Monday, February 17, 2014

သေခြင်းနှင့် ယှဉ်၇်ျ လောင်းသည်။( ဇတ်သိမ်းပိုင်း )

Picture
သူတို့တွေ ပြန်သွားပြီးနောက် ကျွန်တော်တို့လည်း အိပ်ကြတယ်ဆိုပါတော့။ အားလုံးကလည်း ၀မ်းသာနေကြတယ်။ ဒီလိုကောင်တွေ ဒီလိုထိပေးမှ ဟေးဟေး ဆိုပြီးလေ။ ကျွန်တော်ကတော့ ဘာပြောရမှန်းတောင် မသိပါဘူး။ ၀မ်းလည်း မသာဘူး။ ၀မ်းလည်း မနည်းပါဘူး။ ဒီလိုပဲ။ မကောင်းတာ တစ်ခုက ကိုယ်ခြံထဲမှာ ဖြစ်သွားတာကိုပဲ တော်တော်လေး အားနာသလိုဖြစ်မိတယ်။ ညဘက်အိပ်တော့လည်း အလင်းက အဲဒီနတ်တွေ အကြောင်းပဲ မေးနေတာ။

“ဟဲ့ နင်က နတ်တွေနဲ့တော့ အကျိုးပေးတယ်နော်။ အဖွားကပြောဖူးတယ်။ နင်က လိပ်ပြာလှတယ်တဲ့။ အဲဒါကြောင့်လားဟ” ဘာညာနဲ့ မေးနေတယ်။ ကျွန်တော်လည်း ဖြေနိုင်သလောက်လေးတော့ ဖြေနေတာပေါ့ဗျာ။ သူက အရမ်းမေးပါများတော့ လူက အညင်က ကပ်လာယော။ အဲဒါနဲ့..

“ဟဲ့…အိပ်တော့။ ငါအိပ်ချင်နေပြီ။ ဆက်ပြောနေရင် ကုတင်ပေါ်က ကန်ချလိုက်မှာနော်” ဆိုပြီး ပစ်ဟောက်ထည့်လိုက်တယ်။

“သေပေါ့။ မသာဂေါင်။ မသိလို့မေးတာကို ဟွန်း” ဆိုပြီး ဟိုဘက်လှည့်အိပ်သွားတယ်။
သူနဲ့ ကျွန်တော်နဲ့က ငယ်ငယ်ကတည်းက အိမ်မှာ တူတူအိပ်နေကြခင်ဗျ။ အနော်အိမ်မှာ သူတစ်ယောက်တည်း မအိပ်ရဲဘူး။ ကြောက်လို့တဲ့။ ဘာကြောက်မှန်း မသိပါဘူး။ ခလေးဘ၀ကတည်းကလည်း ဒီလိုပဲ။ ငယ်ငယ်ကဆို လုံးမွေးဆိုတဲ့ သူငယ်ချင်းတစ်ယောက်ပါရှိတယ်။ သုံးယောက်လုံး အနော်အခန်းထဲမှာ စာကျက်ရတယ်။ ပြီးရင် ဒီကုတင်ပေါ်မှာပဲ အိပ်တာ။
အဲဒီတုန်းကဆို ပျော်ဖို့ ကောင်းတယ်။ ညနေတိုင်း လုံးမွေးက ပဲကြီးလှော်တွေ စားတာ။ အများကြီးစားတယ်ဗျ။ ညဆို အနော်တို့ကို ဒုက္ခပေးတာ ဟေးဟေး ။ ပေါက်လိုက်တဲ့ “အီး” ဗျာ။ တစ်ဘူဘူနဲ့။ အဲဒါဆို သူကို အနော်တို့ နှစ်ယောက်က ၀ိုင်းပြီး ကန်ချကြတယ်။
ကုတင်ပေါ်ကနေပြီးလေ။ အဲဒါဆို သူက ငိုပြီး။ အဖွားကို သွားတိုင်တယ်။ အဖွားက ဟိုဘက်ခန်းမှာ အိပ်တာကိုး။ သူသွားတိုင်ရင် လာပါပြီ။ ဘွားရင် ကြိမ်လုံးကြီး ကိုင်ပြီး။ အနော်တို့ နှစ်ယောက်ကို လိုက်ရိုက်။ အနော်တို့က ၀ရန်တာကို ထွက်ပြေး။ ရီနေရတယ်။
ပျော်ဖို့လည်း ကောင်းတယ်။ နောက်ပိုင်းကျတော့… ညနေတိုင်း အနော်တို့ သုံးယောက်လုံး ပဲကြီးလှော်တွေ ၀ါးကြတယ်။ ရေလည်း သောက်တယ်။ ညဆို…တစ်ယောက်တစ်လုံး။ အလှည့်ကျ ထုတာ ။ ခွိခွိ။ ကိုယ့်အလှည့်မဟုတ်ပဲနဲ့ အီးပေါက်မိရင် အောက်ဆင်းအိပ်ရတယ်။ အနော် အများဆုံး ဆင်းအိပ်ရပါတယ် ဟိဟိ ။ ကိုယ်က အီးမှ မနိုင်ပဲကိုး။ ဘယ်နှယ့် ဗျာ။
ထွက်ချင်နေတဲ့ လေကို ဘယ်လို ထိမ်းမတုန်း။ ထိမ်းတာများရင်လည်း မကောင်းဝူးလေ။ ပိုနံတယ် ဟိဟိ ။ အဲဒါကြောင့် လေက အ၀တစ်တာနဲ့ အနော်က လိုက်လျောရလိုက်တယ်။ သွားစေ…ဘူ။ ဘူ။ ဘူ ဆိုပြီးလေ ခွီး ။ အဲဒီတော့..အနော်ပဲ အောက်ဆင်းအိပ်ရပါလေယော ။ အဲဒီလိုနေလာတော့ ကျွန်တော်တို့တွေက မောင်နှမတွေလို ဖစ်နေတာလေ။ အဲဒါကြောင့် အခုချိန်ထိပြန်တွေ့လည်း ညတိုင်း တူတူအိပ်တယ်ခင်ဗျ။ ထားပါတော့ အဲဒါ။ ငယ်တုန်းက ပျော်စရာလေး ပြန်တွေးလိုက်တာ မျောသွားတယ်။ ဟီး ။ ဒီလိုနဲ့ နောက်နေ့ မနက်ကျတော့ ကျွန်တော်လည်း လုပ်စရာရှိတာလုပ်နေတာပေါ့ဗျာ။ နတ်စင်ဘက်တော့ သွားကြည့်လိုက်သေးတယ်။
ဒီနတ်တွေ ဟုတ်မှ၊ ဟုတ်ရဲ့ လားလို့လေ။ နတ်တွေကတော့ အငြိမ်ပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ခြံထဲ ပြန်ဆင်းပြီး ပျိုးပင်တွေကို လိုက်စစ်နေလိုက်တယ်။ မနေ့ညက ဖြစ်ပျက်ခဲတဲ့ အကြောင်းတွေကိုတော့ အာရုံထဲ သိပ်မထည့်တော့ ပါဘူး။ ဒါပေ့မယ် ကျွန်တော်ကို အသားလွတ် စော်ကားသွားတဲ့ ကောင်လေးကိုတော့ စိတ်ထဲက သိပ်မကြည်သေးဘူးခင်ဗျ။ အလုပ်တွေ ပြီးတော့ မနက်ဆယ်နာရီလောက်မှာ ကျွန်တော် ခြံထဲကနေ ပြန်တတ်လာခဲ့တယ်။ အလင်းကတော့ ဈေးက ပြန်လာပြီး ထမင်းဟင်းချက်ပြီးနေတယ်။ အိမ်ရှေ့ က ကုလားထိုင်လေးမှာ စကောထဲကို ဆန်တွေထည့်ပြီး ပြာ နေလေရဲ့ ။
ကျွန်တော်ကတော့ သူဘေးကို ၀င်ထိုင်လိုက်ပြီးတော့…ဗိုက်ကို ပုတ်ပြပြီး….
“ဗိုက်ဆာတယ်ဟာ။ ဘာဟင်းချက်လဲ?” ဆိုပြီး မေးလိုက်တယ်။
“ငါ့အတွတ်ကတော့ ကြက်သားဟင်းချက်ထားတယ်။ နင့်အတွတ်ကတော့ ထုံးစံအတိုင်း ဘဲဥကြော်” တဲ့လေ။ အဲဒီလို ချစ်ဖို့ကောင်းတယ်။ သူငယ်ချင်းတွေက L ။ အဲဒါနဲ့ အနော်လည်း သူ့ကို ဘာမှ မပြောတော့ပဲ လမ်းမကိုပဲ ငေးကြည့်နေလိုက်တယ်။
“ဟဲ့…နောက်တာပါဟ။ ကြက်သားဟင်းချက်ထားတယ်။ တူတူစားတာပေါ့။ ဒါနဲ့ နင်သိပြီးပြီးလား။ နင့်အကောင်တွေ ထိမ်းအုံးနော်။ ဒီကောင်တွေ ဈေးထဲမှာ တွေ့တော့ မနက်က ဘာတွေပြောနေတယ်ထင်တုန်း” ဆိုပြီး ပြောလာတယ်ဗျ။ အနော်ကလည်း
“ဟမ်။ ဘာလဲဟ။ နင့်စကားကလည်း ရှင်းရှင်းပြောပါဟ။ ငါ့အကောင်တွေဆိုတာက” ဆိုပြီး သူ့ကို ပြန်ပြောလိုက်တယ်။
အဲဒီမှာသူက နောက်ဆက်မဲ့ ဇာတ်လမ်းကို စတော့တာပါပဲ။
“နင့်အကောင်တွေဆိုတာက နင့်သူငယ်ချင်းတွေကို ပြောနေတာ။ အဲဒီကောင်တွေက မနေ့ညက နင့်ကို ကြိမ်းသွားတဲ့ကောင်လေ သိတယ်မလား။ အဲဒီကောင်ကို ၀ိုင်းစမို့ လုပ်နေတယ်။ သူရှုံးသွားတယ်မလား။ နင့်ခြံထဲမှာ သူ့ကောင်မလေး ဒီလိုဖြစ်သွားတော့”  ဆိုပြီး ပြောတယ်ဗျ။ အနော်ကလည်း နားကို မရှင်းဘူး။ သူပြောတာကို။
“ဘာလဲဟ။ နင့်စကားတွေကလည်း အစပ်အဟက်မရှိ။ သူ့ကောင်မလေး ငါ့ခြံထဲမှာ ဒီလိုဖြစ်တာနဲ့ ငါနဲ့ ဘာဆိုင်တုန်း။ ဘာလို့ သူက ရှုံးရမှာတုန်းဟ။ ပြီးတော့ ဟိုမသာတွေက ဘာလို့ သွားစကြမှာတုန်း။ ချီးထုတ်တွေလုပ်အုံးမယ်ထင်တယ်။ ငါနားမရှင်းဘူးဟာ။ သေသေချာချာပြောပြ နင့်ဇာတ်လမ်းကို” ဆိုပြီး ကျွန်တော်လည်း စိတ်ရှုပ်လာတာနဲ့ အော်ပလိုက်တယ်။
“ဟ! မသာကောင်။ နင်နဲ့ ငါနဲ့ မတည့်တာ အဲဒါ။ ဘာလို့ လာအော်နေတာတုန်း။ အဲဒီကောင်က နင့်ကို မနေ့က ဒီလိုကြိမ်းတယ်။ စော်ကားသွားတယ် ဆိုတဲ့ သတင်းက မနက်ခင်းဈေးထဲမှာ ဒီလောက် ပြန့် နေတာကို။ နင့်သူငယ်ချင်းတွေက အဲဒီကောင်ကို လုံးဝမကျေနပ်ဖူးလုပ်နေတယ်ဟ။ ငါသူတိုနဲ့ တွေ့တော့ နင့်ဆီလာအုံးမယ်။ ပြောနေတယ်။ သူတို့ တော်တော်တင်းနေတာ။
ပြီးတော့ အဲဒီကောင်က နင့်ကို သက်သက် စိန်လာခေါ်တာ။ မနေ့က အဲဒီလို နင့်ကို စိန်လာခေါ်တဲ့ အချိန်ကျမှ သူ့ကောင်မလေးက နင့်ခြံထဲမှာ မှားပြီး မရှူနိုင်၊ မကယ်နိုင်ဖြစ်တော့…နင့်ကို ကောင်မလေး အဖေ၊ အမေက လာတောင်းပန်ရတယ်မလား။ အဲဒါကို ဒီကောင်က လုံးဝမကျေနပ်ဖူးတဲ့ဟ။ မလာဖူး။ ဘာဖူး လုပ်နေတာတဲ့။ ဟို ပယောဂဆရာနဲ့တောင် ရန်ဖစ်ကြသေးတယ်တဲ့ သိလား။ ဒီကောင်က သရဲမယုံဘူးလေဟာ။ အဲဒါကြောင့် မဖြစ်နိုင်ပါဘူး။ ဘာညာလုပ်နေတယ်။ ဒါပေ့မယ် ဟိုဦးလေးတွေက သူ့တို့ သမီးဖြစ်တာကိုးဟ။ မိဘက ဘယ်နေနိုင်မလဲ။ အဲဒါကြောင့် ရလို၊ ရငြားဆိုပြီး နင့်ဆီလာတာ။ နင် သွားတောင်းပန်ပေးလိုက်တော့ သူတို့ သမီးသက်သာသွားတယ်လေ။ အဲဒီတော့ သမီးရှင် ဦးလေးကြီးက ဒီကောင်ကို ပြောသွားတယ်။ မင်းစကား ငါနားထောင်မိရင် ငါ့သမီးသေတာကြာပြီ တဲ့ဟ။ အဲဒီမှာ ဒီကောင်က ပေါက်ကွဲပြီး။ မနေ့ညက အရက်တွေသောက်ပြီး။ နင်နဲ့ တစ်နေ့ တွေ့မယ်ဆိုပြီး ဓါးကြိမ်းကြိမ်းနေတယ်တဲ့။ မေမြို့ ဆိုတာက နင်သိတဲ့ အတိုင်း ကျဉ်းကျဉ်းလေးကို ဘယ်သူ၊ ဘာဖစ်တယ်ဆိုတာ သိနေတဲ့ကိစ္စဟာ။
အဲဒါ ဒီကောင် အဲဒီလို ပြောနေတဲ့ အချိန်မှာ နင့်သူငယ်ချင်းမသာတွေကလည်း အရက်ဆိုင်မှာလေ။ အဲဒီမှာ စကားထများပြီး ညဘက်ကြီး ၇န်ဖစ်ကြတယ်ဟ။ အခု အားလုံး ရဲစခန်းက ထိမ်းသိမ်းထားရတယ်။ အထိက တရားခံက နင်ဖစ်နေတယ်။ ပြီးတော့ ဂျေးထဲမအောင်းရသေးတဲ့ နင့်အပေါင်းအဖော်တွေကလည်း..အောင်းချင်လို့တဲ့ ဟေး။ အဲဒီကောင် ထွက်လာရင် ၀ိုင်းရိုက်မယ် လုပ်နေတယ်။ မသာကောင်ရဲ့ ။ အဲဒါနင့်ကြောင့်။ နင်သောက်သုံးမကျလို့ ဒီလို ပြသနာတွေ တတ်တာ။ နင်က မမွှေရင် အကောင်း၊ မွှေလိုက်ရင် အကြီးကြီးတွေ။ ဟွန်း။ ကြပ်ကြပ်သတိထားပြီးနေ။ ဒေါက်”
ဆိုပြီး ပြောချသွားတာဗျ။ ပြီးတော့ ဆတ်ခနဲ ထိုင်ရာကနေ ထပြီး အိမ်ထဲ ၀င်သွားပါယောလား။ သူပြောသမျှ ကျွန်တော် “အင်း” “အင်း” ဆိုပြီး လိုက်နေတာဗျ။ သူက စကားလည်း ဆုံးရော “ဒေါက်” ဆိုတဲ့ အသံက အနော်ခေါင်းကို ပယ်ပယ်နယ်နယ် ခေါက်ချသွားတာ။ အနော်မှာဗျာ။ တော်တော် ထူပူပြီး ကျန်ခဲ့တယ်။ ပြီးတော့ သူက အိမ်ထဲ ၀င်တုန်း အော်ပြောသွားသေးတယ်။
“ပါးပါးက မနက်က မှာလိုက်တယ်။ နင့်ကို အိမ်လာခဲ့ပါအုံးတဲ့။ အဲဒါသွားလိုက်အုံး” ဆိုပြီးလေ။

