Tuesday, February 18, 2014

ဖေ့ဖွတ်ခ် သုံးတဲ့ ခေတ်မှီတဲ့ သရဲရှိသလား (အပိုင်း-၁)

http://manawmaya.com/images/resized/images/2014/648/thaye.jpg

၂၀၁၁ ခုနှစ် မတ်လ ၂ ရက်မှာ ကျွန်မရဲ့ တစ်ဦးတည်းသော သမီးဖြစ်သူ အသက် ၁၅ နှစ် အရွယ်
သမီးလေး " ဆူဇန" (Suzanne) ဟာ လူမဆန် လောက်အောင် ရက်စက်တဲ့နည်းနဲ့ အသတ်ခံခဲ့ ရပါတယ်။ လူမဆန်လောက်အောင် ရက်စက်တဲ့ နည်းနဲ့သတ်ခဲ့ တာဖြစ်တဲ့အပြင် လူသားလူသတ် သမားတစ်ယောက်က သတ်ခဲ့တာမဟုတ်ဘဲ ဝိညာဉ် လောကသား (သရဲ) တစ်ယောက်က သတ်ခဲ့တာ လို့တောင် ယူဆစရာဖြစ်ခဲ့ ပါတယ်။ ခက်တာက အဲဒီ သရဲဟာ အဲဒီလောက် ခေတ်မီသလားဆိုတာ မေး ခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။


အဲဒီနေ့ညနေ ၆ နာရီမှာ ကျွန်မနဲ့ ခင်ပွန်းဖြစ် သူတို့က ညစာစားပွဲတစ်ခု သွားစရာရှိလို့ သမီးလေး ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရပါတယ်။ အဲဒီညစာစားပွဲကို သမီးလေးကိုပါ ခေါ်သွားလို့ရပေ မယ့် သမီးလေးက မလိုက်ချင်လို့ ထားခဲ့ရတာပါ။ သမီးလေးအကြောင်းပြတာက အိမ်စာတွေ လုပ်ရ ဦးမှာမို့ မလိုက်တော့ဘူးဆိုတာပါပဲ။ ကျွန်မကတော့ သမီးလေး မလိုက်ချင်တဲ့အကြောင်းရင်းကို သိပါ တယ်။ အိမ်စာတွေရှိတာလည်း ဖြစ်နိုင်ပေမယ့် သူ စွဲလမ်းနေတဲ့ အင်တာနက်ပေါ်က " ဖေ့စ်ဘွတ်ခ် " (facebook) လူမှုရေးဝက်ဘ်ဆိုက်ကို လက်မလွှတ် ချင်တာက အဓိကအကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ " ဖေ့စ်ဘွတ်ခ် " လူမှုရေးဝက်ဘ်ဆိုက်ဟာ ဆယ်ကျော် သက်အရွယ် ကလေးငယ်တွေကို အရမ်းကို စွဲလမ်း စေပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်ပေးနိုင် သလို မိတ်ဆွေအချင်းချင်း " စာရိုက်ပြီး စကားပြော ခြင်း" (chatting) လုပ်လို့ရပါတယ်။

သမီးလေးဟာ "ဖေ့စ်ဘွတ်ခ် "အသုံးပြုပြီး မိတ်ဆွေတွေနဲ့ စာရိုက် စကားပြောတာကို ည ၈ နာရီကနေ ၁၀ နာရီအထိ လုပ်လေ့ရှိတာ ကျွန်မ လေ့လာသိရှိထားပါတယ်။ ဒါကြောင့်လည်း သမီးလေး မလိုက်ချင်တာကို နားလည်ခွင့်လွှတ်ပြီး သူ့ကို အိမ်မှာ ထားခဲ့တာဖြစ် ပါတယ်။ ခါတိုင်းလည်း သူ့ကို အဲဒီလို အိမ်မှာထား ခဲ့တာမျိုးတွေ ရှိပါတယ်။ ကျွန်မတို့နေထိုင်တဲ့ရပ် ကွက်က လူရည်သန့်ပြီး ပြဿနာကြီးကြီးမားမား မဖြစ်ဖူးပါဘူး။ ကျွန်မတို့အိမ်ကလည်း ခိုင်ခန့်လုံခြုံ တာမို့ သမီး တံခါးဖွင့်မပေးရင် ဘယ်သူမှ အိမ်ထဲ မဝင်နိုင်ပါဘူး။ တယ်လီဖုန်းလည်း ရှိတာမို့ တစ်ခု ခု ထူးခြားရင် ရဲကို ဖုန်းဆက်တိုင်ကြားလို့လည်း ရပါတယ်။ ဒါ့ကြောင့်လည်း သူ့ကို တစ်ယောက် တည်း စိတ်ချလက်ချ ထားခဲ့ကြတာပါ။

