ခုပြေးဝင်လာပြီး အဲဒီအရိပ်က သူ့လက်ကြီး နဲ့ လွှဲရိုက်လိုက်တာ စာပွဲပေါ်က ပန်းအိုး လဲသွားတယ်...

ပန်းအိုးကလည်း ဖန်ပန်းအိုးဖြစ်နေတော့ စားပွဲပေါ်ကနေ အောက် တမံတလင်း ထိ ပြုတ်ကျတာ ခွမ်းခနဲပဲ.... အားလုံးလည်းလန့် ပြီး ဘုရားရှိခိုးနေတာပါ တစ်တန်းလုံး ရပ်သွားပါတော့တယ်.. ပန်းအိုးကျကွဲတာ " သွဲ့ " အနားမှာဖြစ်နေတဲ့အတွက် "သွဲ့ "လည်း ပန်းအိုးကွဲစ တွေ ကောက်သိမ်းမယ် ဆိုပြီး ဆရာမ ရှေ့အရောက် ဆရာမ က " နေပါ စေသမီး.. ဆရာမသိမ်းလိုက်မယ်.. အားလုံးဘုရားဆက် ရှိခိုးကြ... " ဆိုတာနဲ့ ကိုယ့်နေရာကိုယ်ပြန်ထိုင် ပြီး ဘုရား ဆက်ရှိ ခိုးနေလိုက်ပါတယ်.. ဒါပေမယ့် စောစောက ပုံရိပ်ကြီးကတော့ " သွဲ့ " အာရုံထဲမှာ ထင်ထင်ရှားရှား သေသေချာချာကြီးကို မှတ်မိနေပါတယ်.. အဲဒါကြောင့် " သွဲ့ " စိတ်မှာ တစ်ခုပြီးတစ်ခု အတွေးများနှင့် စိတ်ရှုတ်လို့သာ နေပါတော့တယ်.. ပထမ အတန်းချိန် နှစ်ချိန်ပြီးတော့ မုန့် စားဆင်းတယ်... ဒါပေမယ့် ဒီနေ့ တော့မုန့် မစားပဲ အတန်းထဲမှာ ပဲထိုင်နေမိတယ်... ခဏနေတော့ "သွဲ့ "ကို "ဇင် ဇင်"ကစကားလာပြောတယ်..

" နေ ကောင်းလား.... " တဲ့.. သွဲ့ လည်းတော်တော်လေး အံ့သြသွားတာပေါ့.. ဇင်ဇင်တစ်ယောက် " သွဲ့ " ကို လိုလိုလားလား စကားပြောတာ အရင်က ရှိမှ မရှိခဲ့ဖူးတာ.. အဲဒါကြောင့် "သွဲ့ "က " ငါ နေလို့ သိပ် မကောင်းဘူး... ဖျားချင်နေသလိုလိုပဲ... " လို့ ပြောလည်းပြောလိုက် ရော... ဇင်ဇင်က ချက်ချင်း တင်းမာတဲ့ မျက်နှာထားပြောင်းသွားပြီး " နင် သေ ရင် ငါ တော် တော် ပျော်မှာပဲ... " လို့ တစ်ခွန်းတည်း ပြောပြီး အခန်းအပြင် ထွက်သွားတယ်.... " ဟင်... " "သွဲ့ "လည်းရုတ်တရတ် ဘာပြန်ပြောရမှန်းမသိ တစ်ချက်ကြောင် သွားပြီး ရင် ထဲမှာ မကောင်းလိုက်တာ " သွဲ့  " ဘာတွေများလုပ်မိလို့ သူ ဒီလောက်တောင် မုန်းနေရသလဲဆိုပြီး အတွေးတွေ ဟိုရောက် ဒီရောက် နဲ့ ခုံပေါ် မှောက်ပြီးအားရပါးရ ငိုမိလိုက်တယ်...