ကျွန်တော်လည်း အိမ်ရှေ့ မှာ… တွေတွေကြီးနဲ့ ဝေေ၀ကြီးကို ကျန်ခဲ့ တာပါဗျာ။ တွေနေတာက ရုတ်တရုပ်ကြီး ဒီလောက် အတိုင်းအတာလေးမှာ ဒီလိုပြသနာတွေ ဖြစ်သွားတာရယ်။ ဝေေ၀ကြီးကျန်ခဲ့တာက မသာမက ခေါက်သွားလို့ ခေါင်းတွေမူးပြီး ဝေထွက်သွားတယ်။ အလင်းက ရှမ်းသိုင်းပြောင်းပြန် တတ်တယ်။ ခြံစောင့်အဖိုးကြီးဆီက သင်ထားတာ။ အနော်လည်း သင်ဖူးပါတယ်။ ဒါပေ့မယ် ခေါင်းခေါက်တဲ့နည်း မပါပါဘူးဗျာ။ တီးထဲ့လိုက်တာများ။ သံအိုးဖင်ကို သံတင်းပုတ်နဲ့ ထုသလား မှတ်ရတယ်။ လူက မူးဝေထွက်သွားတယ် L ။

အမှန်က ဒီပြသနာက ကျွန်တော်နဲ့ ဘာမှကိုမဆိုင်တာပါ။ သူတို့ ပျော်ချင်ပါးချင်လို့လာတယ်။ အနော် လက်ခံတယ်။ သတိပေးတယ်။ လုပ်သွားတယ်။ ပြသနာ တတ်သွားတယ်။ ရှင်းပေးလိုက်တယ်။ ပြီးပြီးပေါ့ဗျာ။ အဲဒါကို ဟိုကောင်က ဘာဖစ်လို့ ကျွန်တော် သူငယ်ချင်းတွေ ထိုင်တဲ့ ဆိုင်မှာမှ ဒီစကားသွားပြောရတာလဲ? ။ မကျေနပ်ရင်လည်း ဒဲ့လာပြောပေါ့ဗျာ။ ကိုယ့်လူတွေရှေ့ သွားပြောရင် သေမှာ အားလုံးက ဗိုလ်တွေချည်းပဲ။ တစ်ကောင်မှ တပ်သားပါတာမဟုတ်ဝူးရယ်။ သေချင်တယ်။ သူတို့ ဘာသာ ရိုက်ကြတာ ပြသနာမဟုတ်ပါဘူး။ ငဇူးကို ဒီလိုလုပ်လို့။ ငဇူးကို ဒီလိုပြောလို့ပါ ဆိုပြီး ရဲစခန်းမှာထွက်ရင်တော့ ရဲက အနော်ပါ  လာဖမ်းမှာ L ။
“ညီရေ၊ ဟုတ်တာ၊ မဟုတ်တာ ခဏထား။ အခုတော့ ခဏအောင်းလိုက် ဆိုပြီးလေ” သေချင်တယ်။ အရေးထဲ ပါးပါးက ခေါ်နေသေးတယ်။ သူက တစ်မျိုး။ ဘာရစ်အုံးမို့လဲ တိဝူးဗျာ။ စိတ်ညစ်တယ်။ အဖိုးကြီးက ဒေါသ ခပ်ကြီးကြီးနဲ့ အနော်နဲ့ တော့ သေပါပြီ။
ကိုယ်လုပ်ထားတာတွေကလည်း တစ်ခုမှ အကောင်းမရှိဝူး။ တေတာ တေလိုက်ချင်တယ်။ တကယ်ပါဂျာ။
အဲဒီဟာတွေ ထိုင်တွေးပူနေတာနဲ့ တင် နေ့လည် (၁၁) ခွဲသွားတယ်။ ကဲ! စဉ်းသာ စဉ်းစားကြည့်ပါတော့ဗျာ။ အနော် ဘယ်လောက် စိတ်ညစ်သွားလဲဆိုတာ။ အလင်းက ထမင်းစားဖို့လာပြောမှပဲ။ ကျွန်တော် ထမင်းသွားစားဖစ်တယ်။

ထမင်းစားနေတုန်း ခြံစောင့်အဖိုးအိမ်ထဲ ၀င်လာတယ်။ သူအခုပဲ အပြင်က ပြန်လာတာတဲ့…အလင်းတို့ အဖေ ခေါ်ခိုင်းနေတယ်တဲ့ ထပ်လာပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ထမင်းစားစားပြီးခြင်းပဲ ခြံထဲက အလုပ်တွေ အားလုံး ခြံစောင့်အဖိုးကိုပဲ လွှဲခဲ့ရတယ်။
အပါ လုပ်ထားလိုက်တော့။ အနော် ဒီနေ့ အပြန် နောက်ကျမယ်။ ဆိုပြီးလေ။ ပြီးတာနဲ့ ပါးပါးဆီ သွားဖို့ ဆိုင်ကယ်ဆွဲတော့တာပါပဲ။
အလင်းက သူလည်း လိုက်မယ်ဆိုပြီး ပါလာတယ်။ ဟိုရောက်တော့ ဖားသားက ကျွန်တော်ကို ခပ်တည်တည်နဲ့ ကြည့်နေတယ်။ အိမ်ပေါ်ကနေပြီးလေ။ အမေကတော့… နင့်အဖေတော့ စိတ်တော်တော် တိုနေတယ်ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ်။ အိမ်ပေါ်တတ်တော့ အဖေက ထိုင်ခုံမှာ ထိုင်ခိုင်းပြီးတော့….ဆူတော့တာပါပဲဗျာ။ အများကြီးပေါ့။ ပြောပြနေရင်လည်း စာရှည်တာပဲရှိမှာ။
အဲဒီ သရဲမယုံတဲ့ မသာကောင် ကိစ္စပဲ။ အနော်လည်း တော်တော် စိတ်ညစ်သွားတယ်။ နောက်ဆို ဘယ်သူမှ မလာခိုင်းချင်တော့ဘူး။ ခြံထဲကိုလေ။ တော်တော် နောင်တရသွားတယ်။ အဖေက သတိပေးနေတာ တစ်ခုရှိတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့…
“မင်းနဲ့ ပြသနာ တတ်ထားတာ အကြောင်း မဟုတ်ဘူးနော်။ ငါအခုပြောနေတာက မင်းသူငယ်ချင်းတွေကို မင်းသွားထိမ်း။ နာနာဘာဝဆိုတဲ့ အမျိုးက မယုံရင် အာခြောင်တာ ပြသနာမဟုတ်ပေ့မယ်။ အလောင်းကစားနဲ့ လုပ်မယ်ဆိုရင် သေတတ်တယ်နော်…ငဇူး။ အေး။ မင်းသူငယ်ချင်းတွေက အခု အဲဒီကောင်ကို အလောင်းကစားနဲ့ကို လုပ်မယ်ဆိုပြီး ပြောနေကြတယ်။ မတော်လို့ သေရင် ပြသနာဖစ်ထားတာက မင်းနဲ့ ဖြစ်ထားတာ။ သူသေတာ ဘာမှမဟုတ်ပေ့မယ်။ သူ့ဘက်က မိဘတွေက မင်းလုပ်လို့ပါ ဘာညာနဲ့ မင်းဘက်လှည့်လာရင် မင်း အရင်ဆုံး ဂျေးအောင်းမှာ သိလား။ ခွေးကောင်ရဲ့ ။ မင်း နွားလား။ ဒီလိုမျိုးတွေ လုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ မင်းမသိဘူးလားကွ” ။ ဘာညာနဲ့ ပေါ့ဗျာ။ ကြိမ်းတာပေါ့။ အဖေပြောတာလည်း မှန်ပါတယ်။ ဒါပေ့မယ် ဒီလိုမျိုးဖစ်မယ်ဆိုတာ အနော်ဘယ်သိမလဲဗျ။ ရည်ရွယ်ပြီး လုပ်ခဲ့တာမှ မဟုတ်တာ။ အခုဟာကလည်း အဲဒီကောင်က သူ့အတ္တနဲ့ သူ နှစ်ပါးသွား က နေတာ။ ခက်တာက အနော်က ကြားက ညှပ်နေတဲ့ ကိစ္စ L အဲဒါပဲ ဆိုးတာ။ အဖေကိုတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။

သူပြောတာတွေ နားထောင်ထောင်ပြီးခြင်း ကျွန်တော့် သူငယ်ချင်းတွေဆီကို ကျွန်တော် ထွက်လာခဲ့လိုက်တယ်။
ပထမဦးဆုံး ဦးတည်ပြီး သွားတာက ကျွန်တော် သူငယ်ချင်း ရှမ်းကြီး ဆီကိုပါ။ ဟုတ်တယ်။ ပါးပါးတို့ အလင်းတို့ကသာ ရမ်းပြီး နင့်သူငယ်ချင်းတွေ၊ နင့်သူငယ်ချင်းတွေ လုပ်နေတာ။ ဘယ်သူငယ်ချင်းက ဒီလိုလုပ်မယ်ကြိမ်းလဲ အနော်လည်း မသိဘူး။ အဲဒါကြောင့် ရှမ်းကြီးဆီ ထွက်ခဲ့တာ။ သူ့အိမ်ရောက်တော့ လဒက အငြိမ် ဂစ်တာဝိုင်းလုပ်နေတယ်။ အခြား ကျွန်တော်သူငယ်ချင်းတွေလည်း ရှိနေတယ်။ ကျွန်တော်လည်း မြင်ယော…ရှမ်းကြီးက…
“ဟ။ ငဇူး။ အခုမှ ပေါ်လာတာလား။ နင့်ဆီတောင် ညနေလာဖို့ ငါတို့ တိုင်ပင်နေတာ။ ဟိုမသာကိုတော့ ငါတို့ အကြောင်း ကောင်းကောင်း သိအောင်ပြရမယ် ဟုတ်” ဆိုပြီး ပြောလာတယ်ဗျာ။ အဲဒီတော့မှ ကျွန်တော်လည်း သိတယ်။ ဒီမသာတွေပေါ့ ရိုက်မယ်။ အလောင်းကစား လုပ်ပြီးတော့ကို ပြမယ် ဆိုပြီး ပြောတာ။ ကျွန်တော်ကတော့ ပြီးတာတွေ ပြီးတဲ့အတိုင်းထားခဲစေချင်တယ်လေ။ အဲဒါနဲ့ ရှမ်းကြီးနဲ့ သူငယ်ချင်းတွေကို ကျွန်တော် ဖျောင်းဖျရတယ်။ အဲဒီထဲက သူငယ်ချင်းတော်တော်များများကလည်း အနော်နဲ့ အတူတူ လက်တွဲပြီး
နယ်ကြမ်းဆိုလည်း လိုက်တယ်။ မြွေပေါပါတယ်ဆိုတဲ့ တောင်လည်း လိုက်တယ်။ အနော်နောက်လိုက်လို့ ခဏခဏလည်း သေမလိုဖစ်ဖူးတယ်။ ဒါပေ့မယ်လည်း လိုက်တုန်း ။ ဒီလိုနေလာတာဗျာ။ အဲဒီတော့ ကျွန်တော်ပဲ သူတို့ကို တောင်းပန်ရတယ်။
“ရှမ်းကြီး။ မင်းကလည်း စွတ်ပြီး ရိုက်မယ်။ ဖဲ့မယ် ချည်းကြီးလုပ်နေတော့တာပဲ။ ပါးပါး ငါ့ကို အသေဆဲနေတယ်ကွ။ မလုပ်ပါနဲ့ကွာ။
ထားလိုက်ပါတော့။ ငါ့ကို စော်ကားတယ်ဆိုရင်လည်း.. ထားလိုက်ပါ။ ပြီးတာတွေ ပီးပါစေတော့ဟာ။ အလောင်းကစားနဲ့ သွားမလုပ်နဲ့ နော်။ နင်တို့ အားလုံး သိသားနဲ့ ငါတို့ ဆယ်တန်းဆောင်မှာ အဲဒီလို လုပ်လို့ တစ်ညလုံး မအိပ်ခဲ့ရတာ မှတ်မိတယ် မလား။ မမှတ်သေးဘူးလားကွာ”
ဆိုပြီးလေ။

ကျွန်တော်တို့ ဆယ်တန်း ခြောက်လပတ်စာမေးပွဲတုန်းကလည်း ဒီလိုပဲ အဆောင်မှာ ရန်ကုန်သားတစ်ဖွဲ့ သရဲမယုံပါဘူးဆိုလို့ လောင်းကြေး၊ စားကြေးနဲ့ လောင်းခဲ့ကြဖူးတယ်။ ရှမ်းကြီး၊ အနော်၊ နောက် ပါသေးတယ်။ သူငယ်ချင်း တော်တော်များများ။ ဒီကောင်တွေကလည်း တစ်ဖွဲပေါ့။ နှစ်ဖွဲ့ပေါင်းပြီး။ အဆောင်ထဲက လင်တရူးသရဲမ နေတဲ့ အခန်းတံခါးကို ဖွင့်ပြီး သွားအိပ်ကြတာ။
အမဲသား တစ်ပိသာတောင် ပါသွားသေးတယ်။ သေမလိုတောင် ဖြစ်ခဲ့ကြသေးတယ်ဗျ။ အဲဒီကတည်းက ရန်ကုန်သားတွေလည်း ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ပြေးကြရတာ။ အနော်တို့လည်းပါတယ်။ ဘုမသိ၊ ကုန်းမသိနဲ့ ဆရာတစ်ယောက် ဒီကောင်တွေ သောင်းကျန်းလှချည်လား ဒီအခန်းထဲ ၀င်ပြီး။ ဆိုပြီး ဟောက်တယ်။ ပြီးတော့ ၀င်လာတယ်။ သူပါ အခြောက်ခံလိုက်ရတယ်။ ဖျားသွားတယ်ယော ခုနှစ်ရက်။ အနော်တို့လည်း ၂ ပတ်။ ကျောင်းနားလိုက်ရတယ်။ ။ အဲဒီကတည်းက ရှမ်းကြီးတို့ အလောင်းကစားဆို တတ်တာဆိုပြီး ဖြစ်သွားတာ။ ။ အခုလည်း သူတို့တွေ လုပ်ချင်တာကို မလုပ်ဖို့ အတွတ် အဲဒါလေးကို မှတ်ဥာဏ်မှာ ပြန်ဖေါ်ပေးပြီးတော့… ပြောလိုက်၇တယ်။