ညစာစားပွဲဟာ ည ၁၀ နာရီလောက်မှာ ပြီးဆုံး သွားပါတယ်။ ကျွန်မတို့ လင်မယားနှစ်ယောက် အိမ် ပြန်ရောက်တော့ ည ၁၁ နာရီ ထိုးနေပါပြီ။ သမီး လေး အိပ်နေလောက်ပြီလို့ ယူဆလို့ လူခေါ်ခေါင်း လောင်း မနှိပ်တော့ဘဲ အိမ်ရှေ့တံခါးကို ကျွန်မတို့ ဘာသာ သော့ဖွင့်ဝင်ရောက်ခဲ့ပါတယ်။ အိမ်ရှေ့တံ ခါးက ဝင်ဝင်ချင်း ဖိနပ်ချွတ်ခန်း ရှိပါတယ်။ ကျွန်မ တို့က အပြင်သွားတဲ့ ဖိနပ်တွေကို အိမ်ထဲမှာမစီးပါ ဘူး။ ဧည့်သည်တွေကိုတော့ ဖိနပ်စီးဝင်ခွင့်ပြုထား ပေမယ့် ကျွန်မတို့ကိုယ်တိုင်ကျတော့ ဖိနပ်ချွတ်ခန်း မှာ ဖိနပ်ချွတ်၊ စင်ပေါ်တင် အိမ်တွင်းစီးဖိနပ်တွေ ပြောင်းစီးကြပါတယ်။

အဲဒီအချိန်အထိ ကျွန်မရဲ့ စိတ် တွေဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလိုဖိနပ်လဲစီးတာ မှာ ကျွန်မက အရင်ပြီးသွားပြီး ခင်ပွန်းဖြစ်သူက နှေးနေပါတယ်။ ခါတိုင်းဆိုရင် ကျွန်မဟာ ဖိနပ်လဲ ပြီးပြီးချင်း ဖိနပ်ချွတ်ခန်းရဲ့ဘယ်ဘက်မှာရှိတဲ့ဧည့် ခန်းတံခါးကို ဖွင့်ပြီး အိမ်ထဲဝင်သွားလေ့ရှိပါတယ်။ ဒီနေ့ကျတော့ ကျွန်မတစ်ယောက်တည်း အဲဒီလို ဝင်သွားရမှာကို ကြောက်ရွံ့နေသလိုလို ဖြစ်နေပါ တယ်။ ဒါကြောင့် ဧည့်ခန်းတံခါးလက်ကိုင်ဖုကို ကိုင် ပြီး လှည့်ဖွင့်လိုက်မလား၊ ခင်ပွန်းဖြစ်သူ လိုက်အ လာကို စောင့်မလားဆိုပြီး ချီတုံချတုံ ဖြစ်နေပါတယ်။ ဒီလိုဖြစ်တာ သိပ်မကြာလိုက်ပါဘူး။ ခင်ပွန်းဖြစ်သူ က ကျွန်မ ကျောနားရောက်လာတာမို့ ဧည့်ခန်း တံခါးကို လှည့်ဖွင့်လိုက်ပါတယ်။ တံခါးပွင့်သွားတာ နဲ့ ထိန်ထိန်လင်းနေတဲ့ လျှပ်စစ်မီးရောင်အောက်မှာ မျှော်လင့်မထားတဲ့ ဧည့်ခန်းထဲကမြင်ကွင်းကို ရှင်းရှင်း လင်းလင်းကြီး မြင်တွေ့လိုက်ရပါတယ်။ ကျွန်မဟာ လန့်သွားတဲ့စိတ်ဇောအဟုန်နဲ့ အော်ဟစ်လိုက်ဖို့ ပါး စပ်ဟလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ကျွန်မ ရဲ့နောက်ကျောမှာရှိနေတဲ့ ခင်ပွန်းဖြစ်သူက သူ့လက် ဖဝါးတစ်ဖက်နဲ့ ကျွန်မပါးစပ်ကို ပိတ်ပစ်လိုက်တဲ့ အတွက် အသံထွက် မလာတော့ပါဘူး။ ကျွန်မမြင် ရတဲ့မြင်ကွင်းကို ကျွန်မယောကျာ်းလည်း မြင်လိုက် ပုံရပါတယ်။ သူက ကျွန်မနားနားမှာကပ်ပြီး တီးတိုး လေသံနဲ့ ပြောလာပါတယ်။

" သတိထား ဟန်နီ၊ သတိကြီးကြီးထားစမ်း၊ စိတ်ကို မလွှတ်လိုက်နဲ့၊ သမီးကို သတ်တဲ့လူသတ် သမားဟာ အိမ်ထဲမှာပဲ ရှိနေနိုင်တယ် " ဖြစ်နိုင်ပါတယ်။ ယောကျာ်းပြောတာ ဖြစ်နိုင် ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းက ကျွန်မတို့ရဲ့ တစ်ဦးတည်းသော သမီး လေး" ဆူဇန် " ဟာ ဧည့်ခန်းအလယ်မှာ သွေးသံ ရဲရဲနဲ့ ပုံပျက်ပန်းပျက် လဲကျသေဆုံးနေတာဖြစ်ပါ တယ်။ ယောကျာ်းက ဆက်ပြီး တီးတိုးပြောပါတယ်။

" ဟန်နီရေ၊ မင်း ဒီဖိနပ်ချွတ်ခန်းမှာ နေခဲ့၊ အိမ်ရှေ့တံခါးကိုလည်း အသင့်ဖွင့်ထား၊ ကိုယ် အိမ် ထဲကို ဝင်သွားမယ်၊ လူသတ်သမားကို အခန်းတိုင်း မှာ ရှာမယ်၊ တစ်ခုခု ထူးခြားရင် မင်းကြားရအောင် ကိုယ် အသံကုန်ဟစ်ပြီး ပြောမယ်၊ အဲဒီကောင်ကို ကိုယ် တိုက်ခိုက်မယ်၊ ကိုယ်ရှုံးရင်တော့ မင်း ထွက် ပြေးပြီး ပတ်ဝန်းကျင်မှာ အကူအညီတောင်းပေ တော့ "

" ဖြစ်ပါ့မလား ကိုယ်ရယ် " ကျွန်မ စိုးရိမ်မိ ပါတယ်။

" အခုကတည်းက ကျွန်မတို့ အပြင်ထွက်ပြီး အကူအညီတောင်းရင် မကောင်းဘူးလား " ကျွန်မရဲ့စိတ်ကူးကို ယောကျာ်းက ပယ်ချပါ တယ်။

" မဖြစ်ဘူး၊ လူသတ်သမား လွတ်သွားနိုင် တယ်၊ ကိုယ်ပြောတဲ့အတိုင်းသာ လုပ် " ပြောပြီးပြီးချင်း သူဟာ ကျွန်မရဲ့ပါးစပ်မှာ အုပ် ထားတဲ့လက်ကိုလွှတ်၊ ကျွန်မကိုလည်း နောက်ကို တွန်းပို့ပြီး ဧည့်ခန်းထဲ ဝင်သွားပါတယ်။ သူဟာ ဧည့်ခန်းထဲရောက်သွားပြီး သမီးရဲ့အလောင်းကို တစ် ချက်ပဲ ကြည့်ပါတယ်။ ပြီးတော့ တခြားအခန်းတွေ ဘက်ဆီ ထွက်သွားတာမို့ သူ့ကို ကျွန်မ မမြင်ရတော့ ပါဘူး။ သေချာတာက သူ တစ်ခန်းဝင်တစ်ခန်းထွက် ရှာနေတော့မှာပါ။ သူဟာ တိုက်ခိုက်သတ်ပုတ်မှု ပညာရပ်တစ်ရပ်ကို လေ့ကျင့်ထားတာမို့ သူ့ကိုယ်သူ အရမ်းယုံကြည်ပါတယ်။ ကျွန်မကတော့ လူသတ် သမားက သူ့ကို အလစ်အငိုက် တိုက်ခိုက်သွားမှာ ကို စိုးရိမ်နေခဲ့ပါတယ်။ ရင်တထိတ်ထိတ်နဲ့ စောင့် ဆိုင်းနေခဲ့ပေမယ့် သူ့ဆီက ဘာအသံမှ ထွက်မလာ ခဲ့ပါဘူး။ ကျွန်မ စိုးရိမ်နေတာက သမီးလေးနဲ့ သူ ဘဝတူ ဖြစ်သွားမလားလို့ပါ။ ဒါဆိုရင်တော့ ကျွန်မ လည်း လောကထဲ ဆက်မနေတော့ဘဲ အဲဒီလူသတ် သမားကို သူသေကိုယ်သေ အသေရင်ဆိုင်တော့ မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလိုဆုံးဖြတ်လိုက်ချိန်မှာပဲ ကျွန်မယောကျာ်း ဟာ မြင်ကွင်းထဲ ပြန်ပေါ်လာပါတယ်။ ဧည့်ခန်းထဲ ပြန်ရောက်လာတာပါ။ သူဟာ ဘာတိုက်ခိုက်မှုမှ လုပ်ခဲ့ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ ခြေပစ်လက်ပစ်နဲ့ အရမ်းကို စိတ်ဓာတ်ကျနေပုံပေါ်ပါတယ်။ သမီးလေး ရဲ့အလောင်းနားမှာရပ်ပြီး ကျွန်မရှိနေတဲ့ဧည့်ခန်း တံခါးဝကို လှမ်းကြည့်ပါတယ်။ ပြီးတော့ ကျွန်မကို လှမ်းခေါ်ပါတယ်။

