Wednesday, December 3, 2014

ပိုလန်ရောက် အလှမယ်ဟန်သီ အင်တာနက်မဲ အများဆုံးရနေ



သရဖူပြန်လည်သိမ်းယူ သည့်ကိစ္စကြောင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်သော အလှမယ်များကို ပရိသတ် စိတ်ဝင်စားမှုနည်းလာသော်လည်း Miss Supranational ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နေသော အလှမယ်ဟန်သီမှာ လက်ရှိအချိန်အထိ အင်တာနက်မဲအများဆုံးရရှိနေသည်။‘‘မဲပေးတာတွေနည်းသွား တာက ရှေ့မှာ အလှမယ်တွေကို သရဖူသိမ်းတဲ့ကိစ္စကြောင့် ပရိ သတ်ကနားလည်မှုလွဲပြီး စိတ်ဝင် စားမှုနည်းသွားတာပါ။ ဒါပေမဲ့ ဟန်သီကတော့ ပြည်တွင်းမှာ လည်း ပရိသတ်တွေရှိသလို ပိုလန် မှာလည်း မြန်မာပရိသတ်တွေတင် မဟုတ်ဘဲ နိုင်ငံတကာပရိသတ် တွေကပါ စိတ်ဝင်စားကြတာ ကြောင့် ခုလိုမဲအများဆုံးရနေတာ ပါ’’ဟု Miss Golden Land Myanmar ၏ အမှုဆောင်အရာရှိချုပ် ကိုဝေယံအောင်ကပြောသည်။

အင်တာနက်မဲပေးခြင်းကို နိုဝင်ဘာ ၂၉ရက်တွင် တရားဝင် စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်အထိ ဟန်သီက မဲအရေအ တွက် အများဆုံးဖြင့်ရပ်တည်နေ ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင်ဝတ်ဆင်သည့် ဟန်သီ၏ National Costume သည် နိုင်ငံတကာအလှမယ်အဖွဲ့ အစည်းများကရွေးချယ်ပေးသော အလှဆုံးဝတ်စုံစာရင်းတွင် ပါဝင် နေပြီး စိတ်ဝင်စားမှုများပြား ကြောင်း ကိုဝေယံအောင်ကပြော သည်။ ‘‘တချို့က အဲဒီဝတ်စုံကို ပြဲ နေတယ်လို့ထင်ကြတာ။ ၀တ်စုံ က အရင်ကတည်းက အဲဒီအတိုင်း ပါ။ အခု အဲဒီဝတ်စုံက နိုင်ငံတကာ အလှမယ်အဖွဲ့အစည်းတွေက ရွေးချယ်ထားတဲ့ စာရင်းတွေမှာ လည်း ဦးဆောင်နေပါတယ်။ ဆုရ၊ မရကတော ဖိုင်နယ်နေ့မှ သိရမှာပါ’’ဟု ကိုဝေယံအောင်က ပြောသည်။

Miss Supranational ပြိုင်ပွဲ ကို ဒီဇင်ဘာ ၅ရက်တွင် ပြုလုပ် မည်ဖြစ်ပြီး အင်တာနက်မဲအရေ အတွက် အများဆုံးဆုရရှိပါက Miss Internet ဆုရရှိမည်ဖြစ်ကာ နောက်ဆုံးပြိုင်ပွဲကြီး၏ ဆန်ခါတင် ၂၀ဦးစာရင်း၌ အလိုအ လျောက်ပါဝင်မည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment