အလုပ်က ပြန်လာချိန်တွေမှာ ပြုတ်ကျနေတဲ့ မျက်လုံးတွေနဲ့ 
ဒယီးဒယိုင်ကိုယ်နေဟန်ထားနဲ့ ရှုပ်ပွနေတဲ့ ဆံပင်ပုံစံနဲ့ 
ပြန်လာတဲ့သင့်ပုံစံကို မြင်ယောင်ကြည့်လို့ရပါတယ်။ ဒီအချိန် 
ရေခဲသေတ္တာဖွင့်ပြီး ထုတ်မိတဲ့အရာက Red Bull တစ်ဗူးပဲဖြစ်မှာပေါ့။ ဒီလို 
အားဖြည့်အချိုရည်တွေက ကျွန်ုပ်တို့ကို ရုတ်တရက် အားပြည့်သွားသလို 
ဖြစ်စေတာတော့မှန်ပါတယ်။ ဒါပေမယ့် ဒီခွန်အားက အတုအယောင်သာဖြစ်ပြီး 
တကယ့်ခွန်အားအစစ် မဟုတ်တဲ့အတွက် တာရှည်မခံပါဘူး။
           ဒီတော့ တချက်ပြန်ကြည့်ရမှာ သောက်သုံးပြီးနောက် ဘယ်လိုအကျိုးဆက်တွေ 
ဖြစ်လာမလဲ ဆိုတာကိုပေါ့။ အခုဖော်ပြပေးမယ့် အကြောင်းအရာတွေက သင်ဘာကြောင့် 
ခွန်အားဖြည့်အချိုရည်တွေကို ရှောင်ကျဉ်သင့်သလဲ ဆိုတာ ပြောပြပေးပါလိမ့်မယ်။
(၁)     ကဖင်းဓါတ် အပေါ် မှီခိုသူ ဖြစ်လာရခြင်း
         
 ခွန်အားဖြည့်အချိုရည် (energy drink ) တွေရဲ့ အဓိက ပါဝင်ပစ္စည်းက 
ကဖင်းပါပဲ။ ပြီးတော့ အားလုံးသိတဲ့အတိုင်း ကဖင်းက စွဲတတ်ပါတယ်။ လက်ဖက်ရည်တွေ
 ၊ ကော်ဖီတွေ ကြိုက်နှစ်သက်သူ တစ်ယောက်မဟုတ်သော်လည်း 
အားဖြည့်အချိုရည်တွေကို တစွတ်စွတ်သောက်နေတတ်သူ တစ်ယောက်ဆိုရင်တော့ 
ဒီကဖင်းဓါတ်တွေအပေါ်မှာ မှီခိုနေရပါလိမ့်မယ်။ ဒီလို ကဖင်းကို 
လိုအပ်တဲ့ပမာဏထက် ပိုသုံးစွဲမိနေပြီဆိုရင်တော့ အကျိုးဆက်က 
ကြောက်လန့်ဖွယ်နဲ့ မလိုလားတဲ့ အရာတွေပဲ ဖြစ်လာနိုင်ပါတယ်။
(၂)     အိပ်ချိန်တွေ ဆုံးရှုံးရခြင်း
         
 သင့်ရဲ့အလုပ်တွေကို ပိုပြီးမြန်မြန် ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တာ 
မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ခန္ဓာကိုယ်အတွက် ပြန်တွက်ကြည့်တော့ သင့်ရဲ့ 
အိပ်ချိန်တွေကို အနှောင့်အယှက်ပေးပြီး insomnia လို့ခေါ်တဲ့ 
အိပ်မပျော်နိုင်ခြင်း ရောဂါ စွဲကပ်လာစေပါတယ်။
(၃)     စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ခြင်း
         
 ရုပ်ပိုင်းဆိုင်ရာတွေပဲ ထိခိုက်စေတာလားဆိုတော့ မဟုတ်ပါဘူး။ 
စွမ်းအားပြည့်အချိုရည်က သင့်ကို စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါသေးတယ်။ 
သောက်သုံးပြီးခါစ အချိန်မှာတော့ သင်ဟာ ကောင်းကင်ကို ပျံတက်ချင်လောက်အောင် 
စိတ်ဆန္ဒတွေ ဖျတ်လတ်တက်ကြွနေပြီး ခံစားရတာ ကောင်းမွန်လန်းဆန်း နေပါလိမ့်မယ်။
 အဆုံးသတ်ရလဒ်ကတော့ အာနိဿင်ကုန်သွားတဲ့အခါ သင်ဟာ မကြည်မလင်နဲ့ စိတ်ဓါတ်ကျ 
ကျန်နေခဲ့ရပါလိမ့်မယ်။ ဆိုခဲ့တဲ့ အတာင်တဖျတ်ဖျတ် စိတ်တက်ကြွမှုတွေက သင့်ကို 
မလိုအပ်ဘဲ အားအင် ကုန်ခမ်းစေခဲ့တာသာ အဖတ်တင်ပါလိမ့်မယ်။
(၄)     မလိုအပ်ဘဲ သကြားဓါတ်များပြားနေရခြင်း
         
 ခန္ဓာကိုယ်မှာ သွေးတွင်းသကြားဓါတ်နည်းရင်မကောင်းသလို 
များရင်လည်းမကောင်းပါဘူး။ ခွန်အားဖြည့် အချိုရည်တွေက သကြားဓါတ်ပါဝင်မှု ပမာဏ
 အတော်လေးမြင့်မားတာကြောင့် အလွန်တကူပဲ ခန္ဓာကိုယ်အတွင်း 
သကြားဓါတ်မြင့်မားနေပါလိမ့်မယ်။ ဒီတော့ ရလဒ်အနေနဲ့ ရေဓါတ်ခမ်းခြောက်ပြီး 
ဝိတ်ကျဖို့ ကြိုးစားနေသူများကို အနှောင့်အယှက်ပေးပါတယ်။
          
ခွန်အားဖြည့်အချိုရည်တွေကို ပြန်လည်လန်းဆန်းဖို့ သုံးစွဲလိုသူတွေအတွက် 
သတိပြုဆင်ခြင်စရာ ဖြစ်ပါတယ်။ စွဲမသောက်ဖြစ်အောင် ဂရုတစိုက် 
ဆင်ခြင်ရမှာဖြစ်ပြီး သင့်အတွက် အကျိုးအမြတ် မဖြစ်ထွန်းတာမျိုးလည်း 
ရှိနေနိုင်တာကို သတိရဖို့လိုပါတယ်။
Ref:mensxp.com
Trend Myanmar
 






 
 
 
 
 
0 comments:
Post a Comment