Thursday, February 13, 2014

တစ်ယောက်တည်း selfie ရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေစေဖို့ သိထားရမယ့် အချက် ၉ချက်


ခုဆိုရင် ကင်မရာတွေမှာ ပါဝင်လာတဲ့ front ကင်မရာတွေကြောင့်ရော၊ Facebook လို လူမှုကွန် ယက်တွေမှာ ကိုယ့်ပုံကိုယ် ဓာတ်ပုံရိုက်၊ upload လုပ်တာမျိုးတွေ ခေတ်စားလာကြတာမျိုးတွေကြောင့်ပါ selfie ဓာတ်ပုံရိုက်တော့မယ်ဆို ဘာတွေလိုအပ်တယ်ဆိုတဲ့အချက်တွေ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီအချက်လေးတွေသုံးပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် selfie ရိုက်တာတောင် အမိုက်စားဖြစ်နေမှာမို့ ခုလို ဖော်ပြပေးလိုက်တယ်နော်။

၁။နောက်ခံ ဘက်ဂရောင်း ရှင်းလင်းနေပါစေ။


ကိုယ့်အခန်းထဲမှာပဲ ရိုက်ရိုက်၊ outdoor မှာပဲ ရိုက်ရိုက် ကိုယ့်နောက်ခံဘက်ဂရောင်းက ရှင်းလေ ကိုယ့်အတွက် ကောင်းလေပါပဲ။

၂။နှုတ်ခမ်းတစ်စုံဟာ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။


Selfie ရိုက်တော့မယ်ဆိုရင် နှုတ်ခမ်းအနေအထားကို အရင်နဲ့ မတူညီအောင် ပြောင်းလဲပြီး ပို့စ်ပေးသင့်ပါတယ်။ ဖြစ်နိုင်တယ်ဆိုရင် နှုတ်ခမ်းနီဆိုးပြီး ရိုက်ဖို့လည်း ၀န်မလေးပါနဲ့။

၃။ဓာတ်ပုံကို တတ်နိုင်သလောက် အလျားလိုက်တွေသာ ရိုက်ပါ။


ဒေါင်လိုက်ရိုက်တာမျိုးထက် selfie ရိုက်တော့မယ်ဆိုရင် အလျားလိုက် ရိုက်တာမျိုးက ပိုအဆင်ပြေပါလိမ့်မယ်။

၎။ဘယ်ဘက်အခြမ်းက ပိုကြည့်ကောင်းသလဲ ရွေးပါ။


တစ်ချို့မျက်နှာကျတွေက ဘယ်ဘက်အခြမ်းက ပိုလှပေမယ့်၊ တစ်ချို့ကျတော့လည်း ညာဘက်အခြမ်းက ပိုကြည့်ကောင်းနေတတ်တာမို့ ကိုယ့်မျက်နှာက ဘယ်ဘက်အခြမ်းနဲ့ ပိုကြည့်ကောင်းသလဲ ရွေးချယ်လိုက်ပါ။

၅။ကိုယ့်မျက်နှာပေါ် အလင်းကျမယ့် နေရာရွေးပါ။


ကိုယ်က အလင်းရောင်ကို ကျောခိုင်းပြီး ပို့စ်မပေးမိစေဖို့ သတိကြီးကြီးထားလိုက်ပါ။

၆။လက်တွေကို ခန္ဓာကိုယ်နဲ့ ဝေးရာမှာထားပါ။


ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးပြီဆိုတာနဲ့ လက်ကို ခပ်မြင့်မြင့်လေးမြှောက်ပြီး ရိုက်ဖို့လိုပါတယ်။

၇။Edit လုပ်ဖို့ ၀န်မလေးပါနဲ့။


ကိုယ့်ဘာသာကိုယ်ပြန်ရိုက်တဲ့ selfie ပုံတွေက များသောအားဖြင့် edit လုပ်ဖို့လိုပါတယ်။ ကိုယ်သုံးနေကျ app တစ်ခုခုကို သုံးပြီး edit လုပ်ဖို့ ၀န်မလေးပါနဲ့။

၈။အရမ်းကပ်နေတဲ့ ဆံပင်သားမျိုးဆို နည်းနည်းဖွပေးဖို့ လိုပါတယ်။


ကိုယ့်ဆံပင်က ဖြောင့်ပြီး ကပ်နေတာမျိုး၊ တောင့်တောင့်ကြီးဖြစ်နေတာမျိုးဆိုရင် ဓာတ်ပုံမရိုက်ခင် နည်းနည်းလက်လေးနဲ့ ထိုးဖွပြီး ပွယောင်းယောင်းလေးဖြစ်အောင် ပြင်ဆင်ပေးဖို့ လိုပါတယ်။

၉။တစ်ခါရိုက်ရင် အနည်းဆုံး ၁၀ပုံလောက် ရိုက်ထားပါ။


ပျိုမေတော်တော်များများကတော့ တစ်ခါရိုက်ရင် တစ်ပုံ၊ နှစ်ပုံတည်းနဲ့ မတင်းတိမ်တတ်ကြပါဘူး။ ခပ်များများ ရိုက်ထားလေ၊ ကိုယ့်အတွက် ဘယ်ပုံလှမလဲ ရွေးချယ်ရကောင်းလေမို့ တစ်ခါရိုက်ရင် အများကြီးသာ ရိုက်ထားပါ။ ပြီးမှ ပြန်ဖျက်လည်း ရတာပဲလေ။

Ref:luckymag.com
Trend Myanmar. 

0 comments:

Post a Comment