အဲဒီတော့မှ ရှမ်းကြီးတို့လည်း…
“အေးလေ။ အဲဒါဆိုရင်တော့ အလောင်းကစား မလုပ်တော့ပါဘူး။ ဒါပေ့မယ်… နည်းနည်းတော့ ပညာပြချင်တယ်ကွ၊ ဒီကောင်က ငါတို့နဲ့ တွေ့တိုင်း မင်းတို့ သောက်ပေါမို့  သရဲကြောက်တာပါ။ ဘာညာနဲ့ ကွ။ တော်တော် သောက်မြင်ကပ်တယ်” ဒီလိုပြောလာတယ်။   ကျွန်တော်လည်း ရှမ်းကြီးတို့ကို ဟိုမသာကောင် ဂျေးထဲက ပြန်ထွက်လာရင်…ဘာမှ မလုပ်ဖို့ရယ်။ အလောင်းကစားသွားမလုပ်ဖို့ရယ်ကို အတန်တန် နားဝင်အောင် ပြောပြီးမှ ပြန်လာခဲ့ ရတယ်။ တော်သေးတာပေါ့။ ရှမ်းကြီးတို့ လက်ခံလို့။ မဟုတ်ရင် မလွယ်ဘူး။ ဒီကောင်ကလည်း လူတစ်မျိုး လုပ်မယ်ဆို ဇွတ်လွတ်တတ်တယ်။ ပြီးတော့ ရှမ်းကြီးကို နိုင်တာ အနော် ။ အဲဒါလေးတော့ သာတယ်။
ကျောင်းမှာကတည်းက သူက သူများကို အနိုင်ကျင့်တယ်။ ခဏခဏကျင့်တယ်။ ဆရာမတွေ ခေါ်ဆူလည်း ခဏပဲ။ ရိုက်လည်း ခဏပဲ။
ပြီးရင် ပြန်လုပ်တာပဲဗျ။ ဒါပေ့မယ် ကျွန်တော်က သူအဲဒီလို လုပ်နေတာမြင်လို့ ပြောရင် ရတယ်။ ချက်ခြင်းလွတ်လိုက်တယ်။ အနော်ကို ချစ်တယ် ဒီကောင်တွေက ။ အဲဒါကြောင့် ဒီနေ့ ဒီအချိန်မှာလည်း ကျွန်တော် သွားပြောလိုက်တော့ ပွဲက ပြီးသွားတယ်ဆိုပါတော့ ဗျာ။

ဒါပေ့မယ်လည်း လောကကို အ၇ွဲ့ တိုက်တတ်တဲ့ သူရဲ့ ကံကြမ္မာကတော့… မလှပခဲ့ပါဖူး။
ဒီစကားကို ဘာလို့ ပြောလိုက်လဲဆိုတော့… ဟိုကောင်လေးကို သနားလို့ပါ။ သူ နောက်ပိုင်း ဂျေးထဲကနေ အာမခံနဲ့ လွတ်လာတယ်။ အရင်လိုပါပဲ။ ဟိုလူကို ရန်စလိုက်၊ ဒီလူကို ရန်စလိုက်နဲ့။ အနေအထိုင်ကတော့… အရင်အတိုင်းပါပဲ။ ကျွန်တော်ကိုလည်း ခဏခဏကြိမ်းတယ်။ သူငယ်ချင်းတွေလည်း သိတယ်။ ဒါပေ့မယ် ကျွန်တော်က ဘာမှ မလုပ်ပါနဲ့ လို့ ပြောထားတဲ့ အတွတ် သူတို့လည်း ဘာမှ သွားမပြောနေတော့ဖူး လွတ်ထားလိုက်တယ်ဆိုပါတော့ဗျာ။

ဒီကောင်လေးကလည်း ခံစားချက် ဘယ်လောက်တောင်ပြင်းနေလဲ မသိဘူးဗျာ။ သရဲ ရှိတယ်ဆိုတဲ့ နေရာတွေကို သွားပြီးတော့ကို အိပ်တာ။ နေတာ။ တစ်ယောက်တည်း သွားတာနော်။ တကယ်ခြောက်ပါတယ်ဆိုတဲ့ နေရာတွေလည်း သွားပြီး ဓါးတွေနဲ့ ခုတ်လိုခုတ်။ ၀င်ဖြိုလို ဖြိုနဲ့ဗျာ။ တစ်ချို့ သရဲခြောက်တဲ့ အိမ်တွေက…အိမ်ဟောင်းတွေ များတယ်။ ခယိုင် ခနဲ့တွေ။ အဲဒီလို အိမ်ဟောင်းတွေကို သွားပြီးတော့…အိပ်တယ်။  ပြီးရင် တံခါးတွေဘာတွေ ကန်ကတ်ပြီး ချိုးခဲ့သေးသဗျှ။ ခက်တာကလည်း သရဲတွေ့ ချင်နေတဲ့သူကိုမှ သရဲက လုံးဝမခြောက်ဖူး ။ မချောက်လေ ပေါက်ကွဲလေ။ မချောက်လေ ပေါက်ကွဲလေနဲ့ ကြာတော့ သူလုပ်သမျှ မျောက်ပွဲကြီးလို့ ဖြစ်လိုဗျာ။ လူတွေကလည်း ဒီကောင်ကို စိတ်ဝင်တစား ရှိကြတယ်။ ဟုတ်တယ်လေ။ သူက သူများတွေထက် ထူးနေတာကိုး။ ဒီနေ့ ဘယ်အိမ်မှာ သွာအိပ်မယ်။ နောက်နေ့ ဘယ်သင်္ချိုင်းကုန်းကို သွားမယ်။ ဘာညာပေါ့ဗျာ။ မှတ်တမ်းနဲ့ ကို ချတာခင်ဗျ။ အဲဒီလို လုပ်ပါများလာတော့ သူဆီမှာ သူငယ်ချင်း အပေါင်းအသင်းများလာတယ်။ သူနဲ့ ပေါင်းတဲ့ ကောင်တွေကလည်း သူလိုပဲ သရဲမကြောက်တတ်သူတွေပေါ့နော်။ အဲဒီမှာ ကျွန်တော် သူငယ်ချင်းတွေနဲ့ သွားငြိပြန်တယ်ဗျာ။ သူတို့ က သရဲမကြောက်တတ်သူတွေဆိုတော့ အနော်နဲ့ အနော်သူငယ်ချင်းတွေက သရဲ ကြောက်တတ်သူတွေ ဖြစ်သွားပြန်တယ် ။ အဲဒီစကားကို သူတို့ဘက်က “စ” လိုက်တာ။ လက်ဖက်ရည်ဆိုင်ကြီးမှာဗျာ။ တော်သေးတယ်။ ရိုက်ပွဲတွေ မဖြစ်ကုန်တာ။ ရှမ်းကြီး ရှိနေလို့ပေါ့။ သူက သူ့လူတွေအကုန်လုံးကို ထိမ်းပြီး ပြန်သွားတယ်။ ဟိုကောင်တွေက အောင်ပွဲခံပြီး ကျန်ခဲ့တယ်ဆိုပါတော့ဗျာ။

အဲဒီကိစ္စကို ရှမ်းကြီးက ကျွန်တော်ကို လာပြောတယ်။ ဒီကောင်ကို ပညာပေးချင်တယ်ပေါ့နော်။ ဘယ်လိုလုပ်ရမလဲတဲ့။ အနော်က ရှမ်းကြီးကို ပြောလိုက်တယ်…
“မင်းကွာ။ ကိုယ့်ထမင်းကိုယ်စားပြီး သူများ ချီးထုတ်ကို ခေါင်းထဲထည့်တယ်။ အေးဆေးနေစမ်းပါဟ။ ငါတို့မှ ဘာမှ မဖြစ်တာ အနေသာကြီးဟာကို။ ပြီးတော့ ငါတို့ ဘာမှ မဖေါင်းထားဖူးလေ။ မင်းက သွားဖေါင်းမလို့လား? ထားလိုက်ပါကွာ၊ အာရုံပါ။ အရှိန်သေသွားသွားလိမ့်မယ်” ဆိုပြီးဖျောင်းဖျလိုက်ရတယ်။ ရှမ်းကြီးက အဲဒီစကားကို လာပြောတဲ့ အချိန်မှာ တော်တော်လေး ဒေါသထွက်နေတာ။ ကျွန်တော်ကသာ..ဟေ။ ငါတို့ကို ဒီလိုပြောတယ် ဟုတ်လား။ ချကွာ။ ဆိုပြီး ထွက်ရင် အဲဒါ ဒီကောင်တွေကပါ လိုက်တော့မှာ။ ကျွန်တော်က အဲဒီလို မဟုတ်ပဲ။ ရှမ်းကြီးကို ပြန်ပြီး နှိမ်သိမ့် လိုက်တော့ ရှမ်းကြီး တော်တော် ခံရခက်သွားတယ်။
သူငယ်ချင်း အချင်းချင်းဆိုတော့ သူ့စိတ်ကို ကျွန်တော် သိပါတယ်။ ဒါပေ့မယ် အကျိုးအမြတ်မှ မရှိတာဗျာ။ ရိုက်တာက ပြသနာမဟုတ်ဘူ။ ဟိုဘက်လူ အုပ်၊ ဒီဘက် လူအုပ်ရိုက်တယ် ဆိုတာ အနော်တို့ ငယ်ငယ်ခလေးကတည်းက အုပ်စုဖွဲ့ ဆော်နေကြ။
ခလေးတုန်းကတော့ တုတ်တွေနဲ့ တီးပေ့မယ့် ၊ အခု ဆယ်ကျော်သက်တွေ ဖြစ်နေပြီ။ အိမ်ပေါ်မှာကလည်း ရှမ်းဓါးက အဆင်သင့်။
အသေတွေ ဆော်မိကုန်ရင် သူတို့လည်း မကောင်းဘူး။ အနော်တို့လည်း မကောင်းဘူး။ သေတဲ့လူက သချီိုင်းကုန်းသွား။ နိုင်တဲ့ သူက ဂျေးထဲအောင်း။ ကဲဗျာ…ပြောပါဦး။ ဘယ်နေရာ ကောင်းသလဲလို့? L လေဒယ်။ ပြီးတော့ ဖြစ်တဲ့ အမှူကလည်း ဘာမှ မဟုတ်ဘူး။
“တစ္ဆေသရဲ ယုံလို့ ရိုက်တယ်ကွာ”
“တစ္ဆေတရဲ မယုံလို့ ရိုက်တယ်ကွာ”
  ဆိုတော့ လူကြားလို့မှ မသင့်တော် ။  စိတ်ညစ်ပါတယ်ဗျာ။ ပြီးတော့ ဖြစ်ကြပြီဆိုရင်လည်း
ကိုယ့်သူငယ်ချင်းတွေ ထိခိုက်နစ်နာကုန်မှာ သူတို့က အခုမှ အညွှန့်တစ်လူလူနဲ့ တတ်ကြမဲ့သူတွေ။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ ရန်ဖြစ်ပြီး လူသတ်မှု ဖြစ်တယ်ဆိုမကောင်းဘူးလေ။ အဲဒါတွေလည်း ပါတယ်ဗျာ။ အများကြီး စဉ်းစားပြီး ရှမ်းကြီးကို ပြောချလိုက်ရတယ်။ အဲဒါတွေနဲ့ နှိမ့်သိမ့်လိုက်ရတယ် ဆိုပါတော့ဗျာ။ ရှမ်းကြီးလည်း ကျွန်တော် ပြောပြတာတွေ အကုန်လုံးကို တော်တော်လေး နားထဲဝင်သွားတယ် ထင်ပါတယ်။ အပြန်ကျတော့ ခေါင်း ငိုက်စိုက်၊ ငိုက်စိုက်နဲ့ ။ စိတ်ညစ်တယ်။

ဒီလိုနဲ့ ရှမ်းကြီးတို့လည်း ငြိမ်သွားတယ်။ ကျွန်တော်ကတော့ အနော် အလုပ်ပဲ အနော်လုပ်တာပဲဗျာ။ ကျန်တာ ဘာမှ မစဉ်းစားဘူး။ ဒီကောင်လေး သတင်းတွေ ကြားနေပါတယ်။ “ငဇူး ဆိုတဲ့ကောင် သူ့ကို မကျော်နိုင်တော့ ငြိမ်သွားတယ် တွေ့လား” ဘာညာပေါ့ဗျာ။
နားနှစ်ဖက်ကောင်းနေ သရွေ့ တော့ သတင်းဆိုတာ နားထဲ ၀င်လာပါတယ်ဗျာ။ သူငယ်ချင်းတွေက လာလာပြောကြ။ အလင်းက မနက်ဆို ဈေးထဲကနေ ဈေးဝယ်ရင်းနဲ့ သိလာတာတွေ ပြောပြနဲ့ ဒီကောင် သတင်းတွေက တော်တော်လေး နားရည်ဝနေတယ်။
ဒီလိုနဲ့ သုံးလေးလလောက်ရှိသွားတယ်ပေါ့ဗျာ။ ဒီကောင်လေးက အဲဒီသုံးလေးလအတွင်းမှာ နယ်တွေ ဆင်းပြီးတော့ကို သရဲလိုက်ရှာတာခင်ဗျ။ ။ သို့ပေမယ့် သူတွေ့ ချင်တဲ့ သရဲလုံးဝမတွေ့ရသေးပါဘူးတဲ့  ။

တစ်နေ့ပေါ့ဗျာ… ကျွန်တော်နဲ့ အလင်း သီပေါတတ်သွားတယ်။ သီပေါဘက်က အလင်းအမျိုးတွေဆီသွားတာပါ။ ဘော်ကြိုဘုရား သွားဖူးချင်တယ်ဆိုပြီး လုပ်လွန်းအားကြီးလို့ အနော်လိုက်ပို့တာ။ ကျွန်တော် ဆိုင်ကယ်နဲ့ပဲ။ သီပေါလည်းရောက်ရော အလင်းက ဘုရားဖူးတာနဲ့ အမျိုးတွေနဲ့ တွေ့လို့ ဆိုပြီး တစ်ရက်နေလိုက်သေးတယ်။ ပြီးတော့ နောက်တစ်ရက် နေ့ လည်လောက်ကျမှာ ပြန်ဆင်းလာတာ။ ဖြစ်ချင်တော့ လမ်းမှာ ဒီကောင်လေးတို့ အုပ်စုနဲ့ တွေ့တယ်ဗျ။ ဒီကောင်တွေက လားရှိုးက ပြန်ဆင်းလာတာ။ ဆိုင်ကယ်က လေးစီး။ လူက ခုနှစ်ယောက်လောက်၇ှိတယ်။ ကျွန်တော်ဆိုင်ကယ်က အရှေ့ မှာ သူတို့က အနောက်မှာ။ အဲဒါကို ကျွန်တော်ဆိုင်ကယ်ကို ပွတ်ပြီးတော့ကို ဖြတ်ကျော်သွားတယ်ဆိုပါတော့။ ကျွန်တော် တော်တော် ဒေါသထွက်သွားတယ်ဗျာ။ ဆိုင်ကယ်က တော်တော်လေး ရမ်းသွားတာ။ ဘေးမှာက ချောက်။ အဲဒါနဲ့ ဆိုင်ကယ်ကို ကမန်းကတန်း ပြန်ထိမ်းလိုက်ရတယ်။
ပြီးတော့ ဆက်မောင်းမို့ဟာကို အလင်းက “ခဏခဏ” ဆိုပြီး ပြောတာနဲ့ ကျွန်တော် ရပ်ပေးလိုက်ရတယ်။ ကျွန်တော် စိတ်နဲ့ ဆို အမှီလိုက်တိုက်ပစ်မှာ။ စော်ကားသွားတာဗျာ။ ဘလိုင်းကြီး။ အဲဒါနဲ့ အလင်းကို ကျွန်တော်က အရေးထဲ သူက တစ်မှောင့်ဆိုပြီး..
“ဘာဖြစ်တာလဲဟ။ နင်ကလည်း အရေးထဲ” ဆိုပြီး ပြောလိုက်တော့…သူက…
“ငါ လန့်သွားလို့ဟ၊ ခဏ နားရအောင်ဟာ နော်” ဘာညာနဲ့ ပြောလာတယ်။ ကျွန်တော်လည်း စိုးရိမ်သွားတယ်။ အလင်းက အဲဒီလို လန့်ရင် ဖျားတတ်တယ်ဗျ။ အသည်းနုတယ် ပြောမလားဘဲ။ အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ကို လမ်းဘေးက အရိပ်ရတဲ့ နေရာမှာ ရပ်လိုက်ရတယ်။ အလင်းမျက်နှာကို ကြည့်တော့ ဖြူဖတ်၊ ဖြူရော်ဖစ်နေပြီဗျ။ သူ မြွေတောင်မှာ မြွေတွေလိုက်လို့ ပြေးလာခဲ့တုန်းကလည်း ဒီလိုပဲ ဖြူဖတ်၊ ဖြူရော်နဲ့ လေ။ ပြီးတော့ ဖျားပါယောလား L ။ အခုလည်း အဲဓီလို ဖြစ်သွားမှာ ကျွန်တော် တော်တော်ကြောက်သွားတယ်။ ဟိုကောင်တွေကိုလည်း တော်တော်တင်းသွားတယ်။ ဒါပေ့ မယ် အခုက အလင်းက အရေးကြီးနေတော့ သူ့ကို ခဏလေး ဆိုင်ကယ်ပေါ်က ဆင်းခိုင်းလိုက်ရတယ်။ ပြီးတော့ ဆိုင်ကယ်အောက်က ၀ါတာဘလူးကို ထုတ်ပြီး ထိုင်ခိုင်း၊ လွယ်အိတ်ထဲက ရေဗူး ထုတ်တိုက် ဘာညာနဲ့ ပေါ့ဗျာ။ တော်တော်လေး ပြုစုလိုက်ရတယ်။ သူလည်း တော်တော်တင်းနေတယ်။
“အဲဒီကောင်တွေ လူမှ ဟုတ်ရဲ့ လား?။ ဆိုင်ကယ်က မိန်းခလေးတစ်ယောက်လည်း ပါနေတယ်။ ပြီးတော့ ဘေးမှာလည်း ချောက်ရှိနေတာကို ဒီလို ပွတ်ဆွဲသွားရလား။ ငါတော်တော် တင်းတယ်ဟာ” ဘာညာ ဆိုပြီးတော့ ပြောနေတာ။ ကျွန်တော်က တော့ အဲဒီအချိန်မှာ ဒေါသထွက်ပေ့မယ်လည်း မြိုသိပ်ထားရတယ်။ ကျွန်တော် ဒေါသထွက်တာ သူသိသွားရင် သူက အနော်ကို စိုးရိမ်မှာ
။ အဲဒါဆို ပိုဆိုးကုန်မယ်။ သူ့ကို အိမ်ပြန်ပို့ပြီးမှာ… အဲဒီကောင်တွေနဲ့ ဇယား သွားရှင်းတော့မယ်ဆိုပြီး တေးထားလိုက်တယ်။

ဒီလိုနဲ့ အလင်းသက်သာသလောက်ရှီတဲ့ အချိန်မှာ ဆိုင်ကယ်ကို ပြန်ပြီး မောင်းထွတ်လာခဲ့ရတယ်။ ကျွန်တော်က တစ်လမ်းလုံး ဖြည်းဖြည်းပဲ မောင်းလာရတယ်။ သူက အနော်ကို မှီပြီးလိုက်လာတယ်။ ခေါင်းမူးလို့ဆိုပြီးလေ။ အဲဒီလို မောင်းလာလိုက်တာ ညနေ ခြောက်နာရီကျော်လောက်မှ နောင်ချိုကို ရောက်သဗျှ။ အလင်းကို နောင်ချိုက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာပဲ မုန့်တွေဘာတွေ ကျွေးပြီး ဆက်ထွက်လာတယ်။ နောင်ချို အထွက်နားလောက်လည်း ကျရော… လမ်းဘေးတစ်နေရာမှာ ပွဲဈေးတစ်ခုတွေ့တယ်ဗျ။
ဘာပွဲဈေးမှန်း မသိဘူးရယ်။ ဘာအတွတ်လုပ်တာလည်း အနော်လည်း မသိဘူး။ အရင်က ဒီနေရာမှာ ဒီလိုမျိုးတွေလည်း မရှိခဲ့ ဖူးဘူးလေ။ အခုမှ တွေ့တာ။ မီးတွေကလည်း ထိန်ထိန်လင်းနေတာပဲ။ အဲဒါနဲ့ အလင်းကို မေးကြည့်မိတယ်။
“ဟဲ့… ဒါ ဘာအတွတ်လုပ်တာလဲဟ။ အရင်က မရှိပါဘူးနော့” ဆိုတော့ အလင်းက..
“အေး။ ဟုတ်တယ်ဟ။ ဟဲ့ ၀င်ကြည့်ရအောင်နော်” ဘာညာနဲ့ ပူဆာပါလေယောဗျို့ ။ ကျွန်တော်က ပါးပါးနဲ့ မားမား မျှော်နေမယ်။ နင်ကလည်း။ နောက်ကျရင် ဆူခံထိမယ်။ ဘာညာပေါ့ဗျာ။ အတင်းငြင်းတယ်။ သူကလည်း လုံးဝမရ၀ူး။ ကြည့်မယ်ဆိုတာချည်းပဲ။
နောက်တော့ အနော်လည်း လိုက်လျောလိုက်ရတယ်။ အဲဒါနဲ့ ပွဲခင်းထဲက တစ်နေရာမှာ ဆိုင်ကယ်ကို ၀င်ထိုးလိုက်ရတယ်။
ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်ပေါ့ဗျာ။ မုန့် တွေဘာတွေ စားမို့ဟာကလည်း။ အလင်းက ဆီမသန့်ရင် မစားချင်ဘူး။ ငါနဲ့ မတည့်ဘူးချည်း လုပ်တာဗျ။ အနော်က ငတ်ယော။ ဗိုက်က ဆာနေပြီ။ နောင်ချို လက်ဖက်ရည်ဆိုင်မှာကလည်း သူချည်းပဲ စားသွားတာ။ အနော်က ဘာမှစားထားတာမဟုတ်ဝူး။ ဒီမှာ စားမယ်ဆိုတော့လည်း…
သူက မစားနဲ့ ဆီမသန့်ဘူး။ ဘာညာလုပ်နေတော့ လူက တော်တော်လေး ညစ်လာတယ် L ။ သူကျတော့ ချားပီး ဟွန်း။

အဲဒီလို သွားရင်း၊ သွားရင်းနဲ့ ပွဲခင်းဒေါင့်မှာ မျက်လှည့်ဝိုင်းတစ်ခုသွားတွေ့တယ်ဗျ။ လူတွေ တိုးနေတာများဗျာ။ ကြိတ်ကြိတ်ကို တိုးနေတာ။  ကျွန်တော်တို့ကလည်း အဲဒီလိုမျိုးဆို စိတ်က တော်တော် ၀င်စားတာရယ်။ အဲဒါနဲ့ နှစ်ယောက်သား တိုးကြည့်ကြတယ်ဆိုပါတော့။ မျက်လှည့်ပြနေတာက ထူးဆန်းတယ်။ လူလက်ဖျံရိုးတစ်ချောင်းကို အပေါ်မှာ ကော်အရုပ်ခေါင်းလေးတပ်ပေး။ အကျီလေးဝတ်ပေးပြီးတော့…ထမိန်ပုံစံလေး ပတ်ပေးထားတယ်ဗျ။
အဲဒီဟာလေးက သီချင်းလည်း ဆိုတယ်။ မေးရင်လည်း ဖြေတယ်။
တော်တော် ထူးဆန်းတယ်။ လူတွေက အုံနေတာပဲ။ ပိုက်ဆံကလည်း ရလိုက်တာ။ သောက်သောက်လဲဗျာ။ အဲဒီဟာကို အလင်းရော ကျွန်တော်ရော ကြည့်နေတာ။ အလင်းကို အရင်ကြည့်ရဖို့ လူတိုးပေးရတော့ သူက အရင်မြင်ရတယ်။ ကျွန်တော် မမြင်ရတေးဘူးရယ်။
အဲဒီအချိန် ကျွန်တော် အနောက်ကို လူတစ်စုကလည်း တိုးလာတယ်။ အနော်နဲ့ အလင်းကို ဖြတ်တိုးပြီး ရှေ့ ကို ၀င်တာဗျ ဒီလူစုက။ အဲဒါနဲ့ အနော်လည်း လှည့်ကြည့်လိုက်တော့ ဘယ်သူထင်တုန်း?

ဟိုမသာကောင်လေးတို့ အုပ်စုဗျ။ ဒီကောင်တွေကလည်း အနော်တို့ဆိုတာ သိသွားတော့…ပထမတော့ အနောက်ကို ပြန်ဆုတ်သွားတယ်။ ပြီးတော့ ကျွန်တော် ဘာမှ မလုပ်မှန်း သိတော့မှ။ စပ်ဖြဲဖြဲနဲ့ ဟိုးဘက်လူအုံနေတဲ့ နေရာ ကနေ သွားပြန်တိုးတယ်။ ဒါပေ့မယ်..တစ်ယောက်က ကျွန်တော်တို့ နားမှာ တစ်ယောက်ကျန်ခဲ့တယ်ဗျ။ အဲဒါနဲ့ ကျွန်တော်လည်း ဘာပြသနာမှ မတတ်လောက်သေးပါဘူး ဆိုပြီး ထပ်ပြီး တိုးကြည့်တယ်ဆိုပါတော့ဗျာ။ အဲဒီဝိုင်းမှာ လူတွေကလည်း ပြည့်နှက်နေတာပဲဗျာ။ တိုးရင်း၊ တိုးရင်းနဲ့ ကျွန်တော်ရော အလင်းပါေ၇ှ့ ဆုံးရောက်သွားတယ်။ အဲဒီတော့ မှာ မျက်လှည့်ကို သေသေချာချာ မြင်ရတာ။

မျက်လှည့် ပြနေတဲ့လူက မုတ်ဆိတ်မွှေးတွေ အရှည်ကြီးပဲဗျ။ ယောပုဆိုးနဲ့ အကျီရှပ်လက်ရှည်ဖင်ကြမ်းအဖြူကို သေသေချာချာဝတ်ထားတယ်။ လူပုံကတော့ ခပ်သန့်သန့်ပဲ။ သူ့ ရှေ့ မှ ခုန လူလက်ဖျံရိုးလေးကို အ၀တ်ပတ်ပြီး။ ကော်ပတ်ရုပ်ခေါင်းလေး စွပ်ထားတဲ့ဟာက လှဲလျောင်းနေတယ်။ အဲဒီမှာ ကျွန်တော်တို့ ကြည့်နေတုန်း မျက်လှည့်ဆရာကြီးက အမိန့်ပေးတော့တာပါပဲ
“ကဲ သမီးလေးရေ၊ ပုရိသတ်က တောင်းဆိုနေပြီ။ သီချင်း တစ်ပုဒ်လောက် ဆိုပြပါစမ်းပါဦး” ဆိုပြီး ပြောတယ်။
အရုပ်က လုံးဝ မလုပ်လာဘူး။ အဲဒါနဲ့ မျက်လှည့်ဆရာက ထပ်ပြောတယ်။
“သမီးက စိတ်ကောက်နေတာလား။ ပုရိတ်သတ်က သမီးနဲ့ စကားပြောချင်လို့ပါတဲ့ သမီးရယ်။ ထစမ်းပါဦး။ အိပ်ပုတ်ကြီးလိုက်တာ” ဆိုပြီး ထပ်ပြောတယ်ဗျ။ အရုပ်က လုံးဝ မလှုပ်ဖူး။
မျက်လှည့်ဆ၇ာကဗျာ စိတ်ဆိုးတာလေ။ ပြောမနေပါနဲ့ တော့ ။ မျက်နှာကြီး နီလာပြီးတော့ မျက်လုံးပါ ပြူးထွက်လာတယ်။
“ဟဲ့ ကောင်မ သောက်ကြောတင်းနေတာလား။ ငါ့ကို စမ်းနေတာလား။ နင် ထ မလား။ မ ထ ဘူးလား? ဟမ်” ဆိုပြီး ကြိမ်လုံးကိုင်ပြီး ရွယ်တော့မှ အရုပ်က မဆိုသလောက် လှုပ်လာတယ်။ ဒါပေ့မယ် ခဏပဲ လှုပ်ပြီး “၀ုန်း” ခနဲ ဆိုပြီး ငြိမ်ကျသွားတယ်ဗျာ။

အဲဒီအချိန်မှာ ဘာထဖြစ်လဲဆိုတော့…ကျွန်တော် လွယ်အိတ်ထဲမှာ ခရီးသွားတိုင်းထည့်ထားတတ်တဲ့ ကိုးင်္သချိုင်းသံဓါးအကျိုးအပဲ့ တွေက လှုပ်လာတယ်။ အဲဒီဟာကလည်း ကျွန်တော်ကို တရုတ်ပြည်က အထက်လမ်းဆရာတွေက ပေးထားခဲ့တာ။ ကျွန်တော်က တစ်ခုခုဖြစ်တိုင်း ညောင်ပင်မီးမြိုက်၊ အပင်ခုတ်လှဲလုပ်လွန်းအားကြီးတယ်လေ။ အဲဒီလို လုပ်တော့ ပြသနာက ခဏခဏတတ်တယ်။
အဲဒီဆရာတွေက မင်းအဲဒီလို မလုပ်နဲ့ကွတဲ့။ မင်းအိမ်ကို သူများမီးလာရှို့ ၊မင်းကြိုက်မလား။ အေး။ မကြိုက်ဝူးဟုတ်။မလုပ်နဲ့။ ဆိုပြီး တားဖူးတယ်။
“အနော်က အဲဒါဆို အနော်က ဘာလုပ်ရမှာလဲ” ဆိုတော့။ သူတို့က ဒီသံဓါးအကျိုးအပဲ့လေးတွေကို ပေးပြီး။
“ဒါ ကိုးင်္သချိုင်းသံဓါး” လို့ခေါ်တယ်။ တစ်ခုခု အန္တရာယ်ကြုံတွေ့လာရင်…အဲဒီဓါးကို ရေစိမ်ပြီးတော့ အဲဒီနေရာကို ပတ်ထုတ်လိုက်။ အဲဒါဆို မင်းကို သူတို့ ဘာမှ မလုပ်နိုင်ဘူး။ ပြီးတော့….ဒါလေးက မင်းသူတို့ နေရာရောက်သွားတယ်ဆို သံအချင်းချင်းရိုက်ခတ်ပြီး အသံပေးတတ်တယ်။ အဲဒါဆို အဲဒီနေရာက အမြန်ဆုံးခွာတော့တဲ့။ သူတို့ က ဒီလိုပြောထားဖူးတယ်။ အဲဒီကတည်းက ကျွန်တော် တောထဲ၊ တောင်ထဲ သွားတိုင်း ရှုံအိတ်လေးနဲ့ အမြဲထည့်သွားတတ်တယ်။ ကိုယ်လွယ်အိတ်ထဲမှာလေ။ တကယ်လည်း အန္တရာယ်ရှိတယ် ဆိုရင် အသံပေးတတ်တယ်။ အဲဒီလိုနေရာဆို… ယောင်လို့ တောင် လှည့်မကြည့်ဖူးရယ်။ အနော်က မှုန်နေအောင် သုတ်တာ ။

