ချစ်ရတဲ့သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချရတာ၊ စိတ်ပိုင်းဖြတ်ရတာ မလွယ်ကူတဲ့အရာပါ။ ဒါပေမယ့် မဖြစ်မနေ ဆုံးဖြတ်ဖို့ လိုအပ်လာတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ ရေရှည်မှာ ကိုယ့်အတွက် အကျိုးမရှိတဲ့အပြင် နစ်မွန်းသွားမယ်ဆိုတာ သေချာနေတဲ့ အချစ်ရေးကို လက်လွှတ်လိုက်ရတာဟာ ခုချိန်မှာ နာကျင်ကောင်းနာကျင်ရမှာ ဖြစ်ပေမယ့် နောင်အခါတွေ ကိုယ့်ဘ၀ကောင်းဖို့အတွက်ပဲဆိုတာ လက်ခံလိုက်ပါ။ ဒီတော့ လမ်းခွဲရင်ကောင်းမလား၊ ဆက်သွားရမလား စဉ်းစားရခက်နေရင် ဒီအချက်တွေကို အရင်ဖတ်ကြည့်လိုက်ပါ။ ဒီအချက်တွေနဲ့ညိနေရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။၁။ကိုယ့်ကိုနှိပ်စက်တာအခါခါ၊ လူကြားသူကြား အနိုင်ကျင့်တာအခါခါ ဆိုရင်
ဒါက ထင်ရှားတဲ့ အချက်တစ်ချက်ပါ။ လူကြားသူကြားထဲမှာ အော်ငေါက်တယ်၊ ရိုက်နှက်တာမျိုးတွေ ရှိဖူးတယ်။ သူ့ကြောင့် အရှက်ရတာလည်း မနည်းတော့ဘူး ဆိုရင် လမ်းခွဲဖို့သာ စဉ်းစားပါ။
၂။ကိုယ့်ရှေ့ရေးကိုတွေးလိုက်တိုင်းေ၀၀ါးနေခဲ့ပြီဆိုရင်
သူ့ကြောင့် ဘာမှမလုပ်ချင်၊ မကိုင်ချင် စိတ်ဓာတ်တွေ ကျနေရတာများတယ်၊ ပူလောင်နေရတာလည်း များတယ်။ ပြသနာတက်တိုင်းလည်း ကိုယ်ကချည်း အပြစ်တင်ခံရတယ်၊ နာကျင်နေရတာများတယ်ဆိုရင်တော့ ရေရှည်အတွက် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချမှတ်ဖို့ လိုလာပါပြီ။
၃။ပေးထားတဲ့ ကတိကို အကြိမ်ကြိမ် ချိုးဖောက်ဖူးတယ်ဆိုရင်
ကိုယ့်ကို ပေးဖူးတဲ့ ကတိသေးသေးလေးကအစ အကြီးကြီးအထိကို အားလုံးနီးပါး ဖောက်ဖျက်ခဲ့တယ်။ ဒါကို ပြန်တောင်းပန်လိုက်၊ ကိုယ်ကလက်ခံလိုက်နဲ့ ဇာတ်လမ်းဆက်နေရပေမယ့် ကိုယ့်စိတ်ထဲမှာ သူ့ကို စိတ်နာလာခဲ့ပြီဆိုရင်လည်း ဒီအချစ်ရေးဟာ အဆင်ပြေဖို့ ခဲယဉ်းသွားပါပြီ။
၎။ပျော်ရွှင်ရတဲ့အချိန်ထက် နာကျင်နေရတာများနေပြီဆိုရင်
နေ့တိုင်းနီးပါး ရန်ဖြစ်နေရတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်လိုများ ရေရှည်အတွက် ကောင်းပါ့မလဲ။ ပျော်စရာတွေထက် တစ်ယောက်နဲ့တစ်ယောက် နာကျင်အောင် ပြောဆိုနေတဲ့စကားတွေကြောင့် ၀မ်းနည်းနေရတတ်တယ်။ ဒါလည်း သင့်အတွက် မကောင်းတာတော့ အမှန်ပါပဲ။
၅။ယုံကြည်မှုတွေ ပျက်သုန်းခဲ့တာကြာပြီဆိုရင်
သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့ ယုံကြည်မှုတွေဟာ တစ်စတစ်စနဲ့ နည်းပါးစပြုလာပြီ။ သူပြောလိုက်တိုင်း ဟုတ်ပါ့မလား၊ ငါ့ကို ညာနေတာလားဆိုပြီး အမြဲတမ်းဝေခွဲနေရတယ်ဆိုရင်လည်း သင့်အတွက် ပင်ပန်းလွန်းနေတဲ့ ဆက်ဆံရေးမို့လို့ လက်လွှတ်လိုက်တာ အကောင်းဆုံးပါပဲလို့။
Ref:yourtango.com
Tuesday, January 13, 2015
သင့်ချစ်သူနဲ့ လမ်းခွဲဖို့ အသင့်တော်ဆုံး အကြောင်းအချက် (၅) ချက်
မေသော်
Trend Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment