
မန္တလေးမှာ ကုသမှုတွေပြုလုပ်ရင်း ထူးခြား တာလေးတစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ကလေးသိုက်ကိစ္စပါပဲ။
ရှားရှားပါးပါး ကလေးသိုက် ရယ်လို့ တစ်ခါမှမကြားဖူးခဲ့ပါဘူး။ ဒါပေမဲ့ 
မန္တလေး ရောက်ပြီး ဒုတိယနေ့မှာ ကျွန်ုပ်အစီအစဉ်အရ မဟာ မြတ်မုနိဘုရားကြီး၊ 
နောက်မန္တလေးတောင်တော် ပြီးရင်ရန်ကင်းတောင်တို့ကို
 ရောက်စနေ့မှာ မယ်တော်ကြီးစောရှင်ကွမ်း နန်း 
တည်မယ့်နေရာသွားကြည့်မယ်။ နောက်နေ့မှာ ခုနပြောတဲ့အစီအစဉ် အတိုင်းသွားပြီး 
ပွဲတွေသွားလှူ မယ်လို့ စိတ်ကကြိုရောက်ထားပြီးသားပါ
သူတို့မှ မမြင်အပ်သော မိစ္ဆာပညာနဲ့ 
တိုက်ခိုက်ခံထားရလို့ ပညာစက်တွေကို ရှင်းပေးလိုက်ရပါတယ်။ သိပ်အများကြီးလည်း
 မဟုတ်တာကြောင့် ခဏလေးနဲ့ ပြီးသွားပေမယ့် ကျန် တဲ့တစ်ယောက်ကို 
စစ်ကြည့်လိုက်တဲ့အခါ အင်္ဂါသမီးလေးက သိုက်ကလာတာလို့ သိလိုက်ရပါ တယ်။ဒါကြောင့်
 သိုက်ချုပ်ဘိုးတော်ကို ခေါ်သွင်း လိုက်တယ်။ ရောက်လာတယ်ဆိုရင်ပဲ ဘိုးတော်က 
တော်တော်စိတ်မကောင်းဖြစ်နေပ
" သူ့သိုက်နန်းကဘယ်မှာလဲ ...၊ သူက 
ဘာကိုမသိတတ်တာလဲ ပြောပါဦး ..."
" သိုက်က ရွှေစာရံမှာပါ ...၊ သူမသိတတ် တာက 
သူသိုက်နန်းနားကိုရောက်လာတယ
ကျွန်ုပ်လည်း နဘေးရှိ ကာယကံရှင်ကို မေး လိုက်ရာ 
သူမကလည်းရွှေစာရံသို့ မကြာခဏရောက် ကြောင်း ပြောပါတယ်။ 
" 
သမီးတို့ကရွှေစာရံကို တစ်ပတ်တစ်ခါ လောက်ရောက်ပါတယ် ...၊ ဒါပေမဲ့ 
ဘာမှမသိလို့ ဘာမှမလုပ်ဖြစ်တာပါ .."
" ဘာသွားလုပ်တာလဲ ..." 
ကျွန်ုပ်မေးခွန်းကိုကြားဝင်
သူမကချက်ချက် ချာချာရှိပြီး ဝင်ရောက်ပြောပြခြင်းပါ။ 
" အဲဒီမှာကလေးသိုက်ဆိုတာရှိပါ
 " ကလေးသိုက် .." 
ကျွန်ုပ်မကြားဖူးသောကြောင့်
" ဟုတ်ပါတယ်ဆရာ ...၊ ရွှေစာရံမှာ 
ကလေးသိုက်ဆိုတာရှိပါတယ် ." 
" တော်ကြီး သူတို့လာတာက ကလေးသိုက်ဖြစ်နေတာ ရယ်၊ 
သူကိုယ်တိုင်ကလည်း ဘိုးတော်တို့သိုက်က ဆိုတာ မသိထားတာရယ်ကြောင့် 
ဘာမှလုပ်မပေးဖြစ် တာကို ခွင့်လွှတ်ပေးပါ ...၊ သူနဲ့ပတ်သက်ပြီး 
ဘာတွေလိုအပ်လဲ ...၊ လိုအပ်တာတွေပြောပါ၊ အင်္ဂါသမီးက လုပ်ပေးပါလိမ့်မယ် ..." 
"
 ပွဲလှူပေးပါ .."
" ဟုတ်ကဲ့ လှူပေးပါ့မယ် ...၊ ဘုရားမှာလာ လှူရင်ရတယ်မဟုတ်လား 
.." 