" ဝင်လာခဲ့တော့ ဟန်နီရယ်၊ အိမ်ထဲမှာ ဘယ် သူမှမရှိဘူး "

ကျွန်မကို ခေါ်ပြီးတာနဲ့ သူဟာ သမီးလေးရဲ့ အလောင်းဘေးမှာ ထိုင်ချပြီး တရှုတ်ရှုတ်နဲ့ ငိုနေ ပါတော့တယ်။ ကျွန်မ သိလိုက်ပါပြီ။ သူက လူသတ် သမား ရှာမတွေ့တာနဲ့ စိတ်လျှော့ချလိုက်ပြီဆိုတာ ကို။ ဒီတော့ ကျွန်မက စိတ်ကို ပြန်တင်းရတော့မှာ ပေါ့။

ကျွန်မက ငိုနေတဲ့ခင်ပွန်းဖြစ်သူကို ဆွဲထူပြီး " ကိုယ် ရဲစခန်းကို ဖုန်းဆက်ပါ၊ အမြန်ဆုံး ဆက် ပါ၊ ပြီးမှ ဆက်ငိုချင် ငိုပါ " လို့ ပြောလိုက်တယ်။ သူ သတိပြန်ဝင်သွားပြီး ဧည့်ခန်းထောင့်က တယ လီဖုန်းရှိရာကို ထွက်သွားပါတယ်။

ကျွန်မဟာ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့သမီးလေး ရဲ့အလောင်းနားမှာ မချိတင်ကဲ ရပ်နေရင်းက ဧည့် ခန်းဆောင်စားပွဲပေါ်မှာ သမီးလေးရဲ့ ]လက်ပ်တော့} က ပွင့်လျက်သားရှိနေတာကို မျက်စိထောင့်စွန်းက နေ လှမ်းမြင်လိုက်ရပါတယ်။ ကြည့်ရတာ သမီးလေး က ' လက်ပ်တော့'ကို သူ့အိပ်ခန်းထဲမှာမသုံးဘဲ ကျွန်မတို့ပြန်အလာကို မျှော်ရင်း ဧည့်ခန်းထဲမှာ ထိုင် သုံးနေခဲ့တာကိုး။ ကျွန်မဟာ ဧည့်ခန်းဆောင်စားပွဲ ရှိရာကို သွားပြီး ' လက်ပ်တော့ ' ကို ကြည့်လိုက် ပါတယ်။ ' လက်ပ်တော့' မှာ သမီးလေးရဲ့ ' ဖေ့စ် ဘွတ် ' စာမျက်နှာက ပွင့်လျက်သားပါ။ ပြီးတော့ သူငယ်ချင်းတစ်ဦးတစ်ယောက်နဲ့ အပြန်အလှန် စကားပြောထားကြတဲ့ ' ချက် 'အကွက် ကလည်းပွင့် လို့။

ကျွန်မဟာ သူတို့နှစ်ယောက်ပြောခဲ့ကြတဲ့စာ ကြောင်းတွေကို ပြန်ဖတ်ကြည့်လိုက်ပါတယ်။ သမီး လေးရဲ့နာမည်က ' ဆူဇန်၁၃ ' ၊ တစ်ဖက်က ကောင် လေးရဲ့နာမည်က ' ချစ်လူငယ် ၆' တဲ့။ သူတို့နှစ် ယောက်က အောက်ပါအတိုင်း စကားပြောခဲ့ကြပါ တယ်။ ကြည့်ရတာ ဒီနေ့မှ စဖြစ်တဲ့သူငယ်ချင်း တွေနဲ့ တူပါတယ်။

ချစ်လူငယ်၆၉။ ။ အိုး-မင်းဓာတ်ပုံ ကြည့် လိုက်တာ အတော် လှတာပဲ။

ဆူဇန်၁၃။ ။ တကယ်လား၊ မင်း အဲဒီလို ထင်သလား။

ချစ်လူငယ်၆၉။ ။ မင်းက လှပတဲ့ဆံပင်တွေ ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။

ဆူဇန်၁၃။ ။ ကျေးဇူးတင်ပါတယ်။ ချစ်လူငယ်၆၉။ ။ မင်းက မျက်လုံးလှလှ တစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဆူဇန်၁၃။ ။ ဒါတော့ အားလုံးက ပြော ကြပါတယ်။

ချစ်လူငယ်၆၉။ ။ ပြီးတော့ မင်းက နှာခေါင်း လှလှလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဆူဇန်၁၃။ ။ ဟုတ်လား၊ ဒါဆို မဆိုးဘူး ပေါ။

ဆက်လက်ဖော်ပြပါအုံးမည်
Manawmaya Journal

0 comments:

Post a Comment