 ကျောင်းတက် ခေါင်းလောင်းပြန်ထိုးတော့ ဇင်ဇင်က သူပြောခဲ့တာ မဟုတ်တဲ့အတိုင်း မသိချင်ယောင်ဆောင်ပြီး စာဆက်သင်နေပါတယ်.. ဒီနေ့ တစ်ချိန်ပြီးတစ်ချိန်စာတွေသာ သင်နေရပေမယ့် လူကအားမရှိတော့..... ဒီနေ့ " သွဲ့ " တို့ သန့်ရှင်းရေ့း အသင်း ရှိလို့ မနက်အိမ်ကထွက်လာတည်းက ဘာမှ မစားဖြစ်ခဲ့ဘူး.. အခု နေ့လည် ထမင်းစားဆင်းတော့လည်း စားချင်စိတ် မရှိတာနဲ့ မစားဖြစ်ခဲ့ပြန်ဘူးလေ... နောက်ဆုံးစာသင်ချိန်ရောက်တော့ လူက ဘယ်လိုမှမဟန်နိုင်တော့ဘူး... တချက်တချက် ခေါင်း တွေတအားမူးတာကြောင့် ဘေးက သူငယ်ချင်း မူမူ့ ကို ငါတော်တော်နေလို့မကောင်းဘူး ငါ့နဖူးလေး တစ်ချက်လောက် စမ်းကြည့်ပေးပါလား လို့ပြောလိုက်တယ်... အဲ့ဒီတော့မှ ကိုယ်နည်းနည်းနွေးနေတာသိရတော့တယ်.. သိလိုက်ပြီ.. ဒီနေ့ စိတ်ရှုပ်သွားတာရော မနက် ကဘာတွေမှန်းမသိတဲ့ အရိပ်ကြီးကို မြင်မိတာတွေရော ဇင်ဇင်ပြောလိုက်တဲ့ စကားတွေ စိတ်ထဲရောက်နေတာတွေကြောင့် ညနေ အိမ်ပြန်ရောက်တာနဲ့ ဖျားတော့မှာ အသေ အချာပဲပေါ့လေ..

အိမ်နဲ့ ကျောင်းက တစ်လမ်းကျော်ပဲဝေးတာ.. " သွဲ့ " အမြဲတမ်းလမ်းလျှောက်ပြန်နေကြ.. ဒီနေ့လည်း ကိုယ့်ကိုကိုယ် အားတင်းပြီးလမ်းလျှောက်ပေမယ့် လူကအားမရှိတော့သလို တချက်တချက် ပစ်လဲသွားချင်တဲ့ စိတ်ကို မနည်း အားတင်းလျှောက်ခဲ့ရတယ်.. အိမ်ရှေ့နားရောက်တော့ လမ်းထဲက ခွေးတစ် ကောင် က "သွဲ့ "ကို ကြည့်ပြီးပထမ ဟောင်တယ်... ပြီးတော့ ဆွဲငင်ပြီး အူလိုက်ပါလေရော... လူကဖျားချင်နေတာ အဲဒီခွေး အူလိုက်တဲ့ အသံကြီးက ကြောက်စရာကောင်းနေတာကြောင့် ကြက်သီးတွေတောင် ထမိသွားတယ်... လမ်းထဲက လူကြီးတချို့က ခွေးကို ခဲနဲ့ပေါက်ပြီး မောင်းထုတ်လိုက်ပေမယ့် " သွဲ့ " စိတ်ထဲမှာ လေးလံသတဲ့ လေးလံလာတယ်...

" သွဲ့ " တို့ အိမ်က နှစ်ထပ် တိုက်လေးပါ.. ခြံထဲမှာလည်း မေမေ ၀ါသနာပါတဲ့ အပင်လေးတွေ ပန်းတွေ အများကြီးစိုက်ထားတယ်... သွဲ.နေတယ်.အခန်းကအပေါ်ထပ်မှာပါ... ဖေဖေနဲ.မေမေ ကတော့ အောက်ထပ်မှာပဲ နေပါတယ်... အိမ်မှာ ကူဖော်လောင်ဖက် ခေါ်ထားတဲ့ အိမ်အကူ တစ်ယောက်ရှိတယ်.. " သွဲ့ " အပါအ၀င် တစ်အိမ်လုံးမှာ လေးယောက်ပဲရှိတာပါ.. အိမ်ထဲရောက်တော့ မေမေ့ကို " သွဲ့ " ဒီနေ့ နေမကောင်းတဲ့ အကြောင်း သွားပြောလိုက်တယ်.. မေမေက အခန်းထဲမှာခဏသွားနားလိုက်အုံး လို့ ပြောတာနဲ့ အိမ်ပေါ်ထပ်တက်လာပြီး ကိုယ့်အခန်းထဲမှာ အ၀တ်အစားလဲပြီး ကုတင်ပေါ်မှာ နားနေလိုက်တယ်.. ရေတောင် မချိုးနိုင်တော့ဘူး.. ကိုယ်ကတော်တော်နွေးနေပြီလေ.. အဲဒါနဲ့ နားနေရင်း ခဏအိပ်ပျော်သွားတယ်.. " သွဲ့ " အရမ်းအိပ်ပျော်သွားခဲ့တာ... မေမေ ဆေးသောက်ဖို့ လာနှိုးတော့မှပဲ "သွဲ."နိုးတော့တယ်... မေမေ အတင်းတိုက်လို့ ဆန်ပြုတ်စား နွားနို့တစ်ခွက်သောက် နောက်ပြီး ဆေးသောက်ပြီး ပြန်အိပ်ခဲ့တယ်.. အိပ်ပျော်မလို့ပဲရှိသေးတယ်..

 အခန်းအပြင်ဘက်က လမ်းလျှောက်တဲ့ ခြေသံတစ်ခုကြားလိုက်ရတယ်... အဲဒီအချိန်မှာ " သွဲ့ " သတိထားမိတာက အိမ်ပေါ်ထပ်မှာ ဖိနပ်မှစီးလို့ မရတာလေ... ကြားလိုက်ရတဲ့အသံက ဖိနပ်ကို ရှပ်တိုက် ကြမ်းပြင်နဲ့ ပွတ်တိုက်ပြီး လမ်းလျှောက်လို့ ထွက်လာတဲ့ အသံမျိုး ဖြစ်နေတယ်... တရှပ်ရှပ်နဲ့... ဘာရယ်မဟုတ် ကုတင်ပေါ်မှာထထိုင်ပြီး မေမေလား လို့လှမ်းမေးလိုက်မိတယ်.. ရုတ်တရက် စောစောကကြားတဲ့ ခြေသံကရပ်သွားတယ်.. ပြီးတော့ ခြေသံထပ်ထွက်လာပြန်ရော.. စိတ်ထဲမှာ ဖေဖေများလားလို့ တွေးလိုက်မိပြီး ဖေဖေလား လို့ထပ်မေးမိတယ်.. ခြေသံက ဒီတစ်ခါ မရပ်တော့ဘူး... အရင်ထက်တောင် ပိုပြင်းထန် ပိုမြန်ဆန်လာသလိုပဲ... အခန်းအပြင်ဘက်ကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာလေ.. အန်တီလေးပဲဖြစ်ပါစေလို့ စိတ်ထဲက ဆုတောင်းမိပြီး အန်တီလေးလားလို့ ထပ်မေးမိပြန်ရော.. အန်တီလေးက " သွဲ့ " ကို အရမ်းချစ်တာလေ.. " သွဲ့ " အသံကြားရင် ဒီအတိုင်း ငြိမ်နေမှာတော့မဟုတ်ဘူး..

