Monday, September 1, 2014

ဆိုစီဒက်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် ပရိသတ်များကိုရီးယဲလ်နည်းပြ အန်စလော့တီ တောင်းပန်

လာလီဂါဒုတိယမြောက်ပွဲစဉ်တွင် ဆိုစီဒက်အသင်းကို ၄-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသည့်အတွက် ရီးယဲလ်နည်းပြ အန်စလော့တီကအသင်းပရိသတ်များကို တောင်းပန် သွားခဲ့သည်။



ရီးယဲလ်အသင်းသည် ထိုပွဲစဉ်တွင် ရာမို့စ်၊ ဂါရတ်ဘေးလ်တို့၏ဂိုးများဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ၄-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ထိုကဲ့သို့ရှုံး နိမ့်ခဲ့ရသည့်အတွက်အသင်း၏စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ကို နည်းပြ အန်စလော့တီက စိတ်ပျက်လျက်ရှိသည်။“ဒီလိုရှုံးနိမ့်ခဲ့ရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို လုံးဝ သဘောမကျပါဘူး။တစ်ခါတစ်ရံမှာ အသင်းရဲ့ ကစားပုံဆိုးရွားတာကို လက်ခံပါတယ်။ ဒါပေမယ့် ၂-၀ ဂိုး နဲ့ ဦးဆောင်နေပြီးချိန်မှာ ဒီပွဲကို အဆုံးသတ်ဖို့ အကောင်းဆုံးစိတ်ဓာတ်ကို ပြသသင့်ပါတယ်။ ဒီအရှုံးအတွက် ကျွန်တော့်မှာ အပြည့်အ၀တာဝန်ရှိပါတယ်။ တစ်ခု ခုကိုတော့ အပြောင်းအလဲ ပြုလုပ်ရတော့မှာပါ။ ကျွန်တော်တကယ်ကို တောင်းပန်ပါတယ်။ အသင်းရဲ့ ဒီလိုကစားပုံကို လုံးဝ မကြိုက်ပါဘူး။ဒီအခြေအနေကို အြ မန် ဆုံး ပြောင်းလဲပစ်ရပါ လိမ့်မယ်” ဟု အန်စလော့တီကပြောသည်။



ထို့နောက် ဆက်လက်ပြီး ၎င်းက “ဒီအရှုံးကို လက်ခံနိုင်ဖို့ မလွယ်ပါဘူး။ပထမပိုင်း မိနစ် သုံးဆယ်လောက်ကိုတော့ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်ပထမ ပိုင်းအပြီးမှာတော့ ကစားပုံက အလွန်ဆိုးရွားသွားခဲ့ပါတယ်။ ဒီပွဲမှာခံစစ်ပိုင်းက ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲကစားပွဲအခြေအနေက ပြောင်း လဲသွားခဲ့တာပါ။ အခြေအနေအားလုံးကို ဟန်ချက်ညီအောင်ကျွန်တော်တို့ မထိန်းနိုင်ခဲ့ပါဘူး။ ဒါက ကစားသမားတစ်ဦးတစ်ယောက်ရဲ့ပြဿနာကြောင့် မဟုတ် ပါဘူး။ တစ်သင်းလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာပါ” ဟုပြောသည်။

ယခုကဲ့သို့ ဆိုးရွားသည့် ခံစစ်ကစားပုံနှင့် ရှုံးနိမ့်ခဲ့ရသော်လည်း အသင်း၏အပြောင်းအရွှေ့အစီအစဉ်များကို ပြောင်းလဲစေလိမ့် မည် မဟုတ်ဟုအန်စလော့တီက
ပြောသည်။ “ဒီပွဲမှာ အသင်းရဲ့ ကစားပုံနဲ့စိတ်ဓာတ်နှစ်ခုစလုံးမကောင်းခဲ့ပါဘူး။ အလွန်ဆိုနဲ့ ဒီမာရီယာရှိနေလည်း ဒါကပြောင်းလဲမှာ မဟုတ်ပါဘူး။ ကစားသ မားသစ်တွေကတော့ အထိုင်ကျဖို့အချိန်လိုအပ်ပါတယ်။ ကစားသမားသစ်တိုင်း အခက်အခဲရှိကြတာပါပဲ။ဒီအရှုံးကြောင့် အသင်းရဲ့အပြောင်း အရွှေ့ ပေါ်လစီ ကပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်နဲ့အာရုံစူးစိုက်မှုကို ပြောင်းရမှာပါ” ဟု အန်စလော့တီက ပြောသည်။

Ref: goal

mizzimaburmese

0 comments:

Post a Comment