အခုလည်း အဲဒီဟာလေးတွေက အသံ မြည်လာပြန်ပြီ။ အဲဒီအချိန်မှာ မျက်လှည့်ဆ၇ာကလည်း ကျွန်တော်ကို စားမတတ်၊ ၀ါးမတတ်ကြည့်တာများဗျာ။ သေလို့ရတယ်။ ပြာဖြစ်သွားလို့ရတယ်။ အမှန်က သူ့စည်းကို အနော် သွားကျော်သလိုဖစ်တာ။ အဲဒီ သံအကျိုးအပဲ့လေးတွေ တုန်ခါသံနဲ့ မြည်သံကလည်း သူများ မသိဘူး။ လွယ်ထားတဲ့သူပဲ သိတာ။ လွယ်အိတ်က ရမ်းနေတယ်လေ။
အလင်းဆို အနော်ကို မျက်လှည့်ဆရာက စားမတတ်၊ ၀ါးမတတ် ကြည့်နေတော့…အနော်မျက်နှာကို ကြည့်လိုက်၊ မျက်လှည့် ဆရာမျက်နှာကို ကြည့်လိုက်နဲ့ လုပ်နေတာ။ ကျွန်တော်လည်း အခြေအနေကို ချက်ခြင်း သဘောပေါက်သွားတာနဲ့…မျက်လှည့်ဆရာကို
“ဆောရီးပါ ဦးလေး။ ကျွန်တော် တောင်းပန်ပါတယ်။ မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်နော်” ဆိုပြီး အလင်းကို လက်ဆွဲပြီး မျက်လှည့်ဝိုင်းကို ကျောခိုင်းပြီး ဒိုးလာခဲ့တာ။ အဲဒီမှာ အလင်းကလည်း ကြောင်တောင်တောင်နဲ့ ပါလာတယ်။ သူ့ကို ကျွန်တော်က အသေဆွဲခေါ်လာတာကို။ မျက်လှည့်ဆရာကလည်း ကျွန်တော် သူ့ကို ကျောခိုင်းသွားတာတောင်မှ သူက ကျွန်တော်ကို ကြည့်နေတုန်း။
ဒီကောင် ဘာကောင်လဲ? ဆိုပြီးလေ။ သူ့ အကြည့်အတိုင်းပေါ့။ စားမတတ်၊ ၀ါးမတတ်။ L ။ ကျွန်တော်တို့ ဒီလို ရေးကြီး သုတ်ပြာနဲ့ ထွက်သွားတာကို ဟိုကောင်လေးတို့ အုပ်စုက မြင်သွားတော့ သူတို့ပါ လိုက်လာကြတယ်။ အဲဒီမှာ ကြည့်နေတဲ့သူတွေ အားလုံးက ဒီအဖြစ်အပျက်ကို မြင်တယ်လေ။ အဲဒါနဲ့ အလင်းကလည်း ကျွန်တော်ကို တစ်လုံးလမ်းမေးလာတာ…
“ငဇူး။ ဘာဖစ်တာလဲဟင်။ ဘာဖစ်ကြလို့ … အဲဒီလူက နင့်ကို အဲဒီလောက်ကြည့်နေတာလဲ?” ဒီလိုချည်းမေးလာတာ။ ကျွန်တော်က ကြောက်နေပြီ။ ဟုတ်တယ်။ အဲဒါ ပြသနာ။ ဟိုလူမကျေနပ်၇င် နှစ်ယောက်လုံး သေသွားလိမ့်မယ်။ အဟုတ်။ ကျွန်တော်က ပြသနာမရှိဘူး။ ကာကွယ်လို့ ရတယ်။ အလင်းက ပြသနာ။ ပြီးတော့ နေမကောင်းဘူး။ လိပ်ပြာငယ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်ခေါင်းထဲမှာ…ဆိုင်ကယ်ဆီကို အမြန် ပြန်ရောက်ပြီး။ မေမြို့ ကို အမြန်ဆုံး ပြန်ရဖို့ပဲ စဉ်းစားတယ်။ ကျန်တာမတွေးဘူး။
ဆိုင်ကယ်ဆီကိုလည်း ရောက်ရော..ကျွန်တော် ဆိုင်ကယ်ကို တတ်ခွလိုက်တယ်။ အလင်းကိုလည်း ပြောထားတယ်။
“မမေးနဲ့ အိမ်ရောက်မှ မေး။ ငါ့ကို ဘာမှ မမေးနဲ့ဟာနော်။ ငါ့ကို ဆိုင်ကယ်မောင်းတုန်း ဖက်သာထား။ ဟုတ်ပြီလား” ဆိုပြီးလေ။
အရေးထဲ ဆိုင်ကယ်ထွက်ပါမယ်ဆိုမှ ဟိုကောင်လေးတွေ အုပ်စုက ထိပ်က ပိတ်ရက်နေသေးတယ်။ ကျွန်တော်က ကြောက်ကန်ကန်နေပြီဆိုတော့ သူတို့ ရှေ့ တည့်တည့်ပဲ ဆိုင်ကယ်ကို… “၀ူး” ခနဲ နေအောင် ဆော်ချသွားတာ။ ပြီးတော့ ကျွန်တော် အလင်းကို ဆွဲခေါ်လာတဲ့ လမ်းမှာ ရှိသမျှ ဈေးတန်းက ဈေးရောင်းတဲ့ သူတွေကို အကဲခတ်လာသေးတယ်။ စိတ်ထဲမှာ တော်တော် မင်္သကာဘူးရယ်။ တစ်ခုခု သိနေတယ်။ ဘာမှန်းမသိတာ တစ်ခုပဲ။ သိတော့ သိနေတယ်ဗျာ။ အဲဒါတော့ ကြိမ်းသေးတယ်။ မေ၇ရာဘူး။ မသေချာဘူး။

အဲဒီလို စဉ်းစားပြီး အမှောင်ကြီးထဲမှာ ကျွန်တော် မောင်းချလာတာ။ ဆိုင်ကယ်မီးတော့ ထွန်းထားတာပေါ့နော်။ မေမြို့ အ၀င်နားရောက်တော့ အနောက်က…ဆိုင်ကယ်တွေ ဟွန်းသံ “တတီတီ” ဆိုပြီး လိုက်ချလာတယ်။ အလင်းကလည်း ကျွန်တော် ဘာဖစ်မှန်းမသိတော့ အသံမထွက်ရဲဘူး။ အဲဒီဆိုင်ကယ်တွေက ကျွန်တော်ဆိုင်ကယ်နားလည်း ရောက်ေ၇ာ….
“ကိုဇူး၊ ခဏ မေးစရာရှိတယ်။ မေးစရာရှိတယ်။ ဘာဖစ်တာလဲ။ ခင်ဗျား ဘာဖစ်တာလဲ အဲဒါ” ဆိုပြီး အတင်းလိုက်မေးပါယောလား။
ဘယ်သူတွေ ထင်လို့တုန်း။ ဟိုမသာလေးတွေ အုပ်စုပေါ့ L ။ စိတ်ညစ်တယ်။ အန္တရာယ်ကို အန္တရာယ်မှန်း မသိတာလောက်။ စိတ်ညစ်ဖို့ကောင်းတာ ဘာမှ မရှိဘူး။ ကျွန်တော်ကလည်း ဘာမှ ပြန်မဖြေဘူး။ ဆိုင်ကယ်ကိုပဲ အားကုန် ယူနေတာ။ အဲဒီအချိန်မှာ…
ဒီကောင်တွေက ဆိုင်ကယ်ရှေ့ ကို အတင်းတတ်ပိတ်တာ။ ကိုယ်တွေကလည်း အ၇ှိန်နဲ့ သွားနေတာဗျာ။ သူတို့တွေကလည်း အရှိန်နဲ့ လာပိတ်တာဆိုတော့ တိုက်မိကုန်ရင် ကျွန်တော်က ပြသနာမရှိပေ့မယ်။ အနောက်မှာ ဟိုဟာမလေးက ပါနေတယ်။ သူ့ပဲ ငဲ့နေရတာ တစ်လမ်းလုံး L ။ အဲဒါနဲ့ ဆိုင်ကယ်ကို အရှိန်သတ်ပြီး ရပ်ပစ်လိုက်ရတယ်။ အဲဒီမှာ ဒီကောင်တွေက ဆောင့်ကြွား၊ ဆောင့်ကြွားနဲ့
မေးပါယောလား? ။

“ကိုဇူး ခင်ဗျား။ ဘာလို့ ဒီလောက် ကြောက်လန့်တကြီး ထွက်ပြေးလာတာလဲ? ဘာဖစ်လို့လဲ။ အဲဒါ သိချင်တယ်ဗျာ။ အဲဒါမပြောရင် သွားခွင့်လုံးဝမပေးနိုင်ဘူး” ဘာညာနဲ့။ အလင်းကလည်း လန့်နေတယ်။ ကျွန်တော်လည်း ဒီလောက်တောင် သိချင်နေတဲ့ ကောင်တွေဆိုပြီး ပြောပြလိုက်တယ်ဗျာ။ ပြီးတော့ ဒီကောင်တွေကို တင်းနေတာလည်း ပါတော့..စကားလုံးတွေက ရိုင်းကုန်တယ်။
“ဟ။ ငါလိုးမသားလေးတွေရဲ့ ။ မင်းတို့ဘာသိလဲ။ အဲဒီဘဲက မျက်လှည့်ပြနေတာ မဟုတ်ဘူး။ အစိမ်းသရဲကိုခေါ်ခိုင်းနေတာ။ သိပြီးလား။ အဲဒီသရဲက အလုပ်မလုပ်တာ ငါ့ကြောင့်။ အဲဒါကြောင့် ငါသူ့ကို တောင်းပန်ပြီး ပြန်လာခဲ့တာကွ။ အခု အမြန်လုံခြုံတဲ့နေရာရောက်မှဖြစ်မှာ ရှင်းပြီးလား။ မဟုတ်ရင် အားလုံး ဒုက္ခရောက်ကုန်မယ်” ဘာညာပေါ့ဗျာ။ ကျွန်တော်လည်း ပြောချလိုက်တယ်။ ပြီးယော။
အဲဒီတော့မှ အလင်းက ခြေ၊ လက်တွေ အေးစက်လာပြီး…
ဟမ်။ ငဇူး အဟုတ်ကြီးလား? အဲဒါ တကယ်” ဆိုပြီး ငြိမ်သွားတယ်။

ဟိုကောင်တွေက…
“ဟားဟ။ ရီရတယ်ဗျာ။ ကိုဇူးတို့များ။ ဒါဆို အဲဒီဘိုးတော်က ခင်ဗျားထက်ဆရာကျတယ်ပေါ့ ဟုတ်လား။ သူငယ်ချင်းတို့ေ၇။ သရဲတဲ့ဟေ့။ သွားကြည့် ရအောင်။ ကိုဇူးရေ မဟုတ်လို့ကတော့ ခင်ဗျား မနက်ဖြန်မိုးလင်းတာနဲ့ အရှက်ကွဲဖို့သာ ပြင်ထားပေတော့ ဟေးဟေး” ဆိုပြီး နောက်ကြောင်း ပြန်လှည့် သွားတယ်ဗျ။

သူတို့လည်း ဒိုးသွားရော ကျွန်တော်က အလင်းကို လှည့်ကြည့်တော့..သူက ငြိမ်နေတယ်။ မလှုပ်မယှက်ကြီး။
“ဟဲ့၊ အလင်း၊ အလင်း” ဆိုပြီး ခေါ်တယ်။ မထူးဘူးဗျာ။ မသာမက။ အဲဒါနဲ့ အနော်လည်း သူ့ကို နောက်ကျောနဲ့ တိုက်ပြီး လှုပ်လိုက်တော့မှ… သတိဝင်သွားတယ် ထင်တယ်။
“ဟမ်” တဲ့။
“နင် ဘာဖစ်နေတာလဲ” ဆိုတော့ …
“ဟင့်အင်း” တဲ့။ ကျွန်တော် သိလိုက်ပါတယ်။ သူအကြောက်လွန်ပြီး သတိလစ်သွားတာ။ ကျွန်တော် တွန်းလိုက်တော့မှ သတိရသွားတာ။ ဆိုင်ကယ်ပေါ်ခွလျက်အနော်က ရှေ့ မှာ သူက နောက်မှာလေ။ အဲဒီတော့ နောက်ကို တွန်းပြီးတော့မှ လှုပ်နိုးရတာ။
အနော်ကလည်း မဖြစ်ရင်လည်း မဖစ်ပါဘူး။ ဖြစ်ရင်လည်း အကြီးကြီးတွေကို ဖစ်တာပါဗျာ။ စိတ်ညစ်ပါတယ်။ အဲဒါနဲ့ အနော်က အလင်းကို…
“ဟဲ့ ! ဘာမှ မဖြစ်ဖူးနော်။ သိလား။ မကြောက်နဲ့ နော်။ ငါရှိတယ် သိလား။ ငါ့ကို ဖက်ထားနော်” ဆိုပြီး အားပေးလိုက်ရတယ်။
သူက ဘာမှကို အရင်ကလို စကားမများတော့ပဲ… “အင်း” တစ်လုံးတည်း ထွက်လာတယ်။ အနော်ကိုတော့ သူဖက်ထားတယ်။ ပုံစံက ကြောင်တောင်တောင် ဖြစ်သွားတယ်ဗျာ။ အနော်ဆို မျက်ရည်တောင် ၀ိုင်းတယ်။ ရင်ထဲထည်း ဆို့တတ်လာတာ။ သူဒီလိုဖြစ်တာ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ တစ်ခုခုဖြစ်သွားရင်တော့ သေရချည်ရဲ့ ဗျာ။ အနော်အပေါ် အပေါ်အကောင်းဆုံး သူငယ်ချင်းပါ။ အနော်ကြောင့်တော့ ဘယ်လိုမှ အထိခိုက်မခံနိုင်ဘူးရယ်။

အဲဒီလိုတွေးတိုင်း မျက်ရည်တွေက မျက်နှာပေါ်ကို စီးကျလာတာ ပြောမနေပါနဲ့တောဗျာ။ ဆိုင်ကယ်ကလည်း မိုင်ကုန်ကို ဖြဲလာတာ။ အလင်းကလည်း ငြိမ်သက်လျက်ပါလာတယ်။ ကျွန်တော်လည်း တစ်လမ်းလုံး ငိုလာတာ။ သူတစ်ခုခု ဖြစ်ရင် ငါတော့ သေပါပြီဆိုပြီးလေ။
အဲဒါနဲ့…မြို့ ထဲ ၀င်လာတယ်။ ဈေးလေးအ၀ိုင်းကနေ ကျွန်တော်အိမ်ဘက်ကို ချိုးတော့… ရှမ်းကြီးနဲ့ ကျွန်တော်သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်က ပြန်လာကြတယ် ထင်တယ်။ ဆိုင်ကယ်တွေနဲ့ အနော်ဆိုင်ကယ်ကို မြင်တော့ လှမ်းနှုတ်ဆက်ကြတယ်။ အနော်က သူတို့ကို မမြင်ဘူး။ အိမ်ကိုပဲ အသေမောင်းနေတာ။ Speed က ဘယ်လောက်ရှိလဲဆိုတာ အနော်တောင် မသိပါဘူး။ ကျွန်တော် ဒီလိုပုံစံနဲ့ သူတို့ကို နှုတ်မဆက်ပဲ ၀ှီခေါ်အောင် မောင်းသွားတယ်ဆိုတော့…ဒီကောင်တွေက “ဟ၊ ဘာဖြစ်တာလဲဟ” ဆိုပြီ ကျွန်တော်နောက်ကို လိုက်လာကြတယ်။