ဒါပေမယ့် ပြန်ထူးသံမကြားရတဲ့အပြင် အပြင်က ခြေသံက ဒီတစ်ခါတော့ တစ်ကယ်တိတ်သွားပြီး ဘာအသံမှ ထွက်မလာတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားတယ်.. တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်သွားလိုက်တာများ ခြောက်ခြားစရာတောင်ကောင်းတယ်.. အဲဒါနဲ့ " သွဲ့ " လည်း ဘာမှန်းမသိပေမယ့် ကြောက်စိတ်တွေ ၀င်လာပြီး ကိုယ်တောင်ပိုပူလာတယ်... နာရီကြည့်လိုက်တော့ ဆယ်နှစ်နာရီခွဲ... ညနေကျောင်းကပြန်လာတုန်းက ခြံရှေ့မှာ "သွဲ့ " ကိုကြည့်ပြီး လာဟောင်နေတဲ့ လမ်းထဲကခွေးအကြောင်း စဉ်းစားမိသွားပြန်တယ်.. " သွဲ့ " က ခွေးချစ်တတ်တယ်လေ..
လမ်းထဲကခွေးတွေကိုလည်း နှစ်ရက်တစ်ကြိမ် သုံးရက်တစ်ကြိမ်လောက် လမ်းထောင့်မှာ အစာကျွေးနေကျ.. လမ်းထဲက ခွေးတွေအကုန်လုံးက " သွဲ့ " ကို ခင်ပြီးသား.. ဟောင်ဖို့နေနေသာသာ " သွဲ့ " လာရင်တောင် ပြေးပြီး ကြိုတတ်ကြသေးတာ..

ဒါပေမယ့် ညနေကတော့...... ခုလည်း အသံတွေ ကြားနေရပြန်ပြီ... "သွဲ." ဘာတွေတွေးပြီးစဉ်းစားနေမိမှန်းမသိဘူး.. မေးတာလည်းပြန်မထူး... ဖေဖေလည်းမဟုတ်ဘူး... မေမေလည်း မဟုတ်ဘူး... အန်တီလေးလည်း မဟုတ်ဘူး ဆိုရင်.. ဒါဆို "သွဲ." " သွဲ့ " ကြောက်လိုက်တာ... မေမေတို့ရှိတဲ့ အောက်ထပ်ပြေးဆင်းရင်ပဲ ကောင်းမလား... အပေါ်ထပ်မှာအခန်းသုံးခန်းတောင်ရှိပေမယ့် " သွဲ့ " တစ်ယောက်တည်းနေရတယ်.. မေမေတို့က လူကြီးတွေဖြစ်နေလို့ မေမေနဲ့ ဖေဖေရော.. အန်တီလေးပါ အောက်ထပ်မှာပဲနေတယ်... တစ်အိမ်လုံးလည်းအိပ်နေကြတယ်... အပေါ်ထပ်တစ်ထပ်လုံးမှာ "သွဲ." တစ်ယောက်တည်းပဲ..

 အရေးထဲ အပေါ့က သွားချင်နေတယ်.. " သွဲ့ " အခန်းထဲမှာ အိမ်သာ ရေချိုးခန်းရှိပေမယ့် အခုအချိန် ကုတင်ပေါ်ကနေကို ဘယ်မှ မသွားရဲ့တာ.. ဘာရယ်မဟုတ် စိတ်ကဘာတွေဖြစ်နေမှန်းမသိဘူး... ကုတင်အောက်ကိုငုံ့ကြည့်လိုက်တယ်.. သရဲကားတွေထဲကလို ကုတင်အောက်မှာပဲ ပုန်းနေပြီး ငါ ကုတင်အောက်ဆင်းမှ ခြေထောက်ကို လှမ်းဆွဲမလားလို့ပေါ့.. ဘေးက ဓာတ်မီးယူပြီး ကုတင်အောက်ကို ငုံ့ကြည့်လိုက်မိတယ်.... "အမလေးလေးးးးးးးးးးး ပြူးပြူးကြီး" သေချာကြည့်မှ.. အော် ငါ့နှယ်..ဖြစ်မှဖြစ်၇လေ.. သေချာဓါတ်မီးထိုးကြည့်တော့မှ ဘိုမရုပ်ကြီး.. မေမေ ဟိုတစ်နေ့က အခန်းလာရှင်းပေးတာ အရုပ်တွေထားတဲ့နေရာက ရှုပ်နေတယ်ဆိုလို့ ကုတင်အောက်မှာ တစ်ချို.အရုပ်တွေ လာထားသွားတာကိုး.. တစ်ယောက်ထဲ ဘာမှမဟုတ်ပဲကြောက်နေလို့ ကိုယ့်ဘာသာတွေးမိပြီး ရယ်တောင်ရယ်မိလိုက်သေးတယ်.. အဲဒါနဲ့ ရယ်လိုက်ရလို့ ကြောက်စိတ်နဲနဲပြယ်သွားပြီး အပေါ့သွားချင်လာတာနဲ့ အပေါ့သွားပြီးတော့ ရေချိုးခန်းထဲမှာ အေးအေးဆေးဆေး မျက်နှာပါသစ်လိုက်သေးတယ်... ပြီးမှ တံခါးသေချာပြန်ပိတ် မီးပိတ်ပြီး ကုတင်ပေါ်လှဲချလိုက်တာ.. နှစ်နှစ်ခြိုက်ခြိုက် ပြန်လည်အိပ်ပျော်သွားပါတော့တယ်..

