Monday, September 1, 2014

သမ္မတ၏ တတိယအကြိမ် ဥရောပခရီးစဉ်စတင်

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရသည့် သမ္မတ (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)

နိုင်ငံတော်သမ္မတ ဦး သိန်းစိန်၏ တတိယမြောက် ဥရောပချစ်ကြည်ရေးခရီးစဉ်အဖြစ် ဂျာ မနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံများသို့ စက်တင်ဘာ ၁ ရက် တွင် ထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါခရီးစဉ်သို့ နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ဦးခင်မောင်စိုး၊ ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဦးသန်း ဆွေတို့လိုက်ပါခဲ့ကြသည်။နိုင်ငံတော်သမ္မတဦးသိန်း စိန်သည် နော်ဝေး၊ ဖင်လန်၊ သြစ တြီးယား၊ ဘယ်လ်ဂျီယံနှင့် အီ တလီနိုင်ငံအစရှိသည့် ဥရောပငါး နိုင်ငံသို့ ၂၀၁၃ ဖေဖော်ဝါရီအ တွင်းကလည်းကောင်း၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသို့ ၂၀၁၃ ဇူလိုင်လ အတွင်းကလည်းကောင်း ချစ် ကြည်ရေးခရီးများ သွားရောက်ခဲ့ ပြီးဖြစ်သည်။

ယခုခရီးစဉ်အတွင်း ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံ အစိုးရအကြီးအကဲများ၊ အဖွဲ့အ စည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ခရီးစဉ်အသေးစိတ်ကို မပြော နိုင်သေးကြောင်း သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူဦးရဲထွဋ်က သြ ဂုတ်၂၉ ရက်တွင် ပြောကြားသည်။

ဂျာမနီနိုင်ငံသည် ဘိန်းအ စားထိုးသီးနှံစိုက်ပျိုးရေးအတွက် မြန်မာနိုင်ငံသို့ ငွေကြေးနှင့်နည်းပညာအကူအညီများပေးအပ်နေသည့် နိုင်ငံလည်းဖြစ်သည်။ ထို့အပြင် ယခုသွားရောက်မည့် နိုင်ငံသုံးနိုင်ငံလုံးမှာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများလှူဒါန်းထားသည့် နိုင်ငံများလည်းဖြစ်သည်။

ဥရောပသမဂ္ဂ(EU) သည် မြန်မာနိုင်ငံအား အထူးကုန်သွယ် မှုကင်းလွတ်ခွင့်ပေးခဲ့ပြီး ပိတ်ဆို့ မှုများကိုလည်း အမေရိကန်ထက် ဆောလျင်စွာ ရုပ်သိမ်းပေးထား သည်။ ထို့အပြင် EU သံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားခဲ့ပြီး စီးပွားရေးဆိုင်ရာအကူအညီများ နှင့် ကျေးလက်ဒေသအကူအညီ များကို မြန်မာအတွက် ပိုမိုပေး အပ်လိုကြောင်း အီးယူနိုင်ငံခြား ရေးမူဝါဒအကြီးအကဲ ကက်သ ရင်းအက်ရှတန်ကပြောကြားခဲ့ သည်။

မြန်မာနိုင်ငံက နိုင်ငံတကာ အကူအညီဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရရှိမည့်အထဲတွင် ဥရောပသမဂ္ဂထံမှ ယူရိုသန်း ၃၇၀ ကျော်ရရှိထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းကပြောကြားထားသည်။

7Day Daily

0 comments:

Post a Comment