" ရတယ်ကလေးသိုက်တွေ ညာဘက်နား မှာလှူပေး၊ တို့ကိုခေါ်လိုက်၊ တို့လာခဲ့မယ် 
..."
" စိတ်ချပါ လှူပေးပါ့မယ် ...၊" ထို့နောက်ကျွန်ုပ်လည်း 
အင်္ဂါသမီးသိုက်ချုပ် ကို သစ္စာဆိုခိုင်းလိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ 
ပြီးတာနဲ့ ကျွန်ုပ်စိတ်ဝင်စားနေတဲ့ ကလေးသိုက်ဆို တာကို ခေါ်လိုက်မိပါတယ်။ 
ရောက်လာကတည်းက ကျွန်ုပ်ကိုလည်း စိတ်မဝင်စားကြပါဘူး၊ 
မလှမ်းမကမ်းမှာကစားနေတဲ့ ကလေးတွေကိုလှမ်းကြည့်ပြီး တဟီးဟီးတဟားဟား 
လုပ်နေပါတယ်။
" ဘာတွေဖြစ်နေကြတာလဲ ...၊"
": ဘာမှမဟုတ်ပါဘူး ..၊ ဟိုမှာ 
သူငယ်ချင်း တွေတွေ့လို့ ..."
" ဘာသူငယ်ချင်းလဲ ..." 
" သူတို့တွေလေ၊ 
သူတို့ကကျွန်တော်တို့ သူငယ်ချင်းတွေပါ ...၊ ဒီကမမတွေလာပြီး မုန့်တွေ 
ကျွေး၊ အဝတ်တွေပေး၊ ရှီးရှီးတွေပေးပြီးလို့ သူတို့ ပြန်သွားတာနဲ့ 
ကျွန်တော်တို့ကသူတို့နဲ့လို
" သြော် ဒီလိုလား ...၊ မင်းတို့လျှောက် 
သွားနေကြတာကို သိုက်ထဲကတာဝန်ရှိသူတွေက ဘာမှမပြောဘူးလား ..."
" 
သူတို့မသိအောင်သွားတာပေါ့ .."
" အေး ဒါဆိုရင် မယ်တော်ကြီးစောမွန်လှကို 
ဒီအကြောင်းတွေပြောပြလိုက်မယ
" မပြောပါနဲ့ ...၊ မယ်တော်ကြီးသိသွားရင် ကျွန်တော်တို့နောက်ဆို 
သူငယ်ချင်းတွေ အိမ်သွား လို့မရတော့ဘူးဖြစ်နေပါ့မယ် .." 
သူတို့ဆီကိုအပါတ်စဉ်လာနေတဲ့
" အေးပါ အေးပါ 
ယူလာခဲ့ပါ့မယ် ..."" ဘော်ဒီစပရေးလို၊ ရေမွှေးလို နှိပ်ရတဲ့ ဘူး မျိုးတွေကို
 သူတို့က သိပ်ကြိုက်တာတဲ့ ...၊ ကျွန်မ တို့ကို အိပ်မက်ပေးပြီးပြောဖူးတယ် 
..."
" နေပါဦး ...၊ သူတို့ကမင်းတို့ကို အမြဲလာ ပေးနေ ...၊ ကျွေးနေတယ် ...၊ 
မင်းတို့ကရော သူတို့ကို ဘာတွေပြန်လုပ်ပေးလဲ ..."" 
မမတို့စိတ်ချမ်းသာအောင်လုပ်
 ရွှေစာရံဘုရားပရဝဏ်ထဲမှာ ကလေး သိုက်ဆိုတာရှိပြီး သူတို့ကို 
မုန့်တွေ၊ ရေမွှေးနဲ့ ကစား စရာတွေပေးရင် ကိုယ့်အိမ်ကကလေးတွေနဲ့ ကိုယ့် 
မိသားစု စိတ်ချမ်းသာအောင် စောင့်ရှောက်ပေးတတ် ကြောင်း 
အသိပေးလိုက်ခြင်းဖြစ်ပါတယ်။
Credit to-စိန္တာမယ ဆရာပိုင်(မနောမယ)
Post by:မောင်မိုးတိမ်
သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း
 






 
 
 
 
 
0 comments:
Post a Comment