 ဒီလိုနဲ့ နောက်နေ့ မသက်သာလို့ မေမေက ကျောင်းကိုခွင့်တိုင်ပြီး အိမ်မှာပဲ " သွဲ့ " ကို အနားယူခိုင်းလိုက်ပါတယ်.. " သွဲ့ " အိမ်မှာနေရတဲ့ ရက်ပိုင်းအတွင်း " သွဲ့ " တစ်ယောက်တည်းနေရတဲ့အချိန်တွေမှာ ခြောက်ခြားစရာတွေတော့ အများကြီးပါပဲ.. အခန်းမီးတွေ ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတာတို့ ရေချိုးခန်းထဲက ရေပိုက်က အလိုလိုပွင့်ထွက်ပြီး အလိုလို ပြန်ပိတ်သွားတာတို့ အခန်းထဲမှာ အရိပ်တစ်ခု လှုတ်ရှားသွားလာနေတာတွေကို မြင်ရတာတို့ ဖြစ်ခဲ့ပါတယ်.. " သွဲ့ " ကြောက်ပြီး မေမေတို့ကို ပြောပြခဲ့ပေမယ့် မေမေတို့က " သွဲ့ " နေမကောင်းဖြစ်ပြီး ထင်ယောင်ထင်မှား ဖြစ်နေကြတယ်လို့ ထင်နေကြတယ်လေ.. အိမ်မှာလည်း အရင်တုန်းက အဲ့လို အဖြစ်မျိုးတွေမှ မဖြစ်ခဲ့ဖူးတာ.. " သွဲ့ " တစ်ယောက်တည်းမှာပဲ ဖြစ်ပျက်နေခဲ့တာလေ..

" သွဲ့ " လည်းကြောက်ပြီး အန်တီလေးနဲ့ပဲ သွားအိပ်တော့တယ်.. အန်တီလေး အခန်းထဲရောက်တာတောင် တစ်ခါတစ်လေ " သွဲ့ " တစ်ယောက်တည်းရှိနေချိန် ထူးဆန်းတာတွေဖြစ်နေပေမယ့် အန်တီလေး ရှိတဲ့အချိန်တော့ မဖြစ်ခဲ့လို့ " သွဲ့ " အန်တီလေးနားမှာပဲ နေဖြစ်တော့တယ်... ဒီလိုနဲ့ နောက်နှစ်ရက်လောက်နေတော့ " သွဲ့ " နည်းနည်းသက်သာလာတယ်.. တစ်ညနေမှာ အန်တီလေးနဲ့ အတူ ခြံထဲလမ်းဆင်းလျှောက်ရင်း ဖုန်းလာတော့ အန်တီလေးက အိမ်ထဲဝင်ပြီး ဖုန်းသွားကိုင်တယ်.. ကိုယ့်ခြံထဲဖြစ်နေလို့ စိတ်အေးလက်အေးနဲ့ ဆက်လျှောက်လာရင်း အိမ်ရှေ့က ပိတောက်ပင်ကြီးနားရောက်တော့ ရုတ်တရတ်ဆိုသလို ခေါင်းတွေ ကြီးသွားပြီး ကြက်သီးတွေ တဖြန်းဖြန်း ထလာပါတော့တယ်.. အဲဒါနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ဘက်ကို ပြန်လျှောက်လာခဲ့တယ်.. ဒါပေမယ့် လူနဲ့ စိတ်နဲ့ သိပ်မကပ်သလို .. ကိုယ့်စိတ်က လေထဲမှာ လမ်းလျှောက်နေသလို လွင့်မျောနေတယ်.. အဲဒါနဲ့ အိမ်ထဲ ပြန်ရောက်တော့လည်း ဒေါ်လေး လှမ်းခေါ်တာကို ထူးမိသလို မထူးမိသလို တစ်ချက်တစ်ချက် အသိစိတ်ဝင်လာတဲ့အချိန်မှာ လူက ငေးငေးငိုင်ငိုင်ဖြစ်နေတာပဲ သိတယ်.. နောက် အသိပြန်လွတ်သွားတယ်..

