Monday, February 17, 2014

တစ်ထောင့် ည

Photo: တစ်ထောင့် ည
______________

ဒီနေ့ဟာ ကိုတင်ပု အဖေ သေဆုံးသွားခဲ့တာ ခုနှစ်ရက်မြောက်သွားခဲ့ပါပြီး ဒါကြောင့်လဲ မောင်ဆန်းဟာ သူ့သူငယ်ချင်းလိုလဲဖြစ် ညီအစ်ကိုလိုလည်းဖြစ်နေတဲ့ ကိုတင်ပုတို့ မသာအိမ်ကို မနက်ဖြန်ရက်လည်ဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီဖို့အတွက် ထွက်လာခဲ့ပါတယ် အချိန်အားဖြင့်ဆို နေဝင်မှောင်ရီပျိုးစ အချိန်လေးဖြစ်နေတယ် ဒါနဲ့ မောင်ဆန်း လမ်းလျောက်ထွက်ခဲ့တယ် ပါးစပ်ကလည်း ဆေးပေါ့လိပ်ကြီးခဲလို့ မီးခိုးတထောင်ထောင်ထလို့   ဒီလိုနဲ့ ပုံမှန်ခြေလှမ်းလေးနဲ့ ထွက်လာခဲ့ရင်း ရုတ်တရက် အုပ်ဆိုင်နေတဲ့ သစ်ပင်ကြီး အရောက် တရှပ်ရှပ်နဲ့ အသံကို မောင်ဆန်းသတိပြုမိလိုက်တယ် လူငယ်တစ်ယောက်ဖြစ်တဲ့ မောင်ဆန်းဟာ မိုက်ရူးရဲ သရဲတစ္ဆေဆိုတာ မကြောက်ဆိုတာမှ လုံးဝမကြောက်တတ်တဲ့သူတစ်ယောက် 
မောင်ဆန်း သတိပြုမိလိုက်တဲ့ တရှပ်ရှပ်သတိပြုလိုက်မိပေမယ့် ဂရုမစိုက်ပုံစံနဲ့ ဆက်ပြီး  လျောက်လှမ်းသွားတယ်   ခဏအကြာ မှောင်ရိပ်ထဲက စူးရှထက်လွင်တဲ့အသံတစ်ထွက်ပေါ်လာတယ် 

လူးလေး ဦးကို မီးခြစ်ခဏလောက်ငှားပါလား 

ဒါနဲ့မောင်ဆန်းဟာ ခြေလှမ်းတွေတုံ့ဆိုင်သွားတယ် ဘယ်သူလဲ မေးဖို့ထက် မီးခြစ်ကို အိတ်ကပ်ထဲက ထုတ်ပြီး လှမ်းပေးလိုက်ပေးမယ့် လူရိပ်မတွေ့ရတာကြောင့် မီးခြစ်ကို တောက်ခနဲ တစ်ချက် ခြစ်လိုက်တယ် မီးခြစ်ကတစ်ချက်မီးပွင့်လာတဲ့ တစ်ချက်ကို အားပြုပြီး မီးခြစ်ငှားပါဆိုတဲ့ အသံပိုင်ရှင်ရှာနေမိတယ် တွေ့ပါပြီး မှောင်ရိပ်ထဲမှာ ဝါးဖိုးဝါး ဖတ်တဲ့နဲ့ ပြုလုပ်ထားတဲ့ ခမောက်ပြန့်တစ်ခုကို ဆောင်ထားတဲ့သူကို မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်လိုက်ရပေမယ့် ပုံစံက တော့ တစ်ယောက်ယောက်နဲ့ တူတဲ့ပုံစံကို မောင်ဆန်း သတိပြုမိလိုက်တယ် ဘာဘဲဖြစ်ဖြစ်လေ ဆိုပြီး မီးခြစ်ကို လှမ်းပေးလိုက်တယ် အသံပိုင်ရှင်ဟာ မီးခြစ်ကို လှမ်းယူလိုက်တယ် အသံပိုင်ရှင်ရဲ့လက်ဟာ မောင်ဆန်းလက်ကို ထိမိလိုက်တယ် ဆိုရင်ပဲ အေးစက်စက် အသားရေ အထိတွေ့ကြောင့် ပုံမှန်မဟုတ်မှန်အသားရေအထိတွေ့ကို ထိတွေ့မှုခံလိုက်ရတဲ့ မောင်ဆန်းဟာ သူ့လိုလို တုံးတိုက်တိုက် ကျားကိုက်ကိုက် သူတစ်ယောက်တောင် ကျောပြင်မှာ ကြက်သီးမွှေးညှင်းက ဖြန်းကနဲ တစ်ချက်ထသွားတယ် အချိန်အားဖြင့် ညခုနှစ်နားရီခွဲနေပီး ခပ်သုတ်သုတ်ပဲ မောင်ဆန်းဟာ အဲ့သစ်ပင်အောက်ကနေ လှည့်ထွက်လာခဲ့တယ် 