ကျွန်တော် ပါးပါးအိမ်ကိုလည်း ရောက်ရော…ဆိုင်ကယ်ကို ရပ်ပြီး အလင်းကို ဆင်းခိုင်းတယ်။ သူက အူကြောင်ကြောင်လုပ်နေတယ်ဗျ။
ကျွန်တော်က ငိုသံကြီးနဲ့… “ဆင်းနော်။ အိမ်ရောက်နေပြီ” ဘာဖြစ်တယ်။ ညာဖစ်တယ်ပေါ့နော်။ သူ့ကို တွဲတင်ရတယ်။ သူက အားလုံးဝမရှိတော့ဘူးဗျ။ Shock ဖြစ်တဲ့ ပုံစံဖြစ်သွားတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေ ဆိုင်ကယ်တွေလည် ရောက်လာကြတယ်။
ပါးပါးနဲ့ မားမားကလည်း “ဟဲ့။ ငဇူး ဘာဖစ်လာတာတုန်း။ နင်တို့” အပေါ်ကနေ အလင်းကို ၀ိုင်းတွယ်တယ်။
မားမားက…
“ငါ့ သမီး၊ ဘာဖစ်လာတာတုန်း ဇူး။ ပြောလေ။ ငါသမီး ဘာဖစ်လာတာတုန်း” ဆိုပြီးမေးနေတာဗျာ။ အနော်က ဘာမှ မပြောနိုင်သေးဘူး။
အဲဒီအချိန် ရှမ်းကြီးက အနော်နားရောက်လာတာနဲ့…
“မားမား။ ဘာမှ မဖစ်ဝူး။ ရှမ်းကြီး အပေါ်ထပ်မှာ ဖျာရှိတယ်။ ဘုရားစင်အောက်မှာ ခင်းထား။ ကျန်တဲ့လူတွေ အလင်းကို ၀ိုင်းကူပြီး အပေါ်တင်။ ပါးပါး ဘာမှ မဖြစ်ဘူး။ သားနောက်မှ ရှင်းပြမယ်နော်” ဆိုပြီး စကားလုံးတွေကို တရစပ်  ပြောချလိုက်တယ်။ မားမားနဲ့ ပါးပါးကလည်း ဘာဖစ်မှန်းလည်း မသိဘူး။ ရေးကြီးသုတ်ပြာနဲ့ ၀င်လာပြီး ဒီလိုတွေပြောနေတယ်ဆိုတော့။ ပြီးတော့ အနော် အမူအယာက ထူခြားနေတယ်ဆိုတ သူတို့ သတိထားမိပါလိမ့်မယ်။ အဲဒါနဲ့ ဘာမှ မပြောပဲနဲ့ လိုက်လာတယ်။ မားမား မျက်ဝန်းမှာတော့ မျက်ရည်တွေ စို့နေတယ်။ ဟုတ်တယ်လေ။ သူ့ တဦးတည်းသော သမီး။ ဒီလိုမျိုးကြီး ဖစ်လာတယ်ဆိုတော့… အကြောင်းရင်း မသိသေးပေ့မယ်လည်း စိတ်ပူနေမှာပေါ့။

အပေါ်ထပ်လည်း ရောက်ရော..အလင်းကို ဘုရားစင်ရှေ့ မှာ လှဲချခိုင်းလိုက်တယ်။ ပြီးတော့ ရေတစ်ခွက်တောင်းပြီး ကျွန်တော် ကိုးင်္သချိုင်း သံဓါးတွေကို ထုတ်ပြီး ရေခွက်ထဲ ပစ်ချလိုက်တယ်။ ပြီးတော့… အနော် ရွတ်နေကြ “နတ်ချစ်ဂါထာ” ကို သက်စေ့ကို
ရွှတ်ပလိုက်တာ။ ပြီးတော့ အဲဒီေ၇နဲ့ အလင်း တစ်ကိုယ်လုံးကို လိုက်ဖြန်းလိုက်တယ်။ ပြီးတော့ သူ့ကို အဲဒီရေ တိုက်လိုက်တယ်။
အဲဒီတော့မှ သူက…ကျွန်တော်ကို ဒီလိုပြောတယ်။
“ဇူး… ငါအိပ်ချင်တယ်” တဲ့လေ။ ကျွန်တော်ကလည်း “အင်း” ဆိုပြီး… သူကို အိပ်ယာပေါ်မှာ လှဲပေးထားလိုက်တယ်။
ပြီးတော့ ပါးပါး စိတ်နေကြ ပုတီးကို တောင်းပြီး သူလည်ပင်းမှာပါ။ ဆွဲပေးထားလိုက်တယ်ဗျာ။ ပြီးယော။ အလင်းလည်း ချက်ခြင်း အိပ်ပျော်သွားတယ်။ အဲဒီတော့မှ ကျွန်တော်လည်း စိတ်လျှော့လိုက်ရတယ်။ ၀ူ…လူက တော်တော်ကို မောပန်းသွားတာဗျာ။ စိတ်မောမျိုးပိုဆိုးတယ်။ အခုတော့ စိတ်ချရသွားပါပြီ။

အနော်လည်း ခြေပစ်၊ လက်ပစ် ကြမ်းပြင်ပေါ်မှာ လဲချလိုက်တယ်။ အားလုံးက ၀ိုင်းမေးကြတယ်။ ခြံစောင့်အဖိုးကြီး (အပါး) တို့လည်း ရောက်လာကြတယ်။ အားလျန်လည်း ပါလာတယ်။ ပြီးတော့ မြို့ ထဲလမ်းကို ဖြတ်မောင်းလာတုန်းက အဲဒီလမ်းတစ်လျှောက်လုံးက သူငယ်ချင်းတွေချည်းပဲဆိုတော့… ဘာဖြစ်တာလဲ။ ဘာညာနဲ့ လိုက်လာကြတာနဲ့တင်။ အိမ်မှာ လူတော်တော်များသွားတယ်။
အားလုံးက အနော်ကို ၀ိုင်းမေးနေတော့…မားမားက ထ အော်ယော…
“ဟဲ့။ နင်တို့ လူလို့ နားမလည်ကြဘူးလား။ ဒီမှာ ငါ့သား ဘာဖစ်လာလဲ။ ငါတောင် မသိဘူး။ နင်တို့က တစ်မျိုး။ ခဏ အမောဖြေပါစေအုံးဟယ်” ဆိုတော့ မှ ၀ိုင်းမေးတဲ့ သူတွေ ပါးစပ်ပိတ်တော်မူတယ်။

ငါးမိနစ်လောက် အမောဖြေနေတယ်။ အနော်လေ။ အားလုံးက အနော်ကို ရုပ်ရှင် မင်းသားလိုဝိုင်းကြည့်နေကြတယ်။ ဘာဖစ်လာတာလဲ သိချင်လို့။ အဲဒီလို စိတ်လျှော့ပြီး ကျွန်တော်…လဲနေရင်းနဲ့…ကျွန်တော် သတိ တစ်ချက်တစ်ချက်။ လွတ်ချင်နေတယ်ဗျ။ အဲဒါ အဟုတ်။
ဘာဖစ်တာလဲ ဆိုတာ ကျွန်တော် စဉ်းစားနေတာ။ မျက်စိသာမှတ်ထားတာ။ အဲဒါကို တွေးနေတာလေ။ နောက်တော့မှ…
“ဟိုက်! ငါ ရေမသောက်ရသေးဘူး” ဆိုပြီး ကိုးင်္သချိုင်းသံတွေ စိန်ထားတဲ့ ရေကို အနော် အငမ်းမရသောက်ချလိုက်ရတယ်။ အဲဒိတော့မှ လူက လန်းသွားတယ်ဗျ။ လူလည်း လန်းသွားရော။ စိတ်က တိုလာရော။ အယိုးမ မျက်လှည့်ဆရာ။ မသိလို့ မှားတာကို… နှစ်ယောက်စလုံးကို ဆော်လွှတ်လိုက်တယ်။ ဟုတ်တယ်ဗျ။ အဲဒါ အစိမ်းတိုက်တယ်ခေါ်တယ်။ အလင်းကို ၀င်ပူးချင်နေတာ…အရင်ဆုံး။
ဒါပေ့မယ်…အလင်းကလည်း စိတ်မာတယ်။ ပြီးတော့…သူသတိကလည်း တစ်ချက်သိလိုက်၊ တစ်ချက်မသိလိုက်နဲ့ ဖြစ်နေတုန်းမှာ အနော်က ရေတိုက်ချလိုက်ပြီး ပုတီးပါ ပတ်ပေးလိုက်တော့… ၀င်လို့လည်း မရတော့ယော။ အနော်ဆီကို ၀င်တာ။ Target ကအနော်တို့ နှစ်ယောက်ဆိုတော့လေ။ ပြီးတော့ အနော်အမြဲဆောင်ထားတဲ့ သံကျိုးသံစတွေက ရေခွက်ထဲေ၇ာက်နေတော့ အနော်က အကာအကွယ်မဲ့သလိုဖြစ်နေတယ်။ နောက်တစ်ခုက ဒီအတိုင်းလှဲအိပ်နေပြီတာ။ ပိုးလို့ပက်လက်လေ။ သူအတွတ် အခွင့်ကောင်းဆိုပြီး
တေချင်းဆိုး တရဲက ၀င်ပူးတာ။ ဒါပေ့မယ် သတိနဲ့ ထိမ်းနေတော့ ၀င်ချင်တိုင်း ၀င်မရဘူး ဖစ်နေယော။ အဲဒီအချိန်မှာ..အနော်ကလည်း ရေထသောက်လိုက်တော့…အစိမ်းတိုက်ထားတဲ့ သရဲ ငုတ်တုတ်မေ့သွားတယ် ။

အဲဒီလိုလည်း အစီအစဉ်တကျစဉ်းစားမိယော ကျွန်တော်လည်း…အစီအစဉ်တကျ တိုက်စစ်ပြန်ဆင်ရတာပေါ့ဗျာ။ သောက်ရူးများမှတ်နေလားမသိဘူး ငဇူးကို။ အယိုးမ မျက်လှည့်ဆရာ။ အနော်တော်တော်တင်းတာ။ ဖဲ့ချင် ဒဲ့လာဖဲ့ပေါ့ဗျာ။ ဘယ်နှယ့်…ကိုယ်အချစ်ရဆုံး သူငယ်ချင်းကိုပါရောဖဲ့သွားတယ်။ ကျွန်တော်လည်း ဘာမှ မပြောနေတော့ပဲ ချက်ခြင်း ပါးပါးကို ထပြောတယ်။ ပါးပါးက စရောက်လာကတည်းက တစ်ခွန်းမှ ၀င်မပြောဘူး။ ကျွန်တော်ကိုပဲ ကြည့်နေတာ။ သူကတော့ ၇ိပ်မိနေပါပြီ။
ပြီးတော့ သူ့ သမီးအခြေအနေကောင်းသွားပြီဆိုတာလည်း သိတယ်။ ကျွန်တော် ပက်လက်ကြီး သတိလစ်လိုက်၊ ပြန်ဝင်လာလိုက်ဖစ်နေတယ်ဆိုတာကိုလည်း သိတယ်။ အဲဒီတော့ သားအဖ နှစ်ယောက်ပေါင်းကြံလိုက်ရတယ်။ ရှမ်းကြီးတို့ပါ အစစ်ပါသွားတယ်။ ဟီး ။
“ပါးပါး…အိမ်တံခါး ပိတ်လိုက်ပါ။ တစ်ယောက်မှ မထွက်စေနဲ့။ ရှမ်းကြီး အိမ်ရိုက်သံသွားယူ။ ဝေး…နင်တို့ ဒီရေကို ပွားပြီး အိမ်ထဲ နေရာလပ်မကျန် အကုန် လိုက် ပက်စမ်းဟာ။ ငါ သံရိုက်ပီးမှ ပက်” ဆိုပြီး။ လုပ်ငန်းစဉ်ကို အစီအစဉ်ဆွဲလိုက်တယ်။ အဲဒီအချိန်မှာ
ကျွန်တော် ခြံစောင့်အဖိုးကြီး(အပါး)က ၀င်လာပြီးတော့ ပြောတယ်။
“ဇူး နင် သံရိုက်လိုက်။ ငါ လုပ်မယ်။ အဲဒီဟာကို” ဆိုပြီး ထကြမ်းပါယောလာဗျား။ အပါးက ရှမ်းဆိုတော့ အဲဒီလို အတတ်ပညာတွေ နည်းနည်းပါးပါး သိတယ်ဗျာ။ အထက်လမ်းပါ။ အ

အဲဒါနဲ့ ကျွန်တော်က အိမ်တံခါးပေါက်ကို ပိတ်ပြီး ရှမ်းကြီး ယူလာပေးတဲ့ သံနှစ်ခေါင်းကို ဟိုဘက် တစ်ခု၊ ဒီဘက် တစ်ခု ရိုက်ချလိုက်တယ်။ အဲဒါတွေဘာတွေက ဂါထာ၊ မန္တုန်တွေ ရွှတ်ရတယ်ဗျာ။ အနော်ကတော့ ကိုယ်ရွှတ်နေကြ နတ်ချစ်ဂါထာကိုပဲ ရွတ်တာပါ။ ပြီးတော့  ဒီလို ဆုတောင်းလိုက်တယ်
“ ဒီနတ်ချစ်ဂါထာ အစွမ်းကြောင့် အိမ်ထဲကို ၀င်ရောက်နေသော…နာနာဘာဝအား… အပြင်သို့ ပြန်ထွက်ခွင့်အား ယာယီသဖြင့်ပိတ်ထားပေးပါရန် အိမ်စောင့်နတ်မင်းနှင့်တကွ နတ်အပေါင်းတို့ အား ပန်ကြားအပ်ပါတယ်ခင်ဗျား”  ဒီလောက်ပဲ တော်ကီလွှတ်လိုက်တယ်။ ။ အဲဒီလောက်ဆို နတ်တွေလည်း သဘောပေါက်တယ်။ အနော်ငဇူး ဘာကို အလိုချိတယ်ဆိုတာလေ။
လူတွေကလည်း အိမ်ထဲမှာ အများကြီးပဲဗျ။ ဒါပေ့မယ် တိဝူး။ တစ်ယောက်မှ ပေးမထွက်ဝူး။ သူငယ်ချင်းတွေကလည်း နေရာအနှံလိုက်ဖျန်းတာ။ ဟိုရေခွက်ထဲကေ၇နည်းနည်းကို ဇလားခွက်အကြီးကြီးတွေထဲ ရေအပြည့် ဖြည့်ပြီးလေ။  ကျန်တဲ့ သူတွေကတော့ ဘုမသိ၊ ကုန်းမသိ၊ ဟိုကြည့်၊ ဒီကြည့် ယောင်တောင် ပေါင်တောင်ပေါ့ဗျာ။

အဲဒီမှာ… ခြံစောင့်အဖိုး(အပါး) က ဖယောင်းတိုင် တစ်တိုင်ကို မီးထွန်းလိုက်တယ်။ ပြီးတော သူအကျီကို ချွတ်လိုက်တယ်။ ရင်ဘတ်မှာ စမအင်းတွေ ထွက်လာတယ်။ အဲဒီတစ်ခါပဲ သူလုပ်တာ အနော် မြင်ဖူးသေးတယ်။ အဟုတ်။ ပြီးတော့ ဆန်နည်းနည်းတောင်းတယ်။ အဲဒီဆန်ကို သူ့ပါးစပ်ထဲထည့်ပြီး ၀ါးလိုက်တယ်။ ပြီးတော့ အဲဒီဟာကို လက်ပေါ်တင်ပြီး ဖယောင်းတိုင် ရှေ့ က ကြမ်းပြင်မှာ အင်းကွက်ချတယ်။ ဆန့်မှုန့်နဲ့ အင်းပေါ့ဗျာ။ ပြီးတာနဲ့…ဖယောင်းတိုင်ဘေးမှာ အမွှေးတိုင် တစ်တိုင်ထွန်းတယ်။
“ဒီအိမ်ထဲမှာ ရှီနေတဲ့ အစိမ်း၊ အခု ထွန်းထားတဲ့ အမွှေးတိုင် တစ်ဝက်မကျိုးခင် အတွင်း။ နင်လာရင်လာ။ မလာရင်တော့ ၀ိဥာဉ်ပါချေဖျက်ပစ်ရလိမ့်မယ်နော်။ ငါလုပ်ထားတဲ့ဟာတွေကိုကြည့်ပြီး နင်သဘောပေါက်လောက်ရောပေါ့။ နင့်ကို ဘာမှ မလုပ်ဘူး။ မေးချင်တာ မေးမယ်။ မြန်းချင်တာ မြန်းမယ်။ မှဲ့ တစ်ပေါက်မစွန်းစေရဘူးလို့ ငါဂတိပေးတယ်”  ဆိုပြီး ပြောလိုက်တယ်။