" သွဲ့ " ဘာတွေလုပ်နေမှန်းလည်း မသိဘူး.. " သွဲ့ " သတိထားမိလိုက်တာက နောက်ဖေးက ထမင်းစားပွဲဝိုင်းမှာ ထိုင်ပြီး ထမင်းတွေ ဟင်းတွေကို အားပါးတရစားနေတာပဲ... အသားဟင်းတွေ ပုဇွန်တွေပါတဲ့ ဟင်းတွေဆို အကုန်ပြောင်သွားရော.. အိမ်ကလူတွေကတော့ " သွဲ့ " နေကောင်းခါစမို့ ခံတွင်းလိုက်လို့ စားတယ်ဆိုပြီး ဘာမှမပြောကြပါဘူး.. ဒါပေမယ့် နေ့ဘက်ဆို " သွဲ့ " မှာ အားမရှိသလိုပဲ.. ဘယ်သူနဲ့မှလည်း မတွေ့ချင်တော့သလို ဘာမှလည်း စားချင်စိတ်မရှိဘူး.. ညနေဘက်ဆို " သွဲ့ " လန်းဆန်းလာသလိုပဲ.. ဒါပေမယ့် စိတ်က " သွဲ့ " စိတ်မဟုတ်တော့သလို အစားအသောက်တွေကို အရမ်းခုံမင် တက်မက်လာတယ်.. နောက်ပြီး အရင်တုန်းကဆို ညနေတိုင်း မေမေနဲ့ အတူ " သွဲ့ " ဘုရားရှိခိုးနေကြ..

ခုတော့ မေမေကခေါ်တာတောင် အကြောင်းအမျိုးမျိုးပြပြီး " သွဲ့ " ငြင်းနေမိတယ်.. နောက်ပြီး အစားအသောက်မှာလည်း အသားငါးတွေကို ပိုစားလာတယ်.. အရင်တုန်းက အသားဟင်းတွေ သိပ်မစားတဲ့ " သွဲ့ " က အခု အရမ်းစားလာတော့ အန်တီလေးတောင် အံ့သြပြီး " သွဲ့ " ကိုမယုံသက္ခာတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေတယ်.. ကိုယ့်အချစ်ဆုံး အန်တီလေးက ကြည့်တဲ့ အဲ့လို အကြည့်တွေကို " သွဲ့ " မခံစားနိုင်ပေမယ့် လတ်တလောဖြစ်ပေါ်နေတဲ့ " သွဲ့ " ရဲ့စိတ်တွေကို ထိန်းချုပ်လို့မရဘူးဖြစ်နေတယ်.. ဒီလောက် အစားတွေ အများကြီးစားတာတောင် တဖြေးဖြေးနဲ့ " သွဲ့ " ပိန်သတဲ့ ပိန်လာတယ်.. နောက်တော့ မေမေနဲ့ ဒေါ်လေးတိုင်ပင်ပြီးတော့.. ပယောဂဆရာတစ်ယောက်ကို ဖေဖေမရှိတဲ့အချိန်မှာ အိမ်ကိုပင့်လာတယ်..