 ဒီလိုနဲ့ ကိုတင်ပုအိမ်ရောက်လာတော့ ဖဲဝိုင်းတွေနဲ့ ပွတ်လောရိုက်လို့ ဟိုနား တစ်ဝိုင်း ဒီနားတစ်စုနဲ့ မောင်ဆန်းဟာ လူအုပ်ကြာထဲကနေ ကိုတင်ပုကို ရှာနေမိတယ် ဒါနဲ့ အိပ်ပေါ်ကိုမောင်ဆန်းတက်သွားတော့ လူကြီးတွေနဲ့ စကားလက်ခံပြောနေတဲ့ ကိုတင်ပုကိုတွေ့လိုက်တော့ မျက်ရိပ်မျက်နှာကဲနဲ့လှမ်းခေါ်လိုက်တယ် ကိုတင်ပုဟာ စကားလက်ဖွဲ့ကို အစသတ်ပြီးမောင်ဆန်းဆီကို ထထွက်လာတယ် နှစ်ယောက်သာ တီတိုးတီတိုးနဲ့ စကားပြောရင်း ကိုတင်ပုက 

ညီနောက်ဖေးမှာ မနက်ကျွေးမယ့် ဟင်းအိုးတွေကို တစ်ချက်မီးစောင့်ပေးကွာ

ဟုတ်ခဲ့အကို 

နောက်ဖေးဘက်ကို လှည့်ထွက်လာစဉ်ပဲ အိမ်ရှေ့ဘက်ကို ရိပ်ခနဲ လူတစ်ယောက် ဖြတ်သွားလိုက်တာ မောင်ဆန်းတွေ့လိုက်တယ် ဘာမှ မဟုတ်ဘူးလို့ပဲ မောင်ဆန်းတွေပြီး ဟင်းအိုးကိုသာ ဂရုစိုက် မီးထိုးနေမိတယ် အချိန်အားဖြင့် ည ၁၁ နာရီ ကျော်နေပြီး ဖဲဝိုင်းက လူငယ်တစ်ဦး အရက်နဲ့ အမြည်းလုပ်ဖို့ မောင်ဆန်းဆီကို ဟင်းနည်းနည်း လာတောင်းနေတယ် 

အကို ဟင်းနည်းည်းလောက် ခက်ပေးပါလား အမြည်ပြတ်သွားလို့တဲ့ မောင်ဆန်းက အေးအေး ဆိုပြီး ဟင်းအိုးထဲ ဟင်းခွက်နဲ့ ခက်ထည့်ပြီး ပုကန်လုံးထဲ ထည့်ပေးလိုက်တယ် 

သေချာကိုင်သွားနော် ပူတယ် 

ဟင်းခွက်က ပူနေတဲ့အခါ ဆိုတော့ မှောက်ကျသွားမှာစိုးရိမ်တဲ့အတွက် လှမ်းမှာနေရခြင်းဖြစ်ပါတယ် လူငယ်လေးဟာ ဟင်းခွက်ကို ကိုင်ပြီး အိမ်ရှေ့ပြန်ထွက်သွားတယ် ခဏကြာတော့ လူငယ် ပြာပြာသဲသဲ မောင်ဆန်းဆီပြန်ရောက်လာတယ် နဖူးမှာလည်း ချွေးတွေပြန်လို့ မောင်ဆန်းသတိပြုလိုက်တယ် အဲ့တာနဲ့ ချွေးပြန်နေတဲ့လူငယ်ကို မေးလိုက်တယ် 

ဘာဖြစ်တာလဲကွ 

ဟို ဟို လေ --- 

ဘာ ဟို ဟို တွေ ဖြစ်နေတာလည်း 

ခုနက အစ်ကို ပေးလိုက်တဲ့ ဟင်းခွက်ကို လူကြီးတစ်ယောက် လာလုစားလို့ပါ 

ဒါများအဆန်းလုပ်လို့ကွာ ငါ့ဆီလွှတ်လိုက်ပေါ့ ဘယ်သူလဲ 

မျက်နှာတော့ မသဲကွဲဘူးဗျ ကျောပါစိမ့်သွားတယ် မူးနေတဲ့ အရက်တောင် ဘယ်ပျောက်သွားမှန် မသိဘူးဗျာ 

