သူ့ရဲ့စိတ်ဝင်စားမှုကိုရယူချင်နေပါသလား။ ဘာစကားမှဖွင့်ဟ ပြောစရာမလိုဘဲ နားလည်မှုရယူနိုင်တဲ့ ဒီနည်းလေးတွေကို စမ်းကြည့်ပါ။
(၁)   
 ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြည့်တစ်ချက် စွမ်းအားကို 
လျှော့မတွက်နဲ့နော်။ တကယ်လို့သင်ကလဲ စိတ်ဝင်စားတယ်ဆိုရင်တော့ 
သူ့ရဲ့အကြည့်ကို မလွှဲဖယ်ပစ်ဘဲ (၃)စက္ကန့် စာလောက်ပြန်စိုက်ကြည့် လိုက်ပါ။ 
ပြီးရင်တော့ အကြည့်ကိုပြန်လွှဲလိုက်ပါ။ ဒါဆိုရင် သင်ကလဲစိတ်ဝင် စားနေကြောင်း 
သူရိပ်မိပါလိမ့်မယ်။ ဒီ့ထက်ပိုပြီး လေးလေးနက်နက်ခံစားမိနေတယ်ဆိုရင်တော့ 
အကြည့်လွှဲပြီးပြီးချင်း နောက်ထပ် 
(၁)စက္ကန့်စာလောက်ဖြစ်ဖြစ်ပြန်စိုက်ကြည့်လိုက်ပေါ့။
(၂)   
 နောက်တစ်နည်းကတော့ ဆံပင်ကိုလက်နဲ့ ဆတ်ကနဲပင့်သပ်ရင်း ကြည့်လိုက်တာပါပဲ။ 
ပုခုံးအနောက်ရောက်သွားတဲ့ ဆံနွယ်တွေက လည်တိုင်အလှကို 
မြင်သာအောင်လှစ်ဟပြလိုက်သလိုပါပဲ။ ဆံပင်နည်းနည်းလေးရှည်ဖို့တော့ လိုတာ 
ပေါ့နော်။ ဒါဟာ သူ့စိတ်ထဲမှာသင့်ရဲ့ပုံရိပ်ကို မှတ်မှတ်ထင်ထင် စွဲမြဲသွား 
စေမှာဖြစ်ပါတယ်။
(၃)    မိတ်ဆွေတွေဖြစ်နေပြီလား ။ 
ဒါဆိုရင်တော့ စကားစမြည်ပြောဆိုရာမှာဖြစ်စေ၊ သူ့ခံစားချက်တချို့ကို 
ရင်ဖွင့်ရာမှာဖြစ်စေ စိတ်ဝင်စားတဲ့အမူအရာမျိုးနဲ့ နားထောင်ပေးပါ။ သင်ဟာ 
သူပြောတဲ့အကြောင်းအရာ အပေါ်မှာ စိတ်ဝင်စားမှုအပြည့် ရှိနေတယ်ဆိုတာ သူသိပါစေ။ 
ကြားဖြတ်ပြောခြင်းမပြုဘဲ သူစိတ်ဝင်စားတဲ့ အကြောင်းအရာ (သို့) ၀ါသနာဟာ 
မိမိယခင်ကတည်းက စိတ်ဝင်စားတဲ့ အကြောင်း အရာဖြစ်ကြောင်းဖော်ပြပါ။ တကယ်လို့ 
ကြပ်ညပ်နေတဲ့လူစုလူဝေးထဲ နှစ်ဦးသားပိတ်မိနေရင်တော့ သင့်ရဲ့ 
ဟန်ချက်ကိုမထိန်းနိုင်ပုံမျိုး သူ့အပေါ် အနည်းငယ် ယိုင်လိုက်ပါ။ ပြီးရင်တော့
 “ဆောရီး”လို့ တစ်ခွန်းလောက်ပြန်ပြောဖို့ မမေ့ပါနဲ့။
(၄)   
 ပြုံးပါ။  သင့်ရဲ့ဖြူစင်တဲ့ သွားလေးတွေပေါ်အောင်ပြုံးပြပါ။ သာမန်အပြုအမူ 
ဖြစ်ပေမယ့် ဒါဟာ သူ့အပေါ် သင့်ရဲ့နွေးထွေးတဲ့သဘောထားနဲ့ ချဉ်းကပ်ဖို့ 
ခွင့်ပြုပေး နိုင်ကြောင်း ဖော်ပြနည်းတစ်မျိုးပါးပဲ ။ 
သင့်ရဲ့အပြုံးတစ်ချက်နဲ့ သူ့ကို အချိန်အတန် ကြာအောင် ငေးကြည့်စေနိုင်ရင် 
ဒါဟာသူ့ကို သင်ဖမ်းစားလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ကို 
စကားစမြည်စပြီးပြောလာပါလိမ့်မယ်။
(၅)   
 ဟာသနှောတဲ့ရယ်စရာ အကြောင်းအရာမျိုးပြောနေတဲ့အခါမျိုးမှာ သဘောကျတဲ့ 
အမူအရာမျိုးနဲ့ သူ့လက်မောင်းကိုပုတ်လိုက်ပါ။ 
အနည်းငယ်ထိတွေ့လိုက်ခြင်းအားဖြင့် ယောက်ျားလေးများရဲ့ 
စိတ်ကိုနှိုးဆွ လိုက်နိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ် 
စနောက်ခြင်းမျိုး မဟုတ်ဘဲ ညင်ညင်သာသာ ထိတွေ့ လိုက်ခြင်းက ရိုးရိုးသူငယ်ချင်း
 နယ်ပယ်ထဲမှ သွေဖယ်သွားစေနိုင်ပါတယ်။
        ဒီအဆင့်လေးတွေကို 
အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်ပြီဆိုရင်တော့ ပိုပြီးရင်းနှီးတဲ့ 
ဆက်ဆံမှုကို ဖွင့်ပြောစရာမလိုဘဲ တည်ဆောက်နိုင်မှာပါ။
Ref:Seventeen
Trend Myanmar
 






 
 
 
 
 
0 comments:
Post a Comment