 ဖေဖေက ဒါတွေကို အယုံအကြည်ရှိတဲ့လူတစ်ယောက်မဟုတ်ဘူးလေ.. အဲဒီ ပယောဂဆရာ လာတဲ့အချိန်ဆို " သွဲ့ " စိတ်တွေကို ထိန်းချုပ်ရတာ ပိုဆိုးတယ်.. တစ်ခါတစ်ခါ မထိန်းချုပ်နိုင်တော့ဘူး.. အဲဒီလို အချိန်မျိုးဆို " သွဲ့ " ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိလိုက်ဘူး.. အသိစိတ်ဝင်တဲ့အချိန်ကျတော့ အဲဒီပယောဂ ဆရာထွက်ပြေးပြီး " သွဲ့ " လည်းပင်ပန်းပြီး ကျန်ခဲ့တာပဲ.. နောက်တော့ ပယောဂဆရာတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားခဲ့ပေမယ့် " သွဲ့ " အခြေအနေက ကောင်းမလာဘဲ ပိုပိုဆိုးလာပြီး နောက်ဆုံး အရိုးပေါ်အရည်တင်တဲ့ အခြေအနေမျိုးရောက်သွားတယ်.. မေမေတို့ကလည်း " သွဲ့ " ကို အထူးဂရုစိုက်စောင့်ရှောက်ပေးကြပေမယ့် " သွဲ့ " ရဲ့ ထူးဆန်းတဲ့အခြေအနေကို ကြောက်ကြဟန်တူပါတယ်.. မေမေတို့ မျက်နှာမှာ စိုးရိမ်ထိတ်လန့် ပူပန်မှုတွေ အများကြီးတွေ့ရတယ်.. နောက်ပိုင်း တစတစပိုပိုဆိုးလာပြီး ရေခဲသေတ္တာထဲက အသားစိမ်းတွေကို ဒီအတိုင်းစားတဲ့အခြေအနေမျိုးအထိတောင် ဆိုးဝါးလာပါတော့တယ်.. တစ်နေ့တော့ ၀တ်ဖြူစင်ကြယ်နဲ့ လူတစ်ယောက်ကို မေမေတို့ ပင့်ဆောင်လာတယ်..

အဲဒီလူက အိမ်ပေါက်ဝရောက်တာနဲ့ ဂါထာတွေကို စတင် မန်းမှုတ်တော့တာပဲ.. သူလာတယ်ဆိုတာ မကြည့်ဘဲ " သွဲ့ " စိတ်က အလိုလို သိနေခဲ့တယ်.. အခု ပြောပြနေတဲ့အကြောင်းအရာတွေဟာ " သွဲ့ " ကိုယ်တိုင်ဖြစ်ပျက်ခံစားနေရတာတွေရော၊ " သွဲ့ " အသိစိတ်လွတ်သွားတဲ့အချိန် မေမေတို့ ပြန်ပြောပြတာတွေရော ပေါင်းစပ်ထားတာပါ.. ဒီတစ်ခါတော့ " သွဲ့ " စိတ်တွေ ခါတိုင်းထက်ပိုပြီး သောင်းကျန်း ဆိုးဝါးလာတယ်.. အဲဒီနောက် " သွဲ့ " ခန္ဒာကိုယ်မှာ " သွဲ့ " အသိစိတ် လုံးဝမဲ့သွားတယ်.. ဖြစ်ပျက်ပုံတွေကတော့ အဲဒီဆရာက " သွဲ့ " ခန္ဒာကိုယ်ထဲ ၀င်ရောက် စားသောက်နေတဲ့ မကောင်းဆိုးရွားကောင်ကြီးထက် အစွမ်းထက်တဲ့အတွက် နောက်ဆုံး မကောင်းဆိုးရွားကောင်ကြီးက အရှုံးပေးလိုက်ရပြီး သူ့အပြစ်တွေကို ၀န်ခံသွားပါတယ်..