အင်းးမောင်ဆန်းတွေဝေသွားတယ် ဘယ်သူပါလိမ့်ဆိုပြီး နောက်တစ်ခါ ကြောက်နေရှာတဲ့ လူငယ်ကို ဟင်း ထက်ထက်ဖြည့်ပေးလိုက်ပြီး သူကိုယ်တိုင်ပဲ အိမ်ရှေ့ကို လိုက်ပို့ပေးလိုက်တယ် လူငယ်ကြောက်နေရှာတာ အပြစ်ပြောလို့မရဘူးလေ ရောက်နေတာက အသုဘ အိမ်ဖြစ်နေတော့ မောင်ဆန်း ဘာမှ ပြောမနေဘဲ နေလိုက်တာ ဖြစ်ပါတယ် အချိန်အားဖြင့် ည ၁၂ နာရီ ထိုးလို့ ခွဲတောင် ခွဲတော့မယ် မောင်ဆန်း ဗိုက်ဆာလာတယ် ဒါနဲ့ ကိုတင်ပု တို့ မီးဖိုးခန်းထဲ ဝင်သွားတယ် ထူးဆန်း တာ မီးဖိုးခန်းထဲ ဘယ်သူမှ မရှိပဲ ပုကန်သံတွေက ထွက်နေတာ မောင်ဆန်းအံ့အြ နေတာ ကြက်သီးမွှေးညှင်းတောင် ထလာပြီး ခုနက လူငယ်ကလည်း သူ့ဆီ ဟင်းလာလု စားတဲ့ လူတစ်ယောက်ရှိတယ် ပြောတယ် ဆက်စပ်တွေးနေရင် သတိပြန်ဝင်လာတော့ ခုနက အသံပျောက်သွားတယ် မချိရဲစိတ်တွေကတော့ မောင်ဆန်းဆီဝင်နေပြီး ထမင်းစားဖို့သာ ပြင်ဆင်လိုက်မယ်လုပ်လိုက်စဉ်ပဲ ကိုတင်ပု ရောက်လာတယ် သူ့ဆီကို 

ညီထည့်စားနော် အားမနားနဲ့ မင်းအိမ်လို သဘောထား ကွာ 

ကိုတင်ပု တစ်ခုမေးစရာ ရှိလို့ ကိုတင်ပု အဖေက ဘယ်လိုဆုံးသွားခဲ့တာလည်း ကျနော်မသိသေးလို့ 

ဘေးနားအသင့်ချထားတဲ့ ရေးနွေးခွက်ကို တစ်မော့သောက်ချလိုက်တယ် ပြီတော့ ထုံးစံအတိုင်း ကိုတင်ပု ဆေးပေါလိပ်ကိုခဲရင်းကနေ ဒီလိုကွ 

ငါ့အဖေက သစ်ခုတ်ဖို့ဆိုပြီး တောင်ပေါ်အသွား အမှားအယွင်းတွေကြောင့် သူပြန်လာမှာ ရောဂါမသိပဲ ဆုံးသွားခဲ့တာ ပြီးတော့ ငါ့အဖေက အမြဲ ဝါးခမောက်ကို ဆောင်ပြီး ဆေးလိပ်ကတော့ အမြဲသူ့မှာ မပြတ်ဘူးကွ အဲ့တာကြောင့် မြေချတုန်းက ခမောက်နဲ့ ဆေးလိပ်ကျု ငါလည့်ပေးခဲ့တာ ပေါ့ 

ဟာာာ ---- 

မောင်ဆန်းဘာဖြစ်တာလဲ 

ဘာမှမဟုတ်ပါဘူးအကို 

အေးဒါဆို ငါ အိမ်ရှေ့ခဏထွက်သွားလိုက်ဦးမယ်ကွာ ညီ 

အင်းးးအစ်ကို 

မောင်းဆန်း အတွေးတွေကို ဆက်စပ်ပြီး တွေးနေမိတယ် သစ်ပင်အောက်က အသံပိုင်ရှင်ရယ် လူငယ်တစ်ယောက်ဆီက ဟင်းလုစားတဲ့သူရယ် ပြီးတော့ မီးဖို ထဲက ပုကန်အသံတွေက တွေးရင်းတွေးရင်းကနေ မောင်ဆန်းတစ်ကိုယ်လုံး တဖျန်းဖျန်းနဲ့ ကြက်သီးမွှေးညှင်းတွေကလည်း ထလို့ 
ဒီလိုညမျိုးကတော့ သူ့အတွက်မမေ့နိုင်စရာ ညမျိုးသာ --------------- 

အားပေးမှုကို အထူကျေးဇူးတင်လျက် 
ကြိုးစားပါဦးမည် 

               ဒိုင်ယာရီ

ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

0 comments:

Post a Comment