ကျွန်မတို့မိန်းကလေးတွေဟာအသက်၂၅နှစ်ကိုကျော်လာပြီဆိုရင်ကိုယ်ခန္ဓာမှာမလိုအပ်တဲ့အဆီတွေဟာဟိုနေရာဒီနေရာကနေတိုးထွက်လာဖို့ပြင်ဆင်နေကြပါတယ်..ဒီနေရာမှာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်တဲ့သူတွေရှိသလိုမတတ်နိုင်သူတွေလည်းရှိကြပါတယ်..ဒါပေမယ့်အဘယ်မိန်းကလေးမဆိုအဝလွန်တဲ့သူမဖြစ်ချင်ကြပါဘူး..သွယ်သွယ်လျလျနဲ့ပေါ့ပေါ့ပါးပါးလှလှပပပုံလေးပဲဖြစ်ချင်ကြမယ်ဆိုတာသံသယဖြစ်စရာရှိမယ်မထင်ပါဘူး..
ပြီးတော့အမျိုးအမီးအများစုဟာယခုခေတ်မှာထင်ရှားလာတဲ့Gymဆိုတာကိုလည်းမသွားနိုင်ကြသလိုအချိန်ပေးဖို့လည်းခက်ကြပါတယ်..ပြီးတော့နှလုံးရောဂါ..ဆီးချိုရောဂါ..အစရှိတဲ့လူကိုဝစေတတ်တဲ့ရောဂါကိုရရှိထားတဲ့အမျိုးအမီးတွေအတွက်လည်းသင့်လျော်မယ်လို့ယူဆရတဲ့နည်းလမ်းကလေးတွေကိုရှာဖွေကြည့်ကြရမယ်လေ…
ကျွန်မဟာလွန်ခဲ့တဲ့၆လ၇လလောက်ကစပြီးကိုယ်ခန္ဓာအလေးချိန်ဟာတရိတ်ရိတ်တိုးလာပါတယ်..နောင်ဆုံးမှာ၇၃ကီလိုရှိလာတဲ့အထိဝအစ်ဖောင်းကားလာပြီးရှိတဲ့အဝတ်အစားတွေလည်းမတော်တော့တဲ့အဆင့်ကိုရောက်ခဲ့ပါတယ်..လေ့ကျင့်ခန်းလည်းပြင်းပြင်းထန်ထန်မလုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမလုပ်ပဲကိုယ်အလေးချိန်လျော့ကစေနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေခဲ့ပါတယ်..နောက်ဆုံးမှာတော့ယခုကျွန်မပြောပြမယ့်နည်းလမ်းကောင်းကလေးတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်..အခုတော့ကျွန်မတစ်လအတွင်းမှာ၇ကီလိုဂရမ်အထိကိုယ်အလေးချိန်ကိုလျော့ချနိုင်ခဲ့ပါတယ်..
ကျွန်မရဲ့ကိုယ်တွေ့ဖြစ်တဲ့နည်းလမ်းကလေးတွေကိုကျွန်မလိုပဲလှချင်ပချင်သွယ်လျချင်သူတွေအတွက်မျှဝေပေးချင်ပါတယ်

ကဲဒါဆိုအလွယ်ကူဆုံးဆိုတဲ့နည်းကလေးကနေစကြည့်ကြရအောင်…
ပထမဆုံးမိမိကိုယ်ကိုမိမိအဝလွန်နေသူလား..အဝလွန်ဖို့စနေပြီလားဆိုတာတွက်ကြည့်ကြမယ်.. BMI (Body Mass Index)ကိုတွက်ကြည့်ကြမယ်..
ကိုယ်အလေးချိန်(ပေါင်) x 703
အရပ်အမြင့်(လက်မ x လက်မ)
18.5 or less
|
Underweight
|
18.5 to 24.99
|
Normal Weight
|
25 to 29.99
|
Overweight
|
30 to 34.99
|
Obesity (Class 1)
|
35 to 39.99
|
Obesity (Class 2)
|
40 or greater
|
Morbid Obesity
|
ဥပမာတွက်ကြည့်ကြမယ်..အရပ် ၅ပေ၅လက်မ..ကိုယ်အလေးချိန် ၁၄၅ ပေါင် ရှိတဲ့သူဆိုပါစို့
၁၄၅ပေါင် x ၇၀၃ = ၂၃.၎
၆၅လက်မ x ၆၅လက်မ
ဒါဆိုရင်
သူဟာအဝလွန်တဲ့သူမဟုတ်သေးဘူး..ဒါပေမယ့်ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ပဲနေမယ်ဆိုရင်
သူဟာမကြာခင်မှာအဝလွန်တဲ့သူဖြစ်လာနိုင်တယ်..
ဒီအတွက်အလွယ်ကူဆုံးနည်းလမ်းကလေးကနေစကြည့်လိုက်ကြရအောင် …
၁။ မနက်အိပ်ရာထလာခဲ့တဲ့အခါရေကျက်အေးတစ်ခွက်ကိုသောက်မယ်
ကိုယ်လက်သန့်စင်ပြီးရင် ရေသောက်ပြီး ၁နာရီနောက်ပိုင်းမှာ မနက်စာစားမယ်
မနက်စာမှာအာဟာရပြည့်ဝဖို့လိုတာကြောင့်မိမိနှစ်သက်ရာကိုစားနိုင်ပေမယ့်
အနည်းဆုံးအမျှင်ဓါတ်လေးလည်းပါသင့်ပါတယ်.အဆီ တွေအနှစ်တွေပါတာကိုတော့ မစားသင့်ပါဘူး..မြန်မာတွေအနေနဲ့ဆိုရင်တော့မုန့်ဟင်းခါးတစ်ပွဲ( အကြော်မပါ ) ဆိုရင်ရပါပြီ..
ဖြစ်နိုင်မယ်ဆိုရင်တော့ငှက်ပျောအူလေးများများထည့်စားနိုင်ရင်တော့ပိုကောင်းတာပေါ့..

၂။ နေ့လည်စာ မှာတော့ အရွက်သုတ်တစ်ပွဲ၊ ထမင်းပုံမှန်တစ်ပန်းပန်၊
ဆီမပါတဲ့အရည်သောက်တစ်ပန်ကန်နဲ့အသား(သို့မဟုတ်) ငါးတစ်တုံး
၃။ ညနေပိုင်းမုန့်စားတတ်ရင်တော့ သင်္ဘောသီးသုတ်လိုမုန်လာဥသုတ်လိုအသုတ်
တစ်မျိုးမျိုးကိုမြေပဲမထည့်ပဲသုတ်စားလို့ရပါတယ်
၎။ ညနေစာ(သို့မဟုတ်)ညစာမှာတော့ထမင်းနဲ့အသားငါးမပါတာတွေကိုစားသင့်ပါ
တယ်..အနက်ရောင်မှိုခြောက်ကိုသုတ်တာဖြစ်စေ..ကန်စွန်းရွက်သုတ်မျိုးဖြစ်စေ
နဲ့အကြည်ရောင်ဟင်းရည်ကိုသောက်သုံးနိုင်ပါတယ်
ဒီလိုမျိုးကို၇ရက်လောက်စားကျင့်ရလာတဲ့အခါမှာလူလည်းအနည်းငယ်ပေါ့ပေါ့ပါးပါးဖြစ်လာပြီးနောက်တစ်ဆင့်ကိုထပ်လှမ်းလို့ရလာပါပြီ ..
0 comments:
Post a Comment