အဲဒီမကောင်းဆိုးရွားကောင်ကြီး ပြောတာကတော့ သူက ကျောင်းဝင်းထဲက ညောင်ပင်ကြီးက သရဲကြီးတစ်ကောင်ဖြစ်ကြောင်း၊ သူ့ခန္ဒာကိုယ်ကို ဒီညောင်ပင်အောက်မှာ မြုပ်နှံထားတာ ကြာပြီဖြစ်ကြောင်း၊ တစ်နေ့တော့ ဇင်ဇင်ဆိုတဲ့ ကောင်မလေးက သူ့ရဲ့အရိုးအပိုင်းအစလေးကို ရသွားပြီး လူရိုးမှန်းသိတာနဲ့ အောက်လမ်းဆရာတစ်ယောက်အကူအညီနဲ့ ယခုလက်ရှိ ၀င်ပူးကပ်ခံနေရတဲ့ " သွဲ့ " ကို ဒုက္ခပေးအသေသတ်ရန် ရည်ရွယ်ခိုင်းစေခဲ့ကြောင်း၊ သူကလည်း အသေလုပ်တာမှန်ပေမယ့် ကောင်မလေးရဲ့ ကုသိုလ်ကောင်းမှုတွေက အဟန့်အတားဖြစ်စေခဲ့လို့ တဖြေးဖြေးသေစေရန် ရည်ရွယ်ပြီး ပူးကပ်ရခြင်းဖြစ်ကြောင်း၊ အခုလုပ်နေတာကလည်း အောက်လမ်းဆရာ ခိုင်းစေလို့ဖြစ်ကြောင်း ပြောပြတဲ့အခါ ဆရာက ဒီကလေးမလေးကို မပူးကပ် ဒုက္ခမပေးအောင် မေတ္တာရပ်ခံပါတော့တယ်.. သရဲကြီးဟာ ပထမတော့ အောက်လမ်းဆရာကို ပိုကြောက်ရတဲ့အကြောင်းပြောပြီး တင်းခံနေပါသေးတယ်..

 ဒါပေမယ့် နောက်ဆုံး မရနိုင်တော့အခါမှ နောက်မနှောင့်ယှက်တော့ဘူးလို့ ကတိပေးပြီး ထွက်သွားပါတော့တယ်.. အဲဒီတော့မှ မေမေနဲ့ ဒေါ်လေးလည်း သက်ပြင်းချနိုင်ပါတော့တယ်... ဒီအဖြစ်အပျက်တွေလွန်မြောက်ပြီး နောက်တစ်ရက်နှစ်ရက်နေတော့ " သွဲ့ " လည်း ပြန်လည်ကျမ်းမာလာပြီး ကျောင်းပြန်တက်ဖို့လုပ်ပါတော့တယ်.. " သွဲ့ " ပထမဆုံး ကျောင်းပြန်တက်တဲ့နေ့မှာပဲ.. ထိတ်လန့်တုန်လှုတ်စရာ သတင်းတစ်ခု ကြားရပါတော့တယ်..

 အဲဒါကတော့ ဇင်ဇင်တစ်ယောက် ကားအက်စီးဒင့်တစ်ခုဖြစ်ပြီး သေဆုံးသွားရတဲ့ သတင်းပါ.. " သွဲ့ " တကယ်ပဲ စိတ်မကောင်းဖြစ်ပြီး ငိုမိပါတယ်.. သူ့ဘက်က ဘယ်လိုပဲ ကိုယ့်ကို မုန်းမုန်း အပြုံးမပျက်ဆက်ဆံပါဆိုတဲ့ မေမေ့ရဲ့ ဆုံးမစကားလေးအတိုင်း သူ့ကို အကောင်းဆုံး ပြန်လည်ဆက်ဆံနိုင်ဖို့ " သွဲ့ " ကြိုးစားခဲ့ပေမယ့် " သွဲ့ " ဆန္ဒတွေဖြစ်မလာနိုင်တော့ဘူးလေ.. မနာလိုမှုတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသမီးဟာ နောက်ဆုံး ကိုယ်ကိုယ်တိုင်ပဲ လောင်ကျွမ်းပြာကျသွားနိုင်တဲ့အကြောင်း ဒီဇာတ်လမ်းလေးကို ပြောပြရင်း စာဖတ်သူမန်ဘာအပေါင်း သံဝေဂယူနိုင်ကြပါစေ.. လောကမှာ သူတပါးအပေါ် မကောင်းမြင်တဲ့စိတ် မနာလိုမှုစိတ်ထား ကင်းနိုင်ကြပါစေ..လို့ ဆုတောင်းရင်းးးး

Written by:Admin Shweyi Phyozaw
သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

0 comments:

Post a Comment