Tuesday, February 11, 2014

ဆံကေသာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်

ဆံပင်တွေ နက်မှောင်ဖို့ ၊ သန်စွမ်းဖို့ ၊ ထူထဲပြီးတောက်ပနေစေဖို့အတွက် လျှို့ဝှက်ချက်ဆိုတာ ဈေးကြီးတဲ့ ခေါင်းလျှော်ရည်တွေနဲ့ နာမည်ကြီး ဗြူးတီးဆလွန်းတွေရဲ့ ကုသပေးမှုတွေ မဟုတ်ပါဘူး။ လျှို့ဝှက်ချက်က သင့်ရဲ့ အစားအသောက် ပုံစံပါပဲ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အမျိုးမျိုးသော အစားအစာတွေကသာ ဆံကေသာအတွက် ကုစားမှုအစစ်အမှန်ပါ။
          အခုဖော်ပြပေးမယ့် အာဟာရတွေကို အသုံးချပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။
(၁)     Iron and Zinc
          Iron နဲ့ Zinc တို့က သင့်ဦးခေါင်းအရေပြားမှာရှိတဲ့ မွှေးညှင်းပေါက်လေးတွေကို ကြီးထွားစေပါတယ်။ ဒါအတွက်ကတော့ အနီရောင်ရဲရဲ အသားတွေကို စားပေးပါ။ အသားတွေက အဟာရဓါတ်လည်း ပြည့်ဝတဲ့ အတွက် တစ်ပါတ်ကို နှစ်ကြိမ်လောက်တော့ စားပေးသင့်ပါတယ်။
(၂)     Vitamin D
          လေ့လာတွေ့ရှိချက် အများကြီးအပြီးမှာ ဗီတာမင်ဒီဟာ သင့်ရဲ့ဆံပင်ကို သန်စွမ်းစေပါတယ်တဲ့။ ဒါပေမယ့် ဗီတာမင်ဒီဆိုတာ လှည့်ကွက်များတဲ့ ဓါတ်ပါ။ သဘာဝအစားအစာတွေမှာ အနည်းငယ်သာ ပါဝင်တတ်ပြီး နေရောင်ခြည်ထဲမှာ မိနစ်အနည်းငယ်လောက် ထိုင်ရုံနဲ့လည်း ရတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ UV ray တွေရှိတာကြောင့် ဒီနည်းလမ်းကို ကန့်ကွက်ပါတယ်။ ဒီတော့ အကောင်းဆုံးက ဗီတာမင်ဒီ ပါဝင်တဲ့ အားဆေးတွေ သောက်သုံးဖို့ပါပဲ။
(၃)     Protein
          ပရိုတိန်းဆိုတဲ့ အသားဓါတ်ကတော့ ဘ၀တစ်ခုတည်ဆောက်ရာမှာ အုတ်ချပ်တွေလို အရေးပါတဲ့ အရာပါပဲ။ ဆဲလ်တွေကြီးထွားဖို့ အားပေးနိုင်ပြီး ဆဲအသစ်တွေ ပြန်လည်မွေးဖွားပေးပါတယ်။ ဆံပင်ရဲ့ ခံနိုင်အားကိုလည်း ပြန်လည်တည်ဆောက်ပေးပါတယ်။ အမျိုးသမီးတွေအနေနဲ့ အနည်းဆုံး တစ်ရက်ကို ၄၆ ဂရမ်လောက် စားပေးသင့်ပါတယ်။ ကြက်သား (၃)အောင်စ စားသုံးရင် ၂၃ ဂရမ်ရနိုင်ပါတယ်။
(၄)     Omega-3 Fatty Acids
          အဆီဓါတ်များတဲ့ငါး(ဥပမာ-ဆယ်လ်မွန်)လို ငါးမျိုးကို တစ်ပါတ်နှစ်ကြိမ် စားပေးခြင်းက ဆံပင်ကို ရေဓါတ် ပြည့်ဝစေပါတယ်။ ပိုးသားလို နူးညံ့ဖို့အတွက်တော့ အိုမီဂါ-၃ အက်ဆစ်ဓါတ်တွေက သော့ချက်ဖြစ်ပြီး နှလုံးကိုလည်း အထောက်အကူပေးပါတယ်။
(၅)     Biotin
         ကြက်ဥတွေဟာ ဗီတာမင် ဘီ ဓါတ်ကြွယ်ဝပြီး ဆံကေသာ သန်စွမ်းဖို့အတွက်တော့ မရှိမဖြစ်လိုအပ်ပါတယ်။ ပြီးတော့ ပရိုတိန်း ၊ ကလိုရင်း နဲ့ ဗီတာမင် ဒီ စတာတွေရဲ့ အရင်းအမြစ်ဆိုလည်း မမှားပါဘူး။
ဒီအစားအစာတွေကို သင့်ရဲ့နေ့စဉ် အစားအသောက်စာရင်းမှာ အလှည့်ကျ ထည့်သွင်းပေးသွားမယ် ဆိုရင်တော့ ဘယ်ခေါင်းလျှော်ရည် ၊ ဘယ်ဗြူးတီးဆလွန်းမှ မလိုတော့ပါဘူး။ သင့်ဆံပင်တွေ သန်စွမ်းမယ့် အခွင့်အရေးက သင့်လက်တကမ်းမှာပါ။
Trend Myanmar. 

0 comments:

Post a Comment