အဲဒီလိုပြောပြီး ဘယ်လောက်မှ မကြာဘူး။ ထိုင်နေတဲ့ လူအုပ်အတွင်းက တစ်ယောက်က နတ်ပူးသလို လှုပ်လာတယ်။ ဘယ်သူလဲဆိုပြီး သေသေချာချာကြည့်လိုက်တော့… “မနှင်းယု”။ ပါးပါးတို့ အိမ်ဘေးက တရုတ်မ။ အလင်းသူငယ်ချင်း။ သရဲက သူ့ဝင်ပူးတာ။ သူက ပူးပြီးတာနဲ့ လှုပ်လီ၊ လှုပ်လဲ့နဲ့ အပါ့နား ရောက်သွားတယ်။ ကျန်သူတွေက ၀ိုင်းကြည့်ပေါ့ဗျာ။ အနော်ကလည်း ဒီလိုလုပ်လို့ရတာ သိတယ်။ တစ်ခါမှ မစမ်းဖူးဘူး။ ဒီတစ်ခေါက်မှ စိတ်တိုလို့ လုပ်လိုက်တာ။ အခုလိုကြီး မြင်ရတော့ ကြက်သီးတော့ ထတယ်ဗျ။ ဟီး။
အဖိုးကမေးတယ်။
“ကဲ! ပြော။ မှန်မှန်ဖြေနော်။ နင်ဘယ်သူလဲ။ ငါမြေးတွေကို ဘာလို့နှောက်ယှက်ရတာလဲ”
အဲဒီမှာ သူက ကျွန်တော်ကို လက်ညိုးထိုးပြီး…
မနှင်းယု။ ။ “အဲဒီကောင်လေးက အရင်လာနှောက်ယှက်တာ။ ဆရာက သူဘာသာသူ ကျွန်မကို သီချင်းဆိုခိုင်းနေတာ။ အဲဒါကို သူက သူပညာနဲ့ ၀င်လာတာ။ အဲဒီဟာကြောင့် ဒီလိုလုပ်ရတာ။ သူကို မကျေနပ်ဘူး။ ဟင်းဟင်း”…
ငဇူး။ ။ “ဘောပဲ”
မနှင်းယု။ ။ “ဆရာကလည်း နင့်ကို မကျေနပ်ဘူး။ အသေဆော်လိမ့်မယ်။ ဟင်းဟင်း”
ငဇူး ။  ။ “နှစ်ယောက်လုံး ဘောပဲ”

(ဒီနေရာမှာ အားလုံးကို ကျွန်တော်ရိုင်းပြခြင်းအတွတ် တောင်းပန်ပါတယ်။ တကယ်လည်း အဲဒီတုန်းက ကျွန်တော် အဲဒီလို ပြောခဲ့တယ်)
အဖိုးက သူနဲ့ ကျွန်တော်နဲ့ ပြောနေတုန်းမှ တစ်ခွန်းမှ ၀င်မပြောဘူးဗျ။ အစက သရဲမက ကျွန်တော်ကို ဖြဲခြောက်တာ အနော်က သူ့ကို လှိမ့်ဆဲနေတော့…သူ တော်တော်လန့်သွားတယ်။ ထင်တယ်။ ဘောပဲ တစ်ခါပြောရင်။ နောက်ကိုတစ်ခါ တွန့်သွားတယ်။ နှစ်ယောက်လုံးကို ပြောလိုက်တော့…၀ပ်ကျသွားတယ် ။ ဘောကြောက်တယ်ထင်ပါတယ်ဗျာ။ ကျွန်တော်လည်း သူက ဒီမှာလာပြီးဖြဲနေတော့ စိတ်မရှည်တော့တာနဲ့…. ရှမ်းကြီးဆီက သံတွေစိမ်ထားတဲ့ ရေခွက်ကို လှမ်းယူလိုက်တယ်။
အဲဒါလည်း မြင်ယောဗျာ…
မနှင်းယု။ ။ “အဟီးဟီး။ မလှုပ်ပါနဲ့ ရှင်။ တောင်းပန်ပါတယ်။ မလုပ်ပါနဲ့။ ရှီကြီးခိုးပါရဲ့ ။ အနားမယူလာပါနဲ့။ ကြောက်လွန်းလို့ပါ”
ငဇူး ။ ။ “ဘာအခုမှ ကြောက်ပြီလဲ။ ငါဒါကို တစ်လမ်းလုံးယူလာတာ။ နင်ဒီရောက်အောင်လိုက်လာပြီးမှ…ဘာတွေ လာပြောနေတာလဲ”
မနှင်းယု။ ။ “ဆရာက လိုက်သွားဆိုလို့ပါရှင်။ ကျွန်မ အသက်ကို သူပိုင်လို့ပါ။ ခိုင်းတဲ့ အတိုင်းမလုပ်ရင် သူ ဒဏ်ခတ်ပါလိမ့်မယ်”
အဖိုး။ ။ “ဒါဆို နင်က မလုပ်ချင်ပဲ လုပ်နေရတယ်ပေါ့။ ဟုတ်လား”
မနှင်းယု။ ။ “ဟုတ်ပါတယ်ရှင်။ ကျွန်မ ကျတ်ကုန်းမှာနေပါတယ်။ မိဘတွေလည်းရှီပါတယ်။ ဒီဆရာက ကျွန်တော် လက်ဖျံရိုးကို ယူထားလို့ပါ။ အဟီးဟီး။ အခု အဘပညာ ကြည့်ရတာ ဆရာထက်သာပါတယ်။ ကျွန်မကို ကယ်နိုင်ရင် ကယ်ပါ အဟီးဟီး” ဆိုပြီး ငိုပါယောလား။ အဖိုးလည်း တိုင်ပတ်သွားတယ်။
အဖိုး။ ။ “ဟဲ့ မသာမ။ ငစဉ်းလဲမ။ နင်က နင့်ဆရာနဲ့ ငါ့ကို ရန်တိုက်နေလာတား” ။
မနှင်းယု။ ။ “မဟုတ်ရပါဘူးရှင်။ တကယ်ပြောတာပါ”
အဖိုး။ ။ “အခု နင့်ဆရာ ဘယ်မှာရှိနေတုန်း”

သရဲမက ခဏလေး ငြိမ်သွားတယ်ဗျ။ မျက်စိကို မှိတ်ပြီးလေ…ပြီးတော့မှ
မနှင်းယု။ ။ “ဟို သရဲမယုံတဲ့ ကောင်လေးတွေ့သရဲ ပြဖို့
ဆိုပြီး ခေါ်သွားနေပါတယ်။ နောင်ချိုနဲ့ မေမြို့ ကြားက တောတန်းကိုပါ”


ကျွန်တော် “ဟိုက်” ခနဲ ဖြစ်သွားတယ်။ တေချမ်း။ အလင်းကို စိတ်ပူနေတာနဲ့ အဲဒီငနဲ့တွေကို သတိပေးဖို့ မေ့သွားတယ်။ အဖိုးက ကျွန်တော်ကို မော့ကြည့်တယ်။ အဲဒိတော့မှ ကျွန်တော်လည်း ပြောပြလိုက်ရတယ်။ ဟိုသရဲမယုံတဲ့ကောင်လေးတစ်စု ပြန်လှည့်သွားတယ်ဆိုတာတွေကိုယောပေါ့။ အစအဆုံး ပြောပြဖို့ဆို တော်တော်ကြာမှာလေ။ အဲဒါနဲ့ အကျွန်တော်လည်း အကျုဉ်းချုပ်ပြောပြလိုက်ရတယ်။ အားလုံးလည်း အဲဒီတော့မှ “သြ” “အင်း” တွေ ဖစ်ကုန်တယ်ဗျ။ ဒါပေ့ မယ် အဲဒီလို ပြောပြလိုက်တဲ့ အချိန်က နည်းနည်း ယူသွားတဲ့ အတွတ် သရဲမကို သိပ်မမေးလိုက်ရဘူး။ ဘာလို့လဲဆိုတော့ မနှင်းယုကို အကြာကြီး ၀င်ပူးနေရင်။
လက်ရှီလိပ်ပြာ ဒုက္ခရောက်သွားနိုင်တယ်လေ။ အဲဒါနဲ့ သရဲမကို ပြန်မောင်းထုတ်လိုက်ရတယ်။ အဖိုးက ပြောလိုက်တယ်။
“နင့်နောက်တစ်ခါ။ ဒီလိုမျိုးတွေ လုပ်ရင် နင်သေပီသာမှတ်ပေတော့။ ဟုတ်ပြီလား။ အခု နင့်လက်ဖျံ၇ိုးကို နင်ပြန်သယ်လာနိုင်ရင် နင်ကျွတ်ဖို့ လွတ်ဖို့ကို ငါကူညီပေးမယ်။ ဒီလိုမျိုးက ကူညီလို့လည်း ကောင်းတယ်။ နင့်ဆရာဆီကတော့ ငါသွားပြန်မလုနိုင်ဘူး။ အခုလည်း ဂတိပေးထားတဲ့အတိုင်း နင့်ကို မှဲ့တစ်ပေါက် မစွန်းပဲ ပြန်လွတ်တယ်။ နင်ကျွတ်ချင် လွတ်ချင်တယ်ဆိုရင် မနက်ဖြန်ည (၁) နာရီ တိတိမှာ ဒီခြံရှေ့ မှာ နင့်လက်ဖျံရိုးကို ယူလာပေး။ ငါနင့်ကို ကောင်းအောင် ဘုန်းကြီးပင့်ပြီး အမျှဝေပေးမယ်။ ဟုတ်ပြီလား။ နင့်နာမည်ပြောခဲ့”
မနှင်းယု။ ။ “ယမင်းပါရှင့်”
အဖိုး။ ။ “ဟုတ်ပီ။ သွားတော့”
  ။
အဖိုးက အဲဒီလိုမောင်ထုတ်လိုက်တော့…အနော်လည်း ခြံဝမှာရိုက်ထားတဲ့ သံတွေကို ပြန်နှုတ်ပေးလိုက်တယ်။ စိတ်ထဲကလည်း
သွားခွင့်ပြုလိုက်ပါပြီခင်ဗျားပေါ့။ နတ်တွေကို လှမ်းပြီး ကြေးနန်းရိုက်လိုက်ရတယ် ။ သရဲမလည်း ဒိုး သွားတယ်ထင်ပါတယ်။

အဲဒီအချိန်မှာ အဖိုးက ကျွန်တော်ကို
“ငဇူး။ ရှမ်းကြီး နင်တို့တွေ ဟိုကောင်လေးတွေကို သွားကယ်ချေဟ။ သေကုန်တော့မှာပဲ။ ခုခေတ်ခလေးတွေဟာလေ။ ပြောရခက်ပါဘိ။ နင်နဲ့ အလင်း သွားကြည့်တာ ကျတ်ကုန်းဟ။ မျက်လှည့်ဆရာက ကျတ်ကုန်းကဟာတွေကို ဒီလိုပဲ ခိုင်းစားနေတဲ့ မှော်ဆရာ ဖြစ်မယ်။ မြန်မြန် သွားချေ” ဆိုပြီး လွတ်တာ။ ကျွန်တော်ကတော့ ချက်ခြင်းပဲ။ သံတို။ သံစတွေကို ယူပြီး ရှုံ့ အိတ်ထဲ ပြန်ထည့်လွယ်အိတ်မှာ ပြန်လွယ်တယ်။ ပြီးတော့ ဆိုင်ကယ်ဆီကို ဒိုးတာပေါ့။ ခက်တာက ရှမ်းကြီးနဲ့ အနော် သူငယ်ချင်းတွေ။ နောက်က မလိုက်လာဘူး။ အနော်လှည့်ကြည့်တော့ အနော်နောက်မှာ တစ်ယောက်မှ ပါမလားဘူးလေ။ အနော်လည်း တစ်ယောက်တည်း မသွားရဲဘူး။ ဟီး ။
အဲဒါနဲ့…. “ဝေး။ ရှမ်းကြီး။ နင်တို့ နားကန်းနေလား။ အပါ့ပြောတာမကြားဘူးလား။ သွားမယ်လေ” ဆိုတော့…သူတို့တွေက ဘာပြန်ပြောတယ်ထင်တုန်း။
“မသာဂေါင်။ နင်က သွားရဲတာပေါ့။ နင့်မှာအဆောင်ပါတာကိုး။ ငါတို့က ဘယ်လိုသွားမှာလဲ။ ဘာမှ မပါတဲ့ဟာကိုး။ ဟင့်” ဆိုပြီး တွန့်နေတယ်။ အဲဒီတော့မှ အဖိုးက ရယ်ရယ်ပြုံးပြုံးနဲ့….
“အောင်မြတ်လေးဟဲ့။ ဗန္ဓုလသတ္တိတွေ” ဆိုပြီး အပ်ချည်ကြိုးတောင်းတယ်။ ပြီးတော့ ဂါထာမန်းပြီး သူတို့လက်မှာ ချည်ပေးလိုက်တယ်ဗျ။ အဲဒီတော့မှ ဒီကောင်တွေလည်း ရဲရဲတင်းတင်းလိုက်ရဲတော့တယ် ၊

လူကမရှီဘူးဆို… အနည်းဆုံး လေးဆယ်ကျော်တယ်ဗျ။ ဟေးဟေး။ ပျော်ချာကြီး။ ယောင်္ကျားလေးတွေချည်းပဲ သွားကြတာ။ တစ်ချို့ ဒီလိုမျိုး မြင်တွေ့ဖူးချင်တဲ့လူကြီးတွေကလည်း..လိုက်လာကြတယ်။ အဖိုးဆီက အပ်ချည်ကြိုး ယူပြီးလေ။ အများကြီးဗျာ။ အများကြီး။ အနော်က ရှေ့ ဆုံးက ပျော်လည်း တော်တော် ပျော်ဖို့ကောင်းတယ်ဗျ။ ဟီး။ ဆိုင်ကယ်မီးတွေနဲ့တင် လမ်းက ထင်းနေတာပဲ။ မျက်လှည့်ဆရာကို တွေ့လို့ကတော့ အနော်က တီးမှာ အသားကုန် မသာကြီး။ လူတွေကို ဒုက္ခလိုက်ပေးနေတယ်။
အဲဒီလိုနဲ့ လစ်လာတာ ကျွန်တော်တို့ ပွဲဈေးတွေ့တယ်ဆိုတဲ့ ကျတ်ကုန်းနားရောက်လာတယ်ဗျ။ အဲဒီမှာ ဘယ်သူမှ မတွေ့ဘူးရယ်။
အဲဒါနဲ့ ကျွန်တော်က အားလုံးကို အော်ပြောတယ်။ ကျွန်တော်တို့ ဖြစ်ခဲ့တာ ဒီနားမှာလို့။ အခုတစ်ယောက်မှ မတွေ့ဘူးခင်ဗျ။ ဆိုတော့
အသက်ခပ်ကြီးကြီးလူတစ်ယောက်က…
“ခုန ဟိုသရဲမ ပြောသွားတာက….သူတို့ကို တောတန်းလေးထဲ ခေါ်သွားတယ်လို့ ပြောသွားတယ်နော်” တဲ့။  အဲဒါမှ သေယော။ တောတန်းက အများကြီး ဘယ်တောတန်းထဲကို ခေါ်သွားမှန်း မသိတာ။ အဲဒါ လူစုခွဲပြီး ရှာကြရတယ်။ ဖြန့်ပြီးတော့ပေါ့နော်။ ဒါပေ့မယ် တစ်အုပ်စုကို ဆယ်ယောက်လောက်ရှိတယ်။ ဟီး ။ လေးငါးယောက်တောင် ဘယ်သူမှ မသွားရဲဝူး။ ဟိဟိ ။ ဒီလိုနဲ့ ကျွန်တော်တို့လည်း…ရှာရင်း၊ ရှာ၇င်းနဲ့ ဘယ်သူကို အရင်သွားတွေ့လဲသိလား။ အဲဒီသရဲမယုံထဲက တစ်ယောက်ကို သွားတွေ့တယ်ခင်ဗျ။
ခေါင်းဆောင် ကောင်လေးတော့မဟုတ်ဘူး။ အဲဒီတွေ့တဲ့ ကောင်လေးက ဘာလုပ်နေလဲဆိုတော့…သစ်ပင်တစ်ပင်အောက်မှာ ငုတ်တုတ်ထိုင်နေတယ်။ ပြီးတော့ အရှေ့ ကို လက်ညှိုးထိုးပြီး…ပါးစပ်ကလည်း တစ်ခုခုကို ရွှတ်နေတာဗျာ။ အဲဒါ အနီးအနားကို ကပ်သွားပြီး…အနော်က
“ဟေ့ရောင်၊ ဟေ့ရောင်…” ဆိုပြီး တိုးတိုးလေး ခေါ်လိုက်တယ်။ သူက ကျွန်တော်ကို လှည့်ကြည့်တယ်။ “ရှူး” ဆိုပြီး လက်နဲ့ တိုးတိုးနေဆိုတဲ့ အထာလုပ်ပြတယ်။ ပြီးတော့ ကျွန်တော်တို့ကို လှမ်းခေါ်တယ်။ လက်နဲ့ပါပဲ။ လာခဲ့ဆိုပြီးလေ။ ကျွန်တော်တို့ကလည်း “အင်း” ဆိုပြီး သူ့အနားကို သွားလိုက်တယ်ဗျာ။ သူ့ အနားရောက်တော့ ကျွန်တော်က..
“မင်း…ဘာလုပ်နေတာလဲ။ မင်းတို့ အဖွဲ့ တွေယော။ ဘယ်မှာလဲ” ဆိုတော့…။ သူက ကျွန်တော်ကို…မျက်စောင်းထိုးပြီး ရှုး ဆိုတာပဲ ထပ်လုပ်ပြတယ်။ ပြီးတော့…သူ့ရှေ့ တည့်တည့်ကို လက်ညိုးထိုးပြတယ်ဗျ။ အနော်တို့ ။ ရှမ်းကြီးတို့ကလည်း…ဘာလဲပေါ့။ လိုက်ကြည့်တာပေါ့။ ဘာမှ တော့ မတွေ့ဘူးဗျ။ မှောင်မှောင်မဲမဲကြီး ဆိုတော့ ဘာတွေ့မှာတုန်း။ အဲဒါနဲ့…ကျွန်တော်က စိတ်မရှည်တော့ဘူး။ သူရင်ဘတ်ကို ဆွဲပြီး ခါလိုက်တယ်။…ပြီးတော့….
“မင်း ဘာလုပ်နေတာလဲ။ မင်းလူတွေ ဘယ်မှာလဲလို့ မေးတာ မကြားဘူးလား။ ဟေ့ကောင်” ဆိုပြီး အော်ထည့်လိုက်တယ်။
အဲဒါတောင်ဗျာ။ ဒီကောင်က ကျွန်တော်ကို…
“အာ…ရှုး…တိုးတိုး နေပါဆိုဗျာ။ ခင်ဗျားတို့ကလည်း။ ဟိုမှာ ကြည့် ။ တွေ့လား” ဆိုပြီး လုပ်ပြတယ်။ အနော်တို့က သူပြနေတဲ့နေရာကို တစ်ခါပြန်ကြည့် ရတယ်ဗျ။ ဘာမှလည်း မမြင်ရတာနဲ့..ရှမ်းကြီးက ကျွန်တော်ကို အသာနေဆိုတဲ့ ပုံစံနဲ့ ဒီကောင်နားကပ်သွားပြီး။
“မင်းဘာပြနေတာလဲ။ ငါတို့ ဘာမှ မမြင်ရဘူးဟ” ဆိုတော့…. ဒီကောင်က ဘာပြောလဲ သိလား?
“သရဲလေဗျာ။ သရဲ။ မတွေ့ဘူးလား။ အရှင်းကြီးကို” ဆိုပြီး ထအော်ပြီး ပြောထည့်လိုက်တာဗျာ။ ခုနပဲ ဒီကောင်က ငြိမ်ငြိမ်နေဆိုလို့။ အားလုံးက ငြိမ်နေတော့…ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတာပေါ့။ အဲဒါကို ဒီကောင်က ဒီလိုမျိုးကြီး ထအော်တော့…ရှမ်းကြီးမပြောနဲ့။
အနော်တို့ တစ်အုပ်လုံး ပြေးတာ။ အနော်လည်း ပါတယ်။ ဟီး ။ အေးလေ။ သူ့ပုံစံက သရဲပူးနေသလိုလို၊ ဘာလိုလိုနဲ့။ ပြီးတော့ ညကြီး လက်ညိုးကြီး ထိုးပြီး ပြောနေတာ။ ဟင့်နော်။ ကြောက်ပါတယ်ဆိုမှ။ သိပ်တော့ ဝေးဝေး မပြေးလိုက်ပါဘူး။ လှည့်ကြည့်လိုက်တော့.. ရှမ်းကြီး မပါလာတာနဲ့။ ကျွန်တော်အားလုံးကို အော်ပြောလိုက်တယ်။
“ဝေး။ ရှမ်းကြီးရော။ ရှမ်းကြီးရော” ဆိုတော့…အားလုံးက အခုမှ ဒီကောင် မပါလာမှန်း သိတော့တယ်။ အဲဒါနဲ့ ချက်ခြင်း ဒီကောင်ကျန်ခဲ့တယ်ထင်ပြီး အဲဒီနေရာကို ပြန်သွားရှာတော့…. ဒီကောင်က ဘာလုပ်နေလဲ သိလား? ။
အဲဒီသရဲမမြင်ဘူးလို့ ပြောတဲ့ ကောင်ရဲ့ ရင်ဘတ်ကို ကိုင်ထားပြီး။ ရုပ်တည်ကြီးနဲ့ ကြည့်နေတာ။ အနော်တို့တောင် ကြောင်သွားတယ်။
အဲဒီကောင်ကလည်း တော်တော် ခေါင်းမာတယ်။ ရှမ်းကြီး ဒီလောက်သူ့ကို စားမတတ်၊ ၀ါးမတတ်ကြည့်နေတာကို သူက စပ်ဖြီးဖြီးနဲ့ ခုန သူ ကြည့်နေတဲ့ နေရာကိုပဲ လက်ညိုးထိုးပြီး… “တွေ့လား။ သရဲ အကြီးကြီးနော်။ ကြောက်စရာကြီး” ဘာညာနဲ့ လုပ်နေသေးတယ်။
အဲဒီမှာ ကျွန်တော်က ရိပ်မိသွားပြီ။ သွားပြီလို့ တစ်ယောက်တော့။ သည်းခြေပျက်သွားတယ်ထင်တယ်။ မျက်လှည့်ဆရာ ဘယ်လိုလုပ်လိုက်လဲမသိဘူး။ အဲဒါနဲ့..ရှမ်းကြီးကို…
“ရှမ်းကြီး…ဒီကောင်တော့” ဆိုပြီး စကားစရုံရှိသေးတယ်။ ရှမ်းကြီးက ကျွန်တော်ကို လက်လှမ်းပြတယ်။ သိတယ်ဆိုတဲ့ အထာပေါ့နော်။
ဒါပေ့မယ် အဲဒီကောင်ကို ကြည့်နေတဲ့ မျက်လုံးတွေကတော့ လုံးဝ ကျွန်တော်တို့ဘက်ကို လှည့်မလာဘူးနော်။
အားလုံးကလည်း သူတို့နှစ်ယောက်ကို ဓါတ်မီးနဲ့ ၀ိုင်းထိုးထားတော့ အသိသာကြီး။ အနော်တောင် ရှမ်းကြီးများ သရဲပူးနေသလား ထင်သွားတယ်။ ဒီကောင်ပုံစံက စားမတတ်၊ ၀ါးမတတ်ကြည့်နေတာကိုး။ ဟိုမှာ သရဲ ဆိုပြီး ပြနေတဲ့ ကောင်က သေးသေးလေး။ ဒီကောင်ကိုယ်လုံးနဲ့ ဗလက အကြီးကြီး။ ကင်းကောင် လူကို မထားသလိုဖစ်နေတယ် ။
အဲဒီအချိန်မှာ ရှမ်းကြီး ဘာလုပ်လိုက်လဲ သိလား?
အဲဒီ သရဲ ဟိုမှာဆိုတဲ့ အကောင်ရဲ့ ဇက်ပိုးကို အုပ်ထည့်လိုက်တာများဗျာ။
“ဖြောင်း” ခနဲ နေတာပဲ။ ဟိုကောင် ခွေပါကျသွားတယ်။
“ဘယ်မှာလဲ။ သရဲ။ ဟမ်။ ဘယ်မှာလဲ။ သရဲ။ မင်းက သရဲ သိပ်တွေ့ချင်နေတယ်ပေါ့လေ။ ဟုတ်လား။ နောက်တာလား။ မင်းက။ ငါ့ကို ဟမ်။ သောက်ကောင် …xooxoxox”  “၀ုန်း” “ဒိုင်း”  ဆိုပြီး ဆဲဆဲ ပြီးဗျင်းတာဗျာ။ မြင်တောင် မကောင်းဘူး။ ဟိုကောင်လေး နှာခေါင်းတွေ ဘာတွေက သွေးတွေ ဘာ ဖြာထွက်လာတယ်။ နောက်ဆုံးကျတော့ ကျွန်တော်တို့ ၀ိုင်းဆွဲရတယ်။ တော်ကြာ သူ့လက်ချက်နဲ့ သေသွားမှာဆိုးလို့။ အဲဒါနဲ့ ကျွန်တော်က ရှမ်းကြီးကို ဖမ်းချုပ်လိုက်ရတယ်။ ဒီကောင်ကလည်း တော်တော်သန်တယ်ဗျာ။ မနည်းချုပ်ရတယ်။ ချုပ်လို့လည်းရရော….။
“ရှမ်းကြီး။ စိတ်လျှော့ သူငယ်ချင်း။ စိတ်လျှော့ပါကွာ။ မင်းကလည်း အရင်က မင်းဒီလို မဟုတ်ပါဘူး။ ဘာဖစ်လို့ အဲဒီလိုလုပ်တုန်း” ဆိုတော့ ဒီကောင်က ကျွန်တော်ရင်ခွင်ထဲ ခေါင်းထည့်ပြီး ငိုတော့တာပဲဗျာ။
“ငဇူး။ ငါတော်တော် ၀မ်းနည်းတယ်ကွာ။ ဒီကောင်လေး ငါနဲ့ ညနေကပဲ လက်ဖက်ရည်သောက်လာတာ။ သရဲ ကြောက်တဲ့ ကိုရှမ်းကြီး။ ဘာညာဆိုပြီး နောက်သွားသေးတယ်ကွ။ အခုကြည့်ပါဦးကွာ။ ဖြစ်နေတဲ့ ပုံကို။ ငါတော်တော် စိတ်ထိခိုက်တယ်ကွာ။ ဘာတွေလဲကွာ။ ဘာတွေလဲ” ဆိုပြီး ဒီကောင် ပေါက်ကွဲတာဗျ။ အဟုတ်။ တကယ်ဆို သူပြောတာလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့တောင် ဒီလို အဖြစ်အပျက်တွေ မြင်တော့…တော်တော် စိတ်ထိခိုက်သွားပါတယ်။

အဲဒါ ရှမ်းကြီးကို ကျွန်တော်က ထိမ်းလာပြီး ကောင်လေးကို ကျန်တဲ့ သူငယ်ချင်းတွေက တွဲခေါ်လာတယ်။ ကောင်လေးက သူထိုင်နေတဲ့ အောက်မှာ အုံးမှုတ်ခွက်လေးတစ်ခုရှိတယ်ဗျ။ အဲဒါကို ဒီကောင်က ဖင်အောက်မှာ ခုထိုင်ထားတာ။ အဲဒါကို မရမက သွားပြန်ယူလာတယ်ဗျာ။ နောက်ဆုံးတော့…အရူး စိတ်ချမ်းသာပြီးယောဆိုပြီး ခွင့်ပြုလိုက်ရတယ်။ ဒီကောင်လေးက ပြောနေသေးတယ်။
“ဒါကို ဘာထင်လဲ?  သရဲမြင်ရတယ်။ သိလား။ ဟွန်း။ ကြည့်မလားသရဲ။ ဟီး” ဆိုပြီးဗျာ။ တော်တော် စိတ်မကောင်းစရာပါ။ ရှမ်းကြီးတွယ်ထားလို့ သွေးသံရဲရဲကြားထဲက သူက သောက်ခွက်ပြောင်နေသေးတယ်။ ကျွန်တော်လည်း တော်တော်လေး စိတ်ထိခိုက်သွားပါတယ်။

ဒီလိုနဲ့ အကျဉ်းချုပ်လိုက်ရရင်တော့…နောက်ဆုံး အားလုံးကို ပြန်ရှာတွေ့ခဲ့ပါတယ်။ အကုန်လုံး ရူးကုန်တာပါပဲ။ ကျန်တဲ့သူတွေက ယဉ်ယဉ်လေးတွေ ရူးကုန်တာပါ။ ခေါင်းဆောင်ကောင်လေးကတော့ သွက်သွက်ခါအောင် ရူးသွားတယ်။ ပြီးတော့ ဆေးရုံမှာ သုံးရက်ပဲ ခံပါတယ်။ ဆုံးသွားပါတယ်ခင်ဗျား။ ဒါပေ့မယ် ထူးခြားတာတစ်ခုက သူတို့တွေက ရူးနေပေ့မယ် သူတို့ တစ်ယောက်ဆီတိုင်းမှာ အုံးမှုံးခွက်လေး တစ်ခုရှိကြတယ်ဗျ။ အဲဒါကိုတော့ သူတို့က ဘယ်သူမှ မပေးပါဘူး။ သူတို့ ရတနာလို့လည်း ပြောတယ်ခင်ဗျ။
အရူးစကားကတော့ သိတဲ့အတိုင်းပေါ့ဗျာ။

အဲဒီအရူးတွေကို ပြန်ဖမ်းလာပြီးတဲ့ နောက်တစ်နေ့ည (၁) နာရီ တိတိမှာတော့… လက်ဖျံရိုး တစ်ခေါင်းကို သတ်မှတ်ထားတဲ့ နေရာမှာ တွေ့ခဲ့ပါတယ်။ မယမင်းဆိုတဲ့ နာမည်နဲ့ အလှူအတန်း လုပ်ပေးခဲ့ပါတယ်။ မြေမြှုပ်သဂြိုလ်ပေးခဲ့ကြောင်းပါ။

ထိုမှတစ်ဖန် တစ်ပတ်လောက်မှာတော့…
အမည်မသိ မုတ်ဆိတ်မွှေးနဲ့ ရှပ်အကျီလက်ရှည်အဖြူနှင့် ယောပုဆိုးဝတ်ဆင်ထားသောလူတစ်ယောက်
တောတန်းတစ်နေရာတွင် သေဆုံးနေကြောင်း။ အလောင်းမှာ ပုပ်ပွနေကြောင်း သိရှိရပါသည်ခင်ဗျား။

ပြီး၏

ဇူးဇူးမောင် FB

0 comments